Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သေခြင်းရဲ့ အခြားတဖက် (သို့မဟုတ်) “Along with the Gods”

$
0
0

“Along with the Gods: The Two Worlds” ရုပ်ရှင်ဟာ ကိုရီးယားနိုင်ငံမှာ ကြည့်ရှုသူ အမြင့်ဆုံး စံချိန်ကို တင်ထား နိုင်ခဲ့တဲ့ စိတ်ကူးယဉ် အက်ရှင်အသားပေး ရုပ်ရှင်အမျိုးအစားပါ။ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေကို ဂရုတစိုက် ပြင်ဆင် ရိုက်ကူးခဲ့တာမို့ ပရိသတ်တွေ ကျေနပ်အားရခဲ့ကြပါတယ်။

ဒီဇာတ်ကားကို ရုပ်ရှင်လောကမှာ ခဏကြာ ပျောက်ကွယ်နေတဲ့ တောင်ကိုရီးယား ဒါရိုက်တာ ကင်ယုံဟွာ (Kim Yong Hwa) ရိုက်ကူးခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယား နာမည်ကြီး မင်းသားတွေ ဖြစ်တဲ့ ဟဂျန်းဝူ (Ha Jung Woo) ၊ ချာတေးဟွန်း (Cha Tae Hyun)၊ ဂျူးဂျီဟွန် (Ju Ji Hun) နဲ့ မင်းသမီး ကင်ဟွမ်ဂီ (Kim Hyang Gi) တို့က အဓိကပါဝင် သရုပ်ဆောင် ထားပါတယ်။

လူကြိုက်များခဲ့တဲ့ Webcomic (အွန်လိုင်းပေါ်မှာ ထုတ်လုပ်သော ကာတွန်းဇာတ်လမ်း) တခုကို အခြေခံထားတဲ့ “Along with the Gods: The Two Worlds” ဇာတ်လမ်း အကျဉ်းက မီးသတ်သမား ကင်ဂျာဟွန်း (ချာတေးဟွန်း) ဟာ ကိုယ့်အသက်ကို မငဲ့ဘဲ မီးလောင်ပြင်ကနေ ကလေးငယ်တဦးကို ကယ်တင်းရင်း သေဆုံးသွားခဲ့ပြီး နောက်ဘဝ မကူးခင် နတ်ဘုရားတွေရဲ့ ၄၉ ရက်ကြာ အမျိုးမျိုးသော စမ်းသပ်စစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။

ဒီစမ်းသပ် စစ်ဆေးမှုတွေကို သူနဲ့အတူ သေမင်း တမန်တော် ၃ ဦးကလည်း တာဝန်အရ ကူညီဖို့ဖြစ်လာခဲ့ပါတယ်။ သေဆုံးသူဟာ ၄၉ ရက်ကြာ ၇ မျိုးသော စစ်ဆေးမှုတွေအပေါ် မူတည်ပြီး ငရဲ (သို့မဟုတ်) နောင်ဘဝကို ကူးပြောင်းဖို့ အဆုံးအဖြတ် ခံယူရမှာပါ။

“သစ္စာဖောက်ခြင်း၊ အကြမ်းဖက်မှု၊ အနိုင်ကျင့်ခြင်း၊ လိမ်ညာလှည့်ဖျားခြင်း၊ ပျင်းရိခြင်း” စတဲ့ မကောင်းမှုတွေ လုပ်ခဲ့ဖူးခြင်း ရှိ၊ မရှိကို စစ်ဆေး မေးမြန်းခဲ့ကြပါတယ်။ တကယ်လို့ စစ်ဆေးမှု တမျိုးမျိုးမှာ ကျရှုံးခဲ့မယ်ဆိုရင် ငရဲသွားရမယ့်အပြင် သူ့ကို ကူညီစောင့်ရှောက်ပေးနေတဲ့ သေမင်းတမန်တော်တွေလည်း တာဝန်ကျဆုံးတဲ့အတွက် နောင်ဘဝကို လူဝင်စားခွင့် အခွင့်အရေး ဆုံးရှုံးရမှာပါ။

တဆင့်ပြီး တဆင့် လုပ်ဆောင်နေရာက အောင်မြင်မယ့်ဆဲဆဲမှာ အထင်လွဲစရာ ကိစ္စတခု ပေါ်ပေါက်လာပြီး သူ့တို့သွားရာ နောက်ကို ငရဲခွေးတွေ လိုက်လံတားဆီး ပါတော့တယ်။ ပြဿနာကတော့ ဆွံ့အနေတဲ့အမေကို ကင်ဂျာဟွန်း ငယ်ငယ်က သူကိုယ်တိုင် သတ်ဖို့ လုပ်ကြံခဲ့ဖူးတာပါ။

ဒီကြားထဲ စစ်ထဲဝင်နေတဲ့ ညီဖြစ်သူကလည်း မတော်တဆ သေနတ် အပစ်ခံရပြီး သေဆုံးသွားပြီးနောက် အမှုကို လက်စ ဖျောက်လိုက်တဲ့ အထက်အရာရှိကို လက်စားချေဖို့ လုပ်ဆောင်ရင်း ဆိုးသွမ်းဝိဉာဉ် ဖြစ်သွားခဲ့ရပါတယ်။ ဒီလို အခက်အခဲ တွေကြားက ကင်ဂျာဟွန်း တယောက် စစ်ဆေးမှုတွေကို အောင်မြင်မလား၊ တကယ်ပဲ အပြစ်လုပ်ဆောင်ခဲ့လို့ ငရဲသွားရ မလားဆိုတာ စာဖတ်သူတွေ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာကြည့်လိုက်ပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်။

ရုပ်ရှင်ဝေဖန်ရေးသမားတွေကတော့ ဇာတ်ကားတခုလုံးမှာ သုံးသွားတဲ့ CGI (Computer-generated imagery) ဖန်တီးမှုတွေက တချို့နေရာတွေမှာ ရှုပ်ထွေးသွားပေမယ့် တကားလုံး ခြုံကြည့်ရင် ဇာတ်ကွက် တခုချင်းစီ နောက်ကို လိုက်ပါ စီးမျောသွားတဲ့အထိ တင်ဆက်ပုံ သပ်ရပ်တယ်လို့ သုံးသပ်ကြပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ မင်းသား ချာတေးဟွန်းကတော့ မျက်လုံး အမူအရာတွေကအစ သရုပ်ဆောင် ပီပြင်လွန်းတာကို မြင်တွေ့ရမှာပါ။

သေမင်း တမန်တော် ၃ ယောက်အဖြစ် သရုပ်ဆောင်သွားတဲ့ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ “ဟဂျန်းဝူ၊ ဂျူးဂျီဟွန်နဲ့ ကလေးသရုပ်ဆောင်အဖြစ် ဇာတ်လမ်းများစွာရိုက်ကူးခဲ့တဲ့ မင်းသမီးငယ်လေး ကင်ဟွမ်ဂီ” တို့ကလည်း ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေအကြိုက်တွေ့ပြီး ကြည့်ရှုသူ စံချိန်တင်နိုင်ခဲ့တဲ့ အထိ အောင်မြင်ခဲ့တာပါ။

ဒါ့အပြင် ထူးထူးခြားခြား နောက်ထပ် အခန်းဆက်အဖြစ် ဆက်လက်ထွက်ရှိမယ့် ဇာတ်ကားဖြစ်ပြီး အခုကားထဲမှာ ပါတဲ့ သေမင်းတမန်တော်တွေက တာဝန်အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လို့ ဘဝကူးသွားခဲ့ပြီမို့ နောက်ထပ်ဇာတ်ကားမှာ ဘယ်သူတွေက အစားထိုး ပါဝင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်မာစွာ တည်ဆောက်ထားတဲ့အပြင် နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ “Along with the Gods: The Two Worlds” ရုပ်ရှင်ဇာတ်ကားကို ကြည်ရှုသင့်တဲ့ အကြောင်း ညွှန်းဆို ပေးလိုက်ပါတယ်။

ဆက်စပ်သတင်းလင်ခ့် – ပရိသတ်အားပေးမှု တခဲနက် ရရှိနေတဲ့ “Along With The Gods” ရုပ်ရှင် စံချိန်သစ် ထပ်ချိုး

Ref : The Hollywood Reporter

The post သေခြင်းရဲ့ အခြားတဖက် (သို့မဟုတ်) “Along with the Gods” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...