Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Wonder Woman 2” ရုပ်ရှင်မှာ မင်းသမီး Emma Stone ဗီလိန်အဖြစ် ပါဝင်လာမလား

$
0
0

“Wonder Woman 2” ရုပ်ရှင်မှာ Cheetah ဆိုတဲ့ ဇာတ်ကောင်က ဗီလိန်ဖြစ်လာတော့မှာလားဆိုပြီး That Hashtag Show မီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ၂၀၁၇ ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ DC ကုမ္ပဏီရဲ့ စူပါဟီးရိုးရုပ်ရှင် Wonder Woman အတွက် စူပါဗီလိန်ကို ရွေးချယ်လိုက်ပြီလို့လည်း သိရပါတယ်။

“Patty Jenkins, Geoff Johns နဲ့ Dave Callahan” တို့ ရေးသားထားတဲ့ “Wonder Woman” နောက်ဆက်တွဲရုပ်ရှင် ဇာတ်ညွှန်းမှာ Cheetah ဇာတ်ကောင်ကို အဓိကဇာတ်ဆောင် ဒိုင်ယာနာရဲ့ ဗီလိန်အဖြစ် ရွေးချယ်ထားတယ်လို့ သိရပါတယ်။

“William Moulton Marston” ဖန်တီးထားတဲ့ Cheetah ဇာတ်ကောင်ဟာ သူ့ကို မိတ်ဆက်လိုက်ချိန်ကတည်းက မတူတဲ့ ပုံစံ ၄ မျိုး ရှိခဲ့ပါတယ်။ ရွှေရောင်နဲ့ ငွေရောင် Cheetah နာမည်က Priscilla Rich ၊ ကြေးရောင် Cheetah နာမည်က Deborah Domaine နဲ့ တတိယမြောက် အခုလက်ရှိ DC ရဲ့ မူရင်းကာတွန်းတွေမှာ သုံးစွဲ နေတဲ့ Cheetah နာမည်ကတော့ Barbara Ann Minerva ပဲ ဖြစ်ပါတယ်။ ပြီးတော့ Cheetah အထီးဗားရှင်းကိုတော့ ၂၀၀၁ ခုနှစ်မှာ Sebastian Ballesteros အမည်နဲ့ ပွဲထုတ်ခဲ့ပါသေးတယ်။

အခုရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမှုမှာ လက်ရှိ Cheetah ဖြစ်တဲ့ “Barbara Ann Minerva” ကို အခြေခံ ထားပါတယ်။ သတင်းအရင်းအမြစ်တွေရဲ့အဆိုအရ Warner Bros. Pictures ရုပ်ရှင်ထုတ်လုပ်ရေး ကတော့ Marvel ကာတွန်း ဇာတ်ကောင် Gwen Stacy အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Emma Stone ကို ထည့်သွင်းရိုက်ကူးဖို့ စဉ်းစားနေတယ်လို့ ဆိုပေမယ့် Sony ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “The Amazing Spider-Man” နဲ့ နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို မင်းသမီး Emma က ငြင်းပယ်ခဲ့ဖူးပါတယ်။

စစ်အေးခေတ်ကာလ ၁၉၈၀ ခုနှစ် ပြည့်လွန်နှစ်တွေမှာ အခြေခံဇာတ်အိမ်တည်မယ်လို့ဆိုတဲ့ “Wonder Woman 2” ရုပ်ရှင်ကို လန်ဒန်မြို့မှာ မေလ ၂၈ ရက်နေ့ကစလို့ စတင်ရိုက်ကူးတော့မှာ ဖြစ်ပြီး ဒါရိုက်တာ Jenkins ကိုယ်တိုင် ဒါရိုက်တာအဖြစ် ပြန်လည်ရိုက်ကူးမှာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ Wonder Woman အဖြစ် မင်းသမီး Gal Gadot က ပြန်လည်ပါဝင်လာမှာဖြစ်ပြီး သူနဲ့အတူ သရုပ်ဆောင်တွေဖြစ်တဲ့ Chris Pine, Said Taghmaoui နဲ့ Ewen Bremner တို့ကလည်း အားဖြည့်ပါဝင်ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၇၀ ခုနှစ် ပြည့်လွန်နှစ်တွေတုန်းက မူရင်း “Wonder Woman” ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ Lynda Carter က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ အခုရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ် လို့ ဆိုပါတယ်။ Deborah နဲ့ Zack Snyder တို့က ထုတ်လုပ်သူ အဖြစ် တာဝန်ယူမယ်လို့ သိရပါတယ်။
Ref ; aceshowbiz

The post “Wonder Woman 2” ရုပ်ရှင်မှာ မင်းသမီး Emma Stone ဗီလိန်အဖြစ် ပါဝင်လာမလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...