Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိမနေဘူး။ ဒါကြောင့် အမေတွေကို ဖန်ဆင်းခဲ့တယ်”ဆိုတဲ့ Mom (2017)

$
0
0

ဒီတပတ်မှာတော့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကမှ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ ကမ္ဘာကျော် ဘောလိဝုဒ် မင်းသမီး Sridevi (ဆရီဒေဝီ) ပါဝင်သရုပ်ဆောင်ထားတဲ့ “Mom” ဆိုတဲ့ ဇာတ်ကားကို ညွှန်းပေးချင်ပါတယ်။ ဘောလိဝုဒ် ပရိသတ်တွေ မင်းသမီး Sridevi ကို အလွမ်းပြေ ပြန်လည် ကြည့်ရှုခံစားနိုင်အောင်လို့ပါ။

IMDB rating (7.3) ရရှိထားပြီး Sridevi ရဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် ကြည့်ရှုသူတွေကိုပါ မျက်ရည်ဝဲစေတဲ့ အထိပါပဲ။ ဇာတ်လမ်းကတော့ ဒီလိုပါ။ Devaki ဆိုတဲ့ကျောင်းဆရာမ တယောက်ဟာ သူမ ခင်ပွန်းနဲ့ သမီးနှစ်ယောက်နဲ့ အတူ  ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေသူပါ။

သူမရဲ့သမီးနှစ်ယောက်မှာ သမီးအကြီးဖြစ်သူ Arya ဟာ ခင်ပွန်းဘက်ကပါတဲ့ လင်ပါသမီး ဖြစ်ပါတယ်။ Devaki ဟာ Arya ရဲ့ မိထွေးဆိုပေမယ့် Arya ကို သမီးအရင်းလို သဘောထားပြီး ချစ်ခင်မြတ်နိုးသူ တယောက်ပါ။ ဒါပေမယ့် Arya ကတော့ သူမရဲ့ မိခင်အရင်းနေရာမှာ တခြားတယောက်ကို အစားမထိုးနိုင်တဲ့ သဘောအရ Devaki ကို မိထွေးအမြင်နဲ့သာ မကြည်မလင် ဆက်ဆံခဲ့ပါတယ်။

တနေ့မှာတော့ Arya ဟာ “ချစ်သူများနေ့” ပါတီကအပြန်မှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံရပြီး လမ်းဘေးမှာ ပစ်ထားခံခဲ့ ရပါတယ်။ အမှုအတွက် တရားခံတွေကို ဖမ်းမိပေမယ့် သက်သေတွေကို ဖျက်စီးခဲ့တဲ့အတွက် ဥပဒေအရ အပြစ်ပေးလို့ မရဘဲ ပြန်လွှတ်ပေးလိုက်ရပါတယ်။ သမီးအတွက် ဖြစ်သင့်တဲ့ တရားမျှတမှုကို လိုချင်တဲ့ Devaki တယောက် (အမေတယောက် နေရာကနေ) တရားခံတွေကို သူ့သမီး Arya ခံစားခဲ့ရတဲ့အတိုင်း ပြန်ကလဲ့စားချေဖို့ သူမကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး အစီအစဉ်တကျ ဆွဲကာ တရားခံတဦးချင်းစီကို လိုက်လံ ကလဲ့စား ချေပါတော့တယ်။

ဒီဇာတ်ကားဟာ သဲထည်ရင်ဖို လက်စားချေတဲ့ ဇာတ်ကားဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ထွက်ရှိခဲ့တာပါ။ အဆိုပါ “Mom” ဇာတ်ကားကို ရုပ်ရှင်ဝေဖန်ရေးသမားတွေကပါ အကောင်းမြင်ဆန်စွာ ချီးမွမ်းရေးသားခဲ့ကြပြီး ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဘောလိဝုဒ် ရုပ်ရှင်ကားတွေမှာ “အကောင်းဆုံး ဇာတ်ကားတကား” မလို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်ကား ကောင်းတကား အနေနဲ့ ညွှန်းဆိုလိုက်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – မင်းသမီး Sridevi (ဆရီဒေဝီ) မှာ မတော်တဆ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒူဘိုင်းရဲတပ်ဖွဲ့ဆို

Ref ; rottentomatoes.com

The post “ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိမနေဘူး။ ဒါကြောင့် အမေတွေကို ဖန်ဆင်းခဲ့တယ်”ဆိုတဲ့ Mom (2017) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...