Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျပန်နိုင်ငံက ရုပ်ရှင်ပွဲတော် တခုမှာ ပြသခဲ့တဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး

$
0
0

ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ ဂျပန်- မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ “ဇာတိမြေ” (My Country My Home) ရုပ်ရှင်ဇာတ်ကားကြီးကို ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ Osaka Asian Flim Festival 2018 မှာ ပြသခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်ရှင်ပွဲတော်မှာ ယခုလိုမျိုး ပြသခြင်းခံရတာဟာ မြန်မာဒါရိုက်တာ ရိုက်တဲ့ မြန်မာဇာတ်ကားကို ပထမဆုံးအကြိမ် အဖြစ် ပြသခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဇာတိမြေ” အတွက် ကျေနပ်၊ ပျော်ရွှင်ရပါသည်။ “ဇာတိမြေ” တွင် ပါဝင်သော သရုပ်ဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များ အားလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က သူ့ရဲ့ Facebook အကောင့်ကနေ ကျေးဇူးတင်စကား ဆိုထားပါတယ်။

“ဇာတိမြေ” (My Country My Home) ဇာတ်ကားမှာတော့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ မင်းသား အောင်ရဲလင်း၊ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်၊ မြန်မာလူမျိုး ဂျပန်အဆိုတော် မိုရီဆာကီဝင်း(အဝင်း) တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပြီး ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ၂၂ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲပြသခဲ့ပြီး မကြာခင်မှာလည်း ရုံတင် ပြသတော့မယ်လို့ သိရပါတယ်။

The post ဂျပန်နိုင်ငံက ရုပ်ရှင်ပွဲတော် တခုမှာ ပြသခဲ့တဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...