Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“စိုင်းစိုင်းက စိုင်းစိုင်း” အတွက် ရင်ခုန်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

$
0
0

သီချင်းခွေ မထွက်တာ ကြာပြီဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ မကြာခင်မှာ ထွက်ရှိမယ့် သူ့ရဲ့ တကိုယ်တော်အခွေ ဖြစ်တဲ့ “စိုင်းစိုင်းက စိုင်းစိုင်း” ဆိုတဲ့ အခွေကို အခုခေတ် လူငယ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျပါ့မလား ဆိုတာ စိတ်ပူနေတယ်လို့ ပြောပါတယ်။

“အခွေ မထွက်တာလည်း ကြာပြီ။ သီချင်းသစ်တွေက အရင်ခြေရာကို နင်းနိုင်၊ မနင်းနိုင် ပရိသတ်ရဲ့ ရင်ထဲကို ထိ၊ မထိ ရင်ခုန်သံချင်း ထပ်တူကျ၊ မကျကတော့ မပြောနိုင်သေးပါဘူး။ အရင်တုန်းက ပရိသတ်တွေဆိုလည်း လူကြီးတွေ ဖြစ်လာပြီ။ တချို့ဆိုလည်း အိမ်ထောင်တွေ ကျရင်ကျနေမယ်။ အခုလူငယ်တွေကရော ကျနော့်ရဲ့ သီချင်းတွေကို အားပေးဦးမှာလား။ ကျနော့်သီချင်းတွေနဲ့ လူငယ်တွေနဲ့ ထပ်တူ ကျဦးမှာလား ဆိုတာကို ပြောလို့မရပါဘူး။ ကျနော့်ဘက်ကတော့ အရိုးသားဆုံးနဲ့ အကောင်းဆုံး ကြိုးစားနေပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

စီးပွားရေးပိုင်းကို ပိုမိုအာရုံစိုက်နေတဲ့အတွက် သီချင်းခွေ ထွက်တဲ့အပိုင်းကို သိပ် မလုပ်ဖြစ်တာကြောင့် အချိန်ကြာမြင့်နေပြီး သင်္ကြန် မတိုင်ခင် အချိန်မှာတော့ ပရိသတ်လက်ထဲ တကိုယ်တော်အခွေ အရောက် ထည့်နိုင်တော့မယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။

သီချင်းခွေ မထွက်တာ ကြာပြီး ယခုအခါတွင် ပြန်လည် ထွက်ရှိလာမယ့်အတွက် အခွေက ယခင် သီချင်း ပုံစံများနဲ့ ဘယ်လို ကွာခြားမှု ရှိသွားမလဲ ဆိုတာကို စိုင်းစိုင်းက “နည်းနည်းပါးပါးတော့ ပြောင်းလဲတာ ရှိမှာပါ။ ကျနော် သီချင်းရေးတဲ့အခါ ကျတော့ လက်ရှိ ခံစားနေရတဲ့ ခံစားချက်တွေ၊ လက်ရှိ မြင်နေတဲ့ အမြင်တွေကို ရေးတာပဲ များတာဆိုတော့ လွန်ခဲ့တဲ့ ၄ ၊ ၅နှစ်က တင်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့တော့ အနည်းနဲ့အများတော့ ကွာခြားသွားမှာပေါ့။ အသက်ပိုကြီးလာတာတော့ သေချာတယ်။ ရင့်ကျက်တယ် လို့တော့ အာမမခံနိုင်ဘူး ခင်ဗျ”လို့ ပြောပါတယ်။

စိုင်းစိုင်းက သူကိုယ်တိုင် အခွေ မထွက်ရှိပေမယ့် သူ့ရဲ့ Frenzo Production ကနေ ထုတ်လုပ်တဲ့ သီချင်းခွေများကတော့ ဆက်တိုက်ဆိုသလို ထွက်ရှိနေပါတယ်။

ရုပ်ရှင်ရိုက်ကူးမှု အနေနဲ့လည်း စိုင်းစိုင်းခမ်းလှိုင်ဟာ မကြာသေးခင်က အကယ်ဒမီ ထွန်းထွန်း၊ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးတို့အတူ ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးခဲ့တဲ့ စာရေးဆရာမ ဂျူးရဲ့ဝတ္ထု “ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

ရုပ်ရှင်ရိုက်ကူးမှု အပိုင်းမှာရော ဘယ်လိုမျိုုး လက်ခံရိုက်ကူးဖြစ်လဲဆိုတာကို စိုင်းစိုင်းခမ်းလှိုင်က “ကျနော် မရိုက်ဖူးတဲ့ ကားတွေ အများကြီးပဲ။ မလုပ်ဖူးတဲ့ ကာရိုက်တာတွေလည်း အများကြီးပဲ။ ကျနော် ရိုက်ချင် ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းတခု ရောက်လာရင် ကျနော်နဲ့ သင့်တော်လား၊ မသင့်တော်လား။ အထူးသဖြင့်ကတော့ ကျနော် လုပ်တတ်လား၊ မလုပ်တတ်လား။ ကျနော် ရိုက်လိုက်လို့ ကားကြီးက ပျက်စီးသွားမှာလား။ ကျနော်လုပ်လိုက်လို့ ဒီကာရိုက်တာက လွဲသွားမှာ စိုးလို့ မရိုက်ရဲဘူးပေါ့ဗျာ။ အဲဒီပေါ်မှာ မူတည်ပြီးတော့ မရိုက်ဖြစ်တဲ့ကားတွေ ရှိခဲ့တာပါ”လို့ ပြောပါတယ်။

အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် အနေနဲ့ သင်္ကြန်ပြီးသွားတဲ့အခါ ရုပ်ရှင်ကား ရိုက်ကူးဖို့ ရှိပြီး လောလောဆယ်မှာ မသေချာသေးတဲ့အတွက် မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

The post “စိုင်းစိုင်းက စိုင်းစိုင်း” အတွက် ရင်ခုန်နေတဲ့ စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...