Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖွေးဖွေးကို ပြည့်တန်ဆာ ဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် “ရွှေကြာ” ရုပ်ရှင် မကြာမီ ရုံတင်မည်

$
0
0

စာရေးဆရာမ ပုညခင်ရဲ့ “အရှေ့တံခါးအဝင်” ဝတ္ထုကို ဒါရိုက်တာဝိုင်းမှ ရုပ်ရှင်အဖြစ် ပြန်လည် ပုံဖော် ရိုက်ကူးထားတဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားမှာ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးကို ပြည့်တန်ဆာ ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမှာပါ။

“ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁၆ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး အဲဒီဇာတ်ကားမှာ ထပ်ဆင့် အကယ်ဒမီ ဖွေးဖွေး၊ အလင်းရောင်၊ သင်ဇာဝင့်ကျော်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

“ပြည့်တန်ဆာများသည်လည်း တစ်ချိန်က… ဖြူစင်အပြစ်ကင်းသော ကလေးသူငယ်များ ဖြစ်ခဲ့ကြပါသည်” ဆိုတဲ့ အဲဒီဇာတ်ကားမှာ ဖွေးဖွေးက ပြည့်တန်ဆာ တဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကား Official Trailer ကို ယနေ့၊ မတ်လ ၁ ရက်နေ့မှာ “ရွှေကြာ” Facebook စာမျက်နှာကနေ တင်ပေးခဲ့တာဖြစ်ပြီး ကြည့်ရှုသူပေါင်း ၅ သိန်းကျော်၊ Share လုပ်ထားသူပေါင်း ၉ သောင်းကျော် ရှိတာ တွေ့ရပါတယ်။

ဖွေးဖွေးအနေနဲ့ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “လက်ပံ” ရုပ်ရှင်ဇာတ်ကားဖြင့် ၂၀၁၂ ခုနှစ်မှာ တကြိမ်၊ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားဖြင့်၂၀၁၅ ခုနှစ်မှာ တကြိမ်၊ စုစုပေါင်း နှစ်ကြိမ် “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” တို့ကို ရရှိခဲ့ပြီး “ရွှေကြာ” ရုပ်ရှင်မှာလည်း အကောင်းဆုံး သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကို ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး အဲဒီဇာတ်ကားမှာ အဆိုတော် ဖြူဖြူကျော်သိန်းကလည်း ဇာတ်ဝင် သီချင်းတပုဒ် သီဆိုထားတာ တွေ့ရပါတယ်။

“ကျမတို့ကို လူရာ မသွင်းချင်ရင်တောင်၊ အသက်ရှိတဲ့ လူသားတယောက်အဖြစ် အသိအမှတ်ပြုပေးရင် ကျမ ကျေနပ်ပါပြီ” ဆိုတဲ့ သရုပ်ဆောင် ဖွေးဖွေးရဲ့ “ရွှေကြာ”ဇာတ်ရုပ်ကို ပရိသတ်တွေ မကြာခင် ကြည့်ရှုရတော့မယ်လို့ သတင်းပါး လိုက်ပါတယ်။

The post ဖွေးဖွေးကို ပြည့်တန်ဆာ ဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် “ရွှေကြာ” ရုပ်ရှင် မကြာမီ ရုံတင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...