Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာကျော် အဆိုတော်စုံတွဲ Jay-Z နဲ့ Beyonce တို့ ပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲ လုပ်ဖို့ ရှိနေပြီလား

$
0
0

ကမ္ဘာကျော် အဆိုတော် စုံတွဲတွေဖြစ်ကြတဲ့ အမေရိကန် Rap အဆိုတော် Jay-Z (ဂျေဇီ) နဲ့ အဆိုတော် Beyonce (ဘီယွန်းဆေး) တို့ဟာ ပူးတွဲနယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

အဆိုတော် Beyonce ဟာ “On the Run 2” လို့ အမည်ရတဲ့ ပူးတွဲနယ်လှည့်ဖျော်ဖြေပွဲအတွက် ကျင်းပမယ့် ရက်တချို့ကို သူ့ရဲ့တရားဝင် Facebook စာမျက်နှာမှာ တင်ခဲ့ပါတယ်။ ပြီးတော့ Ticketmaster ဝက်ဘ်ဆိုက်မှာလည်း အဲဒီရက်တွေကို တင်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်းမှာပဲ ပြန်ဖျက်ခဲ့ပါတယ်။

အဲဒီဖျော်ဖြေပွဲတွေနဲ့ ပတ်သက်လို့ကတော့ သူတို့နှစ်ဦးဘက်က တခုခု မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပေမယ့် သတင်းအရင်းအမြစ် တခုကတော့ သူတို့ လင်မယားနှစ်ဦးဟာ အတူတူ ဖျော်ဖြေဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အတွင်း သတင်းတခုက “သူတို့ (Jay-Z နဲ့ Beyonce) ဟာ အတူတူ နယ်လှည့် ဖျော်ဖြေပွဲလုပ်ဖု့ိ စီစဉ်ထားပါတယ်။ စီစဉ်ထားတဲ့အတိုင်း အရာအားလုံး အဆင်ပြေမယ်ဆိုရင်တော့ ဒီနှစ်ကုန် လောက်လောက်မှာ ဖြစ်လာမယ်လို့ ထင်ပါတယ်။ သူတို့ တကယ့်ကိုပဲ မျှော်လင့်နေတဲ့ အရာပါပဲ” လို့ ပြောပါတယ်။

အဲဒီ နယ်လှည့်ဖျော်ဖြေပွဲ အပြင် သူတို့နှစ်ဦးဟာ သီချင်းအသစ် တပုဒ်အတွက် အတူတူ အလုပ်လုပ်နေကြတယ် လို့ ဆိုပါတယ်။ သတင်း အရင်းအမြစ် တခုက “သူတို့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲမှာ ပါဝင်လာမယ့် သီချင်းအသစ် တပုဒ်အတွက် အလုပ်လုပ် နေကြပါပြီ” လို့ ပြောပါတယ်။

ဒုတိယ အတွင်းသတင်းတခုရဲ့ အဆိုအရ အဲဒီနယ်လှည့်ဖျော်ဖြေပွဲကို ဒီနှစ်နွေရာသီမှာ ပြုလုပ်မှာလို့ ဆိုပါတယ်။ အဲဒီ သတင်းအရ “သူတို့ဟာ ဒီနှစ် နွေရာသီကစလို့ နယ်လှည့်ဖျော်ဖြေပွဲ အတူတူ လုပ်ကြမှာပါ၊ သူတို့ မိသားစုအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။

အတွင်းသတင်းတခုကလည်း Jay-Z နဲ့ Beyonce တို့ဟာ သူတို့ရဲ့ ကလေးတွေဖြစ်တဲ့ သမီး Blue ၊ အမြွှာလေးတွေ ဖြစ်တဲ့ Sir နဲ့ Rumi တို့လည်း ပါဝင်လာကြမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီသတင်းက “သူတို့ဟာ အတူတူ ခရီးသွားကြပြီး ပျော်ဖို့ကောင်းတဲ့ မိသားစု စွန့်စားခန်းတခုကို ဖွင့်ကြမှာပါ” လို့ ဆိုပါတယ်။

မကြာခင် ပြုလုပ်နိုင်ဖွယ်ရှိတဲ့ သူတို့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ ကောလာဟလတွေကတော့ Hot 97 ရေဒီယိုရဲ့ “Ebro in the Morning” အစီအစဉ် တင်ဆက်သူ Laura Stylez က လေလှိုင်းကနေတဆင့် ပြောကြားခဲ့ရာကနေ စတင်ခဲ့ပါတယ်။

သူက “ဒါဟာ ကောလာဟလ တခုဖြစ်ပါတယ်။ ကျမမှာ သတင်းအရင်းအမြစ်တွေ ရှိပါတယ်။ ဒါ့ကြောင့်ကျမကို ဘာမေးခွန်းမှ လာမမေးပါနဲ့။ ထပ်ပြောပါမယ်။ ဒါဟာ ကောလာဟလ ဖြစ်ပါတယ်။ လူတယောက ်ပြောတာကို ကျမ ကြားခဲ့ရတာပါ။ Jay-Z နဲ့ Beyonce မကြာခင် နယ်လှည့်ဖျော်ဖြေပွဲ သတင်းကို ကြေညာမယ်လို့ ကြားခဲ့ရတာပါ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း သူတို့ နယ်လှည့်ဖျော်ဖြေပွဲရဲ့ စာမျက်နှာအသစ်က Ticketmaster U.K. နဲ့ အမေရိကန်နိုင်ငံက တရားဝင် ဝက်ဘ်ဆိုက်တွေမှာ ပေါ်လာခဲ့ပါတယ်။ အဲဒီ ကောလာဟလတွေဟာ အမှန်ဖြစ်တယ်လို့ ပရိသတ်တွေကို ယုံကြည်စေခဲ့ပါတယ်။

Ref ; aceshowbiz

The post ကမ္ဘာကျော် အဆိုတော်စုံတွဲ Jay-Z နဲ့ Beyonce တို့ ပူးတွဲ နယ်လှည့်ဖျော်ဖြေပွဲ လုပ်ဖို့ ရှိနေပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...