Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Box Office ရဲ့ အမြင့်ဆုံးနေရာမှာ ရပ်တည်နေတဲ့ Black Panther (2018)

$
0
0

Infinity War မတိုင်ခင် နောက်ဆုံး ကြည့်ရမယ့် MCU ရုပ်ရှင်ဖြစ်တဲ့ “Black Panther” ဟာ တခြား စူပါဟီးရိုးကားတွေနဲ့ မတူဘဲ အနည်းငယ် ကွဲထွက်နေတဲ့ပုံစံကို တွေ့ရမှာ ဖြစ်ပါတယ်။ Civil Warမှာ မိတ်ဆက်ခဲ့တဲ့ Black Panther ရဲ့ ဇာတ်ကြောင်းထက် Infinity War မှာ ပြန်ပါလာဦးမယ့် Wakanda မြေအကြောင်းကို သေသေချာချာ ပြသချင်တာလို့ မြင်မိပါတယ်။

ဇာတ်ကားမှာ “Black Panther” အဖြစ် အမေရိကန် လူမည်း သရုပ်ဆောင် မင်းသား Chadwick Boseman က သရုပ်ဆောင်ထားပြီး လူမည်းဒါရိုက်တာ Ryan Coogler က ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားမှာ ကိုလိုနီ မဖြစ်ဖူးတဲ့ Wakanda နိုင်ငံက အာဖရိကန်သားတွေရဲ့ ဓလေ့နဲ့ ကြံ့ခိုင်တဲ့ ရပ်တည်မှုတွေကို သေချာပုံဖော ရိုက်ကူး ပြထားတာကို တွေ့မြင်ရပါတယ်။

အာဖရိကတိုက်ရဲ့ နိုင်ငံတခုဖြစ်တဲ့ Wakanda နိုင်ငံဟာ ရှားပါးအဖိုးတန် သတ္တုတမျိုးဖြစ်တဲ့ Vibranium သတ္တု အမြောက်အများကို ပိုင်ဆိုင်ထားတာကြောင့် စီးပွားရေးနဲ့ နည်းပညာပိုင်းမှာ ခေတ်လွန်တိုးတက်နေတဲ့ နိုင်ငံ တခုပါ။ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ သားဖြစ်သူ T’ Challa (Black Panther) ဟာ ဘုုရင်အဖြစ် နန်းတက်လာခဲ့ပါတယ်။

Vibranium သတ္တုအကြောင်းကို တခြားပြင်ပ ကမ္ဘာက လူတွေ မသိအောင် လျှို့ဝှက်ထားတဲ့ စနစ်ကို အစဉ်အဆက် ကျင့်သုံးခဲ့တဲ့ Wakanda နိုင်ငံဟာ T’Challa လက်ထက်မှာတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဲဒီအခါမှာ T’Challa ဟာ Black Panther အဖြစ်နဲ့ Wakanda နိုင်ငံကိုရော ကမ္ဘာကြီးကိုပါ ကာကွယ်ဖို့ အတွက် ဘယ်လိုရပ်တည် ကြိုးပမ်းသွားမလဲ ဆိုတာကို ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ် ဆက်လက် ကြည့်ရှုရမှာပါ။

ဘတ်ဂျက် အမေရိကန်ဒေါ်လာငွေ သန်း ၂၀၀ ကျော် သုံးစွဲပြီး ရိုက်ကူးထားတဲ့ “Black Panther” ရုပ်ရှင် ဇာတ်ကားဟာ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ ကောင်းမွန်သေသပ်တဲ့ ကင်မရာ အထူးပြုလုပ်ချက်တွေကြောင့် စူပါဟီးရိုး ပရိသတ်တွေရော အက်ရှင်ကား ပရိသတ်တွေပါ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။

IMDB Rating (7.9) ရရှိထားတဲ့ “Black Panther (2018)” ရုပ်ရှင်ကားဟာ လက်ရှိမှာတော့ Box Office (727.9) Million နဲ့ အမြင့်ဆုံးနေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ရုံဝင်ငွေ ဒေါ်လာ ၁၉၂ သန်းနဲ့ အဖွင့်လှခဲ့တဲ့ လူမည်းအသားပေး စူပါးဟီးရိုးရုပ်ရှင် “Black Panther”

Ref : en.wikipedia.org

The post Box Office ရဲ့ အမြင့်ဆုံးနေရာမှာ ရပ်တည်နေတဲ့ Black Panther (2018) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...