Quantcast
Viewing all articles
Browse latest Browse all 7343

အကောင်းဆုံး ရုပ်ရှင်၊ ဒါရိုက်တာဆု အပါအဝင် ဆု ၄ ဆု သိမ်းပိုက်ခဲ့တဲ့ “The Shape of Water” ရဲ့ အော်စကာည

ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီက တင်ဆက်ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ အကောင်းဆုံး ရုပ်ရှင်တွေကို ဂုဏ်ပြုတဲ့ အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲကို မတ်လ ၄ ရက်နေ့က အမေရိကန်ုပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ Dolby Theatre မှာ ကျင်းပခဲ့ပါတယ်။

ယခုနှစ် အော်စကာ ဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဆု ၁၃ ခု လျာထားခံရတဲ့ “The Shape of Water” ရုပ်ရှင်က ဆု ၄ ခု ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ အစီအစဉ် တင်ဆက်သူအဖြစ် Jimmy Kimmel က ဆောင်ရွက်ခဲ့ပါတယ်။

Fox Searchlight Pictures ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ “The Shape of Water” ရုပ်ရှင်မှ မက္ကဆီကို လူမျိုး ဒါရိုက်တာ Guillermo del Toro က “အကောင်းဆုံး ဒါရိုက်တာဆု”ကို ရရှိခဲ့ပြီး အမျိုးသမီးနဲ့ လူမည်းရုပ်ရှင် ဒါရိုက်တာတွေ ရှားရှားပါးပါး ဆုရမယ့် မျှော်လင့်ချက်ကို ကြွေလွင့်စေခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဟာ ထူးဆန်းသော ရေသတ္တဝါဆန်း တကောင်နဲ့ ဆွံ့အနေတဲ့ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတို့ကြားက အချစ်ဇာတ်လမ်း တပုဒ်ကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ထဲက ဇာတ်လမ်းဇာတ်ကွက်တွေဟာ ၁၉၆၉ ခုနှစ်မှာ ပြသခဲ့တဲ့ အမေရိကန် ပြဇာတ်တခုထဲကနေ ထုတ်နှုတ်ထားတယ်လို့ ဆိုပြီးတော့ လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ တရားရုံးတခုမှာ တရားစွဲ ခံထားရတယ်လို့ ဆိုပေမယ့် ဒါရိုက်တာ Del Toro က အဲဒီပြဇာတ်နဲ့ကို ကြည့်ဖူးတာမျိုး ကြားဖူးတာမျိုး မရှိခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

“အကောင်းဆုံး ဒါရိုက်တာဆု” ရရှိသူ Guillermo del Toro က “ကျနော်က ရွှေ့ပြောင်းနေထိုင်သူ တဦး ဖြစ်ပါတယ်။ ဒီဆုနဲ့ လူငယ် ဒါရိုက်တာတွေကို တွန်းအားပေးချင်ပါတယ်။ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ကျနော် မထင်ခဲ့ပါဘူး။ တကယ်ဖြစ်ခဲ့ပါပြီ။ ပြီးတော့ လူတိုင်းဟာ ဒီနေ့မှာ အမှန်တကယ်ဖြစ်နေတဲ့ ဇာတ်လမ်းတွေ အကြောင်းကို ပြောဖို့အတွက် စိတ်ကူးယဉ် ဇာတ်လမ်းတွေကို အသုံးပြုဖို့ စိတ်ကူးယဉ်နေကြပြီဆိုတာ ခင်ဗျားတို့ကို ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အမျိုးသမီး ဒါရိုက်တာ Greta Gerwig ရဲ့ လွတ်လပ်တဲ့ အမေနဲ့သမီး ဆက်ဆံရေးအကြောင်း ရိုက်ကူးထားတဲ့ “Lady Bird” ရုပ်ရှင်ကတော့ ဆုတခုမှ မရရှိခဲ့ဘဲ လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ Universal Pictures ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ လူမျိုးရေး ခွဲခြားမှုကို သလျော်တဲ့ “Get Out” ရုပ်ရှင်ကတော့ ထိပ်တန်းဆု တခုကို ရနိုင်လိမ့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အကောင်းဆုံးမူရင်ဇာတ်ညွှန်းဆုကိုပဲ ရရှိခဲ့တာဖြစ်ပါတယ်။

“Get Out” ရုပ်ရှင်ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ Jordan Peele က “ကျနော် ဒီရုပ်ရှင်က မဖြစ်နိုင်ဘူးလို့ ထင်လို့ ဇာတ်ညွှန်းရေးတာ အကြိမ် ၂ဝ လောက် ရပ်ပစ်ခဲ့ရပါတယ်။ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာပါ” လို့ ပြောပါတယ်။

အများက ခန့်မှန်းထားသလိုပါပဲ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Darkest Hour” ရုပ်ရှင်မှာ ဒုတိယကမ္ဘာစစ် အတွင်းက ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Gary Oldman က သူ့ရဲ့ပထမဆုံး အော်စကာဆုကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ Fox Searchlight ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Three Billboards Outside Ebbing, Missouri” ရုပ်ရှင်မှာ အညှိုးအတေးကြီးတဲ့ အမျိုးသမီးတဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Frances McDormand ကတော့ “အကောင်းဆုံး မင်းသမီးဆု”ကို ရရှိခဲ့ပါတယ်။

Image may be NSFW.
Clik here to view.
အကြိမ် ၉၀ မြောက် အော်စကာ ဆုပေးပွဲ (ဓာတ်ပုံ – Reuters)

အသက် ၆၀ အရွယ်၊ မင်းသမီး McDormand က ဒါရိုက်တာ၊ ရုပ်ရှင်ဖန်တီးမှု၊ အဝတ်အစားနှင့် အခြားဆု အမျိုးအစား ၂၀ ကျော်မှာ ဆန်ခါတင်အဖြစ် ပါဝင်ကြတဲ့ အမျိုးသမီးတွေ အားလုံးကို ပရိသတ်ထဲကနေ မတ်တပ်ထ ခိုင်းပြီးတော့ အသိအမှတ်ပြုမှုကို လက်ခံစေခဲ့ပါတယ်။ Dolby Theatre ထဲက တောက်ပနေတဲ့ ပရိသတ်ကြီးကို သူက “ဘေးဘီ လှည့်ပတ် ကြည့်လိုက်ပါဦး။ အမျိုးသမီးတွေနဲ့ ဂုဏ်သရေရှိ အမျိုးသား အပေါင်းတို့၊ ကျမတို့ ငွေကြေးစိုက်ထုတ်ပေးဖို့ လိုအပ်နေတဲ့ ရုပ်ရှင်တွေနဲ့ ပြောပြဖို့ ဇာတ်လမ်းတွ ရှိနေပါပြီ” လို့ ဆုလက်ခံရယူချိန်မှာ ပြောကြားခဲ့ပါတယ်။

အော်စကာဆုပေးပွဲ အစီအစဉ်တင်ဆက်သူ Jimmy Kimmel ကတော့ သေနတ်ကိုင် အကြမ်းဖက်မှုကနေ လိင်ခွဲခြားမှုနဲ့ လူဝင်မှုကြီးကြပ်ရေးအထိ ဦးတည်တဲ့ Black Lives Matter လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဟာသနှောပြီး ထောက်ပြ ဝေဖန်ခဲ့တဲ့အပြင် ဟောလိဝုဒ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အရှုပ်အထွေးအကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆုရှင်ကို ကြေညာတဲ့နေရာမှာ ကမောက်ကမ ဖြစ်စေခဲ့တဲ့ Warren Beatty နဲ့ Faye Dunaway ကတော့ အဲဒီဆုကိုပဲ ဒုတိယအကြိမ်မြောက်အဖြစ် ကြေညာခဲ့ပြန်ပါတယ်။ ဒီနှစ်မှာတော့ ဆုပေးပွဲမှာ ဦးဦးဖျားဖျား အော်စကာ ရရှိတဲ့သူတွေ၊ LGBT အရေးနဲ့ အခြားယဉ်ကျေးမှုတွေကို မှီးငြမ်းထားတဲ့ ရုပ်ရှင်တွေ ဆုရရှိခဲ့တာကို တွေ့ရပါတယ်။

Gay အချစ်ဇာတ်လမ်း “Call Me by Your Name” ကတော့ အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆု၊ ချီလီနိုင်ငံက လိင်ပြောင်း အမျိုးသမီးတဦး အကြောင်းကို ရိုက်ကူးထားတဲ့ “A Fantastic Woman” ရုပ်ရှင်က အကောင်းဆုံး နိုင်ငံခြားစကားပြောဆုနဲ့ မက္ကဆီကို ယဉ်ကျေးမှု နောက်ခံ “Coco” ရုပ်ရှင်က အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဆုတို့ကို ရရှိခဲ့ပါတယ်။

“Three Billboards” ရုပ်ရှင်ထဲက မင်းသား Sam Rockwell နဲ့ “I, Tonya” ရုပ်ရှင်ထဲက မင်းသမီး Allison Janney တို့က သူတို့ရဲ့ ပထမဆုံး အော်စကာဆုအနေနဲ့ အကောင်းဆုံး ဇာတ်ပို့ဆုတွေကို အသီးသီး ရရှိခဲ့ပါတယ်။

အကြိမ် ၉၀ မြောက် အော်စကာဆုရရှိသူစာရင်း

• အကောင်းဆုံး ရုပ်ရှင်ဆု: “The Shape of Water”
• အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆု: Gary Oldman – “Darkest Hour”
• အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆု: Frances McDormant – “Three Billboards Outside Ebbing, Missouri”
• အကောင်းဆုံး ဇာတ်ပို့ မင်းသားဆု : Sam Rockwell – “Three Billboards Outside Ebbing, Missouri”
• အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆု: Allison Janney – “I, Tonya”
• အကောင်းဆုံး ဒါရိုက်တာဆု: Guillermo del Toro – “The Shape of Water”
• အကောင်းဆုံး အန်နီမေးရှင်း ရုပ်ရှင်ဆု: “Coco”
• အကောင်းဆုံး အန်နီမေးရှင်း ဇာတ်လမ်းတိုဆု: “Dear Basketball”
• အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆု: “Call Me by Your Name”
• အကောင်းဆုံး မူရင်း ဇာတ်ညွှန်းဆု: “Get Out”
• အကောင်းဆုံး ရုပ်ရှင် ဖန်တီးမှုဆု “Blade Runner 2049”
• အကောင်းဆုံး မှတ်တမ်းရုပ်ရှင်: “Icarus”
• အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတို: “Heaven Is a Traffic Jam on the 405”
• အကောင်းဆုံး ဇာတ်လမ်းတိုဆု: “The Silent Child”
• အကောင်းဆုံး နိုင်ငံခြား စကားပြောရုပ်ရှင်: “A Fantastic Woman”
• အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်မှု: “Dunkirk”
• အကောင်းဆုံး အသံတည်းဖြတ်မှု: “Dunkirk”
• အကောင်းဆုံး အသံရောစပ်မှု: “Dunkirk”
• အကောင်းဆုံး ထုတ်လုပ်မှု ဒီဇိုင်း: “The Shape of Water”
• အကောင်းဆုံး မူရင်း တေးသွားဆု: “The Shape of Water”
• အကောင်းဆုံး မူရင်း သီချင်းဆု: “Remember Me” – “Coco”
• အကောင်းဆုံး မိတ်ကပ်နှင့် ဆံပင်ပုံစံဆု: “Darkest Hour”
• အကောင်းဆုံး အဝတ်အစား ဒီဇိုင်းဆု: “Phantom Thread”
• အကောင်းဆုံး အထူးပြုလုပ်ချက်ဆု: “Blade Runner 2049”

ဆက်စပ်သတင်းလင့်ခ် – အော်စကာဆုပေးပွဲမှာ “အကောင်းဆုံး မင်းသားဆု” ရရှိခဲ့တဲ့ မင်းသားကြီး Gary Oldman

Ref ; Reuters

The post အကောင်းဆုံး ရုပ်ရှင်၊ ဒါရိုက်တာဆု အပါအဝင် ဆု ၄ ဆု သိမ်းပိုက်ခဲ့တဲ့ “The Shape of Water” ရဲ့ အော်စကာည appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...