Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Goblin” မင်းသား Lee Dong-wook နဲ့ မင်းသမီး Suzy တို့ တွဲနေကြပြီ

$
0
0

တောင်ကိုးရီးယားနိုင်ငံ၊ K-Pop အမျိုးသမီးအဆိုတော်အဖွဲ့ “missA” အဖွဲ့မှ အဖွဲ့ဝင်ဟောင်း Suzy ဟာ F4 ချစ်သူ မင်းသား Lee Min Ho နဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က လမ်းခွဲလိုက်ပြီးနောက် သူ့ထက် အသက် ၁၃ နှစ်ကြီးတဲ့ စီနီယာ မင်းသား Lee Dong-wook နဲ့ တွဲနေကြပြီလို့ သူတို့ရဲ့ သက်ဆိုင်ရာ အနုပညာအေဂျင်စီတွေက အတည်ပြုလိုက်ပါတယ်။

“While You Were Sleeping” ဇာတ်လမ်းတွဲထဲက မင်းသမီး Suzy နဲ့ “Goblin” ဇာတ်လမ်းတွဲထဲက မင်းသား Lee တို့ဟာ သီးသန့် တွေ့ဆုံပွဲတခုမှာ တွေ့ဆုံခဲ့ပြီးနောက် တဦးနဲ့တဦး သိခဲ့ကြတာလို့ ဆိုပါတယ်။ Suzy ရဲ့ အနုပညာအေဂျင်စီ JYP Entertainment ကတော့ “သူတို့ (Suzy နဲ့ Lee Dong-wook) တယောက်အကြောင်း တယောက်သိတဲ့ အခြေအနေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မင်းသား Lee ရဲ့ ကုမ္ပဏီ King Kong by Starship ကတော့ “သူတို့ဟာ သီးသန့်တွေ့ဆုံပွဲတခုမှာ တွေ့ခဲ့ကြတာပါ။ သူတို့စာ တယောက်အကြောင်း တယောက် သိခဲ့ကြပြီး တဦးအပေါ်တဦး ခံစားချက်တွေလည်း ရှိကြပါတယ်။ အခုမှ အစပဲ ရှိသေးပြီး ဒီလောက်ပဲ သိထားတာကြောင့် သူတို့နှစ်ယောက်တွဲနေပြီလား၊ ချစ်သူတွေ ဖြစ်နေပြီလား ဆိုတဲ့အကြောင်းကို အများကြီး မပြောနိုင်သေးပါဘူး” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မတ်လ ၉ ရက်နေ့၊ အစောပိုင်းမှာ ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ TV Report က အဆိုတော်၊ မင်းသမီး Suzy နဲ့ “Goblin” မင်းသား Lee တို့ဟာ မေတ္တာမျှနေပြီလို့ သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ သူတို့ကို ချောင်ဒမ်ဒုံ ဆိုတဲ့ အရပ်မှာ အတူသွား အတူလာ ရှိခဲ့ကြတာကို တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဘေး ပတ်ဝန်းကျင်ကို သတိကြီးကြီး ထားခဲ့ကြပေမယ့် တဦးအပေါ်တဦး ချစ်မြတ်နိုးတာကိုတော့ ဖုံးကွယ် မထားနိုင်ခဲ့ဘူး လို့ ဆိုပါတယ်။ အနုပညာလုပ်ငန်းထဲက သတင်းရင်းမြစ်တွေရဲ့ အဆိုအရ မင်းသမီး Suzy ရဲ့ အနေအေးတဲ့ အကျင့်နဲ့ နှိမ့်ချတတ်တဲ့ ပုံစံက မင်းသား Lee ကို ဆွဲဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ထက်မြက်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတွေ ဖြစ်တာကြောင့် အတူတွဲမိခဲ့ကြတာလို့လည်း ဆိုကြပါတယ်။

မင်းသမီး Suzy က အသက် ၃၆ နှစ်အရွယ်၊ မင်းသား Lee ဟာ “သူ့ စိတ်ကူးထဲက အမျိုးသားပုံစံ ဖြစ်တယ်” လို့ ၂၀၁၂ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ “Strong Heart” အစီအစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။ မင်းသမီး Suzy ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ မင်းသားလီမင်ဟိုနဲ့ လမ်းခွဲလိုက်ကြောင်း အတည်မပြုမီအထိ ၃ နှစ်နီးပါးလောက် လီမင်းဟိုနဲ့ တွဲခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦး လမ်းခွဲလိုက်ရတဲ့ အကြောင်းကို ထုတ်ဖော် မပြောခဲ့ကြပေမယ့် မင်းသား လီမင်ဟိုဟာ လက်ရှိမှာ စစ်မှု ထမ်းဆောင်နေပါတယ်။ ဒီနှစ်အစောပိုင်း ဖေဖော်ဝါရီလထဲမှာ Suzy နဲ့ မင်းသား လီမင်ဟိုတို့ ပြန်တွဲနေကြပြီလို့ ကောလာဟလတွေ ထွက်ခဲ့ပေမယ့် သူတို့ရဲ့ အေဂျင်စီတွေက အဲဒီသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ကိုရီးယား မင်းသား လီမင်ဟိုနဲ့ မင်းသမီး ဆူဇီတို့ ပြန်တွဲနေကြပြီလား 

Ref: aceshowbiz

The post “Goblin” မင်းသား Lee Dong-wook နဲ့ မင်းသမီး Suzy တို့ တွဲနေကြပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...