Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အကယ်ဒမီပေးပွဲကို အေးအေးဆေးဆေးပဲ တက်ရောက်ဖြစ်မယ်” ဆိုတဲ့ အကယ်ဒမီ ထွန်းထွန်း

$
0
0

အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းကတော့ ယခုနှစ်ရဲ့ အကယ်ဒမီပေးပွဲမှာ သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ပါဝင်သော်လည်း အကယ်ဒမီရင်ခုန်မှုက နည်းပါးတာကြောင့် အေးအေးဆေးဆေးပဲ ပွဲတက်ရောက်ဖြစ်မယ်လို့ ဆိုပါတယ်။

“အကယ်ဒမီ ရင်ခုန်သံကတော့ မနှစ်ကဆို ပိုရင်ခုန်ရတယ်။ ကားလည်း ပိုများတယ်။ ကာရိုက်တာလည်း ပိုများတယ်။ ဒီနှစ်မှာတော့ ကာရိုက်တာ ၄ ကား၊ ၅ ကား ရှိပေမယ့် ထူးထူးခြားဖြစ်တာဆိုလို့ “သရာစောထိ” နဲ့ “ပွဲခံမယ်” ၂ ခုပဲ ရှိတယ်။ “သရာစောထိ” မှာတော့ စောထိဖြစ်အောင်၊ “ပွဲခံမယ်”မှာ ရာကျော်ဖြစ်အောင် အကောင်းဆုံးဖြစ်အောင်တော့ သရုပ်ဆောင်ထားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာကားတွေက ၅၃ ကား ရှိတာဆိုတော့ အကောင်းဆုံး သရုပ်ဆောင်ထားတဲ့ ညီအစ်ကိုတွေလည်း တွေ့ရတယ်ဆိုတော့ ကျနော်ကတော့ ဒီနှစ်တော့ အေးအေးဆေးဆေးပဲ ပွဲတက်မှာပါ” လို့ ထွန်းထွန်းက ပြောပါတယ်။

ထွန်းထွန်းကို ကိုယ်မဟုတ်တဲ့ ဘယ်သူတွေအတွက် ရင်ခုန်လဲလို့ မေးကြည့်တဲ့အခါ “တကယ် ထူးချွန်တဲ့သူတွေ စင်ပေါ်ကို ရောက်ရှိမယ့် အကယ်ဒမီလို့ ယုံကြည်ထားပါတယ်။ ကိုယ့်အနုပညာ လောကသား ဘယ်သူပဲရရ ဝမ်းသာတယ်” လို့ ပြောပါတယ်။

ထွန်းထွန်းကတော့ အနုပညာအလုပ်များကို ၅ နှစ်နီးပါးခန့် မလုပ်ကိုင်ဘဲ နေခဲ့ပြီး ပြန်လည်လုပ်ကိုင်လာတာ ၃ နှစ်မျှသာ ရှိနေတာဖြစ်ပြီး အဆိုပါ ၃နှစ်အတွင်းမှာတော့ သူ့ရဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

“ကျနော် ၄၊ ၅ နှစ်လောက် အလုပ်တွေ မလုပ်ဘဲနေတာ အခုပြန်လုပ်တာ ၃ နှစ်လောက်ပဲ ရှိပါသေးတယ်။ ကျနော် အများကြီးထပ်ပြီး ကြိုးစားဦးမယ်။ ပရိသတ်တွေ ဖြစ်စေချင်တဲ့ ထပ်ဆင့်အကယ်ဒမီ ဖြစ်အောင် ကြိုးစားဦးမယ်။ လောလောဆယ်တော့ အလုပ်တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။

တချိန်က အမျိုးသား Hip Hop အဆိုတော်အဖွဲ့ Examplez အဖွဲ့ရဲ့ အဆိုတော်ဖြစ်သူ၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်းဟာ ၂၀၁၆ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင် ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

The post “အကယ်ဒမီပေးပွဲကို အေးအေးဆေးဆေးပဲ တက်ရောက်ဖြစ်မယ်” ဆိုတဲ့ အကယ်ဒမီ ထွန်းထွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...