Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောင်ကိုရီးယားက ဖြစ်ရပ်မှန် အရေးအခင်းတခုကို ရိုက်ပြထားတဲ့ “A Taxi Driver”

$
0
0

“A Taxi Driver” ရုပ်ရှင်ဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့မှာ စတင်ပြသခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ Jang Hoon ရိုက်ထားတဲ့ တောင်ကိုရီးယားနိုင်ငံက တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။

ဇာတ်လမ်း အမျိုးအစားက ဒရာမာ၊ အက်ရှင် အမျိုးအစား ဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ တောင်ကိုးရီးယားနိုင်ငံမှ ဝါရင့် မင်းသားကြီး Song Kang Ho နဲ့ ဂျာမန်နိုင်ငံမှ မင်းသား Thomas Kretschmann တို့က အဓိကပါဝင် သရုပ်ဆောင် ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ရိုးသားတဲ့ “Kim Man Seob” ဆိုတဲ့ တောင်ကိုရီးယားက Taxi driver တယောက်ဟာ သူ့ရဲ့ မိတဆိုး သမီးလေးနဲ့အတူ နေထိုင်ပြီး Taxi မောင်းရင်း ဝင်ငွေ ရှာပါတယ်။ သမီးလေးအတွက်သာ ခေါင်းထဲရှိပြီး နိုင်ငံရေးအကြောင်းကို စိတ်မဝင်စားတဲ့ သာမန် ဖခင်တယောက်ဟာ တနေ့တော့ ဂျာမန်နိုင်ငံက သတင်းထောက် တယောက်ကို လေဆိပ်ကနေ Gwangju ဆိုတဲ့မြို့ လိုက်ပို့ပေးရာကနေ ဇာတ်လမ်းက အရှိန် တက်လာပါတယ်။

ကျောင်းသား တော်လှန်ရေးတွေ၊ ပဋိပက္ခတွေနဲ့ နိုင်ငံရေး အရှုပ်တော်ပုံတွေကြားမှာ ဂျာမန်သတင်းထောက် Jurgen Hizpeter ကို ကူညီပေးခဲ့ပုံက ပရိသတ်တွေ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်ဝင်ခန်းတွေပဲ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်တုန်းက တကယ့်ဖြစ်ခဲ့တဲ့ “Gwangju အရေးအခင်း ဇာတ်လမ်း”ဖြစ်တာကြောင့် ပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။

တကယ့် ဂျာမန်သတင်းထောက် Jurgen Hizpeter ရဲ့အမျိုးသမီးက ဒီဇာတ်ကားထွက်ရှိပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ရောက်လာပြီး သူမခင်ပွန်းရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ထားတဲ့ “A Taxi Driver” ရုပ်ရှင်ကို ကြည့်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့မှာတော့ တောင်ကိုရီးယား သမ္မတ၊ Moon Jae In နဲ့ သူမရဲ့မိသားစုတွေ ဒီရုပ်ရှင်ကို အတူကြည့်ခဲ့ကြပါတယ်။

အိမ်ပြာတော်ကတော့ ”ဒီဇာတ်ကားဟာ တောင်ကိုရီးယား ဒီမိုကရေစီ တော်လှန်ရေးကာလမှာ သတင်းအမှန်ကို ရယူ တင်ပြဖို့ ကြိုးစားခဲ့တဲ့ ဂျာမန်သတင်းထောက်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထင်ဟပ်ပြထားတယ်။ ဒါ့အပြင် Hizpeter ရဲ့ လုပ်ရပ်ကို ဂုဏ်ပြုသင့်တယ်”လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

IMDb Rating (7.9) ရရှိထားတဲ့ ဒီဇာတ်ကားဟာ ဆုပေါင်းများစွာ ပိုင်ဆိုင်ခဲ့သလို သာမန် သမရိုးကျ ဇာတ်လမ်း တွေထက် ကြည့်ရှုသူပရိသတ်ကို အတွေးတခုပေးနိုင်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ဧရာဝတီ ပရိသတ်ကြီးအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတကား ဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်။

The post တောင်ကိုရီးယားက ဖြစ်ရပ်မှန် အရေးအခင်းတခုကို ရိုက်ပြထားတဲ့ “A Taxi Driver” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...