Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘာသာစကား ပညာပေးနဲ့ ပတ်သက်ပြီး ကြည့်သင့်တဲ့ ရုပ်ရှင် “English Vinglish”

$
0
0

ဒီတခေါက် ညွှန်းပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ကွယ်လွန်သူ ဘောလိဝုဒ် မင်းသမီးကြီး Sridevi (ဆရီဒေဝီ) ရုပ်ရှင်လောကနဲ့ အဆက်အသွယ်ပြတ်ပြီး ၁၅ နှစ်အကြာမှ ပြန်လည် ရိုက်ကူးတဲ့ “English Vinglish” ရုပ်ရှင်ပါ။ ဒီဇာတ်ကားက မင်းသမီး Sridevi အသက်ရှိစဉ်အခါက နာမည်ကျော်ကြားခဲ့တဲ့ ဇာတ်ကားတကားဖြစ်သလို အခုထိတိုင်အောင် ပရိသတ်တွေ နှစ်သက်နေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။

ဘောလိဝုဒ် ဇာတ်ကား ပရိသတ်တွေအတွက် မင်းသမီး ဆရီဒေဝီ အလွမ်းပြေ ကြည့်ရှုနိုင်အောင် ဒီဇာတ်ကားကို ပြန်လည် ညွှန်းပေးလိုက်ပါတယ်။ English Vinglish ဇာတ်ကားကို အိန္ဒိယ အမျိုးသမီး ဒါရိုက်တာ Gauri Shinde ရိုက်ကူးပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသ ဒရာမာရုပ်ရှင်ပါ။

“မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကား တခုကို သင်ယူဖို့ အသက်အရွယ် ကန့်သတ်ချက် ရှိသလား၊ Enlgish လို မပြောတတ်ရင်ကော ဘယ်လိုမျိုး အခက်အခဲ တွေ့ကြုံရမလဲ၊ ဘာသာစကားတခုကို ဇွဲနဲ့သင်ယူရင် အချိန်တိုအတွင်း တတ်မြောက်နိုင်တယ်” ဆိုတာတွေကို English Vinglish မှာ တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီဇာတ်ကားမှာ မင်းသမီး Sridevi ဟာ “Shashi” ဆိုတဲ့ အိမ်ထောင်မှုအရမ်း ကျေပွန်တဲ့ အိမ်ရှင်မကောင်း တယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူဟာ Laddoo ဆိုတဲ့ အိန္ဒိယရိုးရာမုန့်ကို လုပ်ရောင်းပြီး အပိုဝင်ငွေလည်း ရှာလေ့ ရှိပါတယ်။ သူမဟာ အင်္ဂလိပ်လို မတတ်လို့ ပညာတတ် ခင်ပွန်းနဲ့ သမီးရဲ့ ပျက်ရယ်ပြုခြင်း မကြာခဏ ခံရပါတယ်။

သားဖြစ်သူကတော့ သူမအပေါ် အမြဲချစ်ပြီး ရိုသေ အလေးပေးပါတယ်။ သူမက အင်္ဂလိပ်လို မတတ်လို့ မကြာခဏ အခက်အခဲ တွေ့ရပြီး တနေ့ သူမရဲ့အမကြီး Manu က New York ကို လာဖို့ Shashi တို့ တမိသားစုလုံးကို ဖိတ်လိုက်ပါတယ်။ ဖိတ်ရတဲ့အကြောင်းက Manu ရဲ့သမီး Meera ရဲ့ မင်္ဂလာဆောင် ကျင်းပဖို့ အတွက်ပါ။

Shashi တယောက် မင်္ဂလာပွဲအတွက် ကူညီပေးဖို့ New York ကို ကြိုသွားရင်း ၄ ပတ်တာ အင်္ဂလိပ်စာ စကားပြော သင်တန်း တက်မိတဲ့အခါ ဘာတွေ ဆက်ဖြစ်သွားလဲဆိုတာကို ဒီရုပ်ရှင်ကား ဆက်လက် ရှုစား ကြည့်ရမှာပါ။

IMDB Rating (7.9) ရရှိထားပြီး ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းတကားမို့ ဒီတပတ် ပိတ်ရက်မှာ ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် –“ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိမနေဘူး။ ဒါကြောင့် အမေတွေကို ဖန်ဆင်းခဲ့တယ်”ဆိုတဲ့ Mom (2017)

The post ဘာသာစကား ပညာပေးနဲ့ ပတ်သက်ပြီး ကြည့်သင့်တဲ့ ရုပ်ရှင် “English Vinglish” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...