Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အော်စကာဆုပေးပွဲမှာ ရွှေရောင်ဂါဝန်နဲ့ အပျော်ကြီးပျော်နေခဲ့တဲ့ မင်းသမီး Jennifer Lawrence

$
0
0

၂၀၁၈ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ ဆုဆန်ခါတင်စာရင်း ပါဝင်ခြင်းလည်း မရှိ၊ ဆုလည်း မရရှိခဲ့ပေမယ့် မင်းသမီး Jennifer Lawrence (ဂျနီဖာလောရန့်စ်) အတွက်တော့ ပျော်ရွှင်ဖို့ကောင်းတဲ့ ညတည ဖြစ်ခဲ့ပါတယ်။ လော့စ်အင်ဂျလိစ် မြို့မှာရှိတဲ့ Dolby Theater မှာ မတ်လ ၄ ရက်နေ့၊ ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲမှာ Jennifer ဟာ အပျော်ကြီး ပျော်နေခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ် မင်းသမီး Jennifer Lawrence ဟာ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး မင်းသမီးဆုကို ရရှိထားသော မင်းသမီး တလက် ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အော်စကာ ဆုပေးပွဲမှာတော့ သူမဟာ ရွှေရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ပွဲကျင်းပတဲ့ နေရာအတွင်းမှာရှိတဲ့ ထိုင်ခုံတွေပေါ် ကျော်ခွတက်နေတာကို ကင်မရာတွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကြမ်းပြင်အထိ ရှည်တဲ့ ဂါဝန်ကို လက်တဖက်က မပြီး တခြား လက်တဖက်က ဝိုင်ခွက်ကို ကိုင်ထားကာ လူပုံအလယ်မှာ သူ့ရဲ့ ဖိနပ်တွေကိုလည်း ကြွားဝါပြသနေခဲ့ပါတယ်။ “Red Sparrow” ရုပ်ရှင်မင်းသမီး Jennifer Lawrence ဟာ အခန်းထဲမှာ ဝါရင့်မင်းသမီး Meryl Streep အပါအဝင် အခန်းထဲမှာရှိတဲ့ လူတိုင်းကို ဝိုင်ခွက်ကိုင်ထားရင်းနဲ့ ပွေ့ဖက်၊ စကားပြောနေခဲ့ပြန်ပါတယ်။

တခါမှာတော့ ဂါဝန်သိုင်းကြိုးက လက်မောင်းကနေ ပြုတ်ကျနေခဲ့တာကို အနေအထားမှန်အောင် ပြန်တင်နေခဲ့တာကို တွေ့ရပြီး Jennifer ရဲ့ အပျော်လွန်မှုတွေက လူတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဆုပေးပွဲမှာ ဖြစ်ပျက်နေတဲ့ Jennifer ပုံစံနဲ့ ပတ်သက်လို့ Twitter အသုံးပြုသူတွေက အခုလိုမှတ်ချက်ပေးထားပါတယ်။

Twitter သုံးစွဲသူတဦးက “အော်စကာဆုပေးပွဲညမှာ ဝိုင်အပြည့် ထည့်ထားတဲ့ခွက်နဲ့ ပြဇာတ်ရုံခုံတွေပေါ် ကျက်သရေရှိစွာ လှပစွာ ကျော်လွှားနေတာဟာ ၂၀၁၈ ခုနှစ်ရဲ့ စိန်ခေါ်မှုအသစ်လို့ပဲ မှတ်ယူပါတယ်” လို့ ရေးသားထားပါတယ်။

တခြား သုံးစွဲသူ တဦးကတော့ ” Jennifer Lawrence ဟာ အော်စကာဆုပေးပွဲ ထိုင်ခုံတွေပေါ် ကျော်လွှား တက်နေချိန်မှာ ဝိုင်တွေ ဖိတ်မကျအောင် ကြိုးပမ်းခဲ့ပြီး ကျနော်တို့ကို အံ့သြသင့်စေခဲ့ပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မင်းသမီး Jennifer အနေနဲ့ အော်စကာဆုပေးပွဲမှာ လူထုစိတ်ဝင်စားမှုကို ရရှိတာ ဒါ ပထမဆုံး အကြိမ်မဟုတ်ပါဘူး။

၂၀၁၃ ခုနှစ်မှာလည်း “Silver Linings Playbook” ရုပ်ရှင်နဲ့ ရရှိခဲ့တဲ့ အကောင်းဆုံးမင်းသမီးဆု ရုပ်တုကို ယူဆောင်ဖို့ စတိတ်စင်ပေါ်ကို တက်လာခဲ့တဲ့ လှေကားပေါ်မှာ ခြေချော်ခဲ့ပါသေးတယ်။ နောက်တနှစ် ဆုပေးပွဲ ကော်ဇောနီ ထက်မှာလည်း မှောက်လျက်လဲမလို ဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ် သတင်းလင့်ခ် – အနုပညာအလုပ်တွေလုပ်ဖို့ အလယ်တန်းကျောင်း ထွက်ခဲ့ရတဲ့ မင်းသမီး “Jennifer Lawrence”

Ref : aceshowbiz

The post အော်စကာဆုပေးပွဲမှာ ရွှေရောင်ဂါဝန်နဲ့ အပျော်ကြီးပျော်နေခဲ့တဲ့ မင်းသမီး Jennifer Lawrence appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...