Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“American Idol” အစီအစဉ်မှာ ဖြောင့်မတ်မှန်ကန်စွာ ဝေဖန်အကြံပြုမယ်လို့ ဆိုတဲ့ Katy Perry

$
0
0

ကမ္ဘာကျော် အမေရိကန် အဆိုတော် Katy Perry က “American Idol” သီချင်းဆိုပြိုင်ပွဲ အစီအစဉ်မှာ ဒိုင်လူကြီးတဦး အနေနဲ့ ဖြောင့်မတ် မှန်ကန်စွာ ဝေဖန်အကြံပြုမယ့်အကြောင်း ကတိပေးပြောဆို လိုက်ပါတယ်။

သူ့ရဲ့ ဒိုင်အဖြစ် ဆောင်ရွက်တဲ့ ပုံစံနဲ့ ပတ်သက်လို့ Katy Perry က “တကယ့်ကိုပဲ အပြုသဘော ဆောင်တဲ့ ဝေဖန်မှု ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကျမက ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုတတ်သူ တဦး ဖြစ်ပါတယ်။ တခါတလေ ကျမက တိကျ ပြတ်သားပါတယ်။ ပျော့ပျော့ပြောင်းပြောင်း မရှိဘူးလို့ ထင်ချင်လည်း ထင်နိုင်ပါတယ်။ ကျမကတော့ သူတို့တွေရဲ့ နေရာမှာ ဘယ်လို ခံစားနေရမှာကို သိတဲ့အတွက် ကျမကိုယ် ကျမ ကြိုးစားပြီး စောင့်ကြည့်ပါတယ်”

“သူတို့ အခြေအနေကို နားလည်ပါတယ်။ သူတို့ရဲ့ အကြောင်းတွေအားလုံးကြောင့် ကျမ အားကျရပြီး သတိတရ ဖြစ်စေပါတယ်။ ကျမအတွက် တညတည်းနဲ့ အောင်မြင်လာခဲ့တာ မဟုတ်ဘူးဆိုတာ ကျမ သိပါတယ်။ သူတို့ အနေနဲ့လည်း တညတည်းနဲ့ အောင်မြင်လာမှာ မဟုတ်ပါဘူး၊ သူတို့မှာ လျှောက်ရမယ့် လမ်း အဝေးကြီး ရှိပါသေးတယ်၊ ကျမ သူတို့ိကို စိတ်ရင်းနဲ့ ပေါင်းချင်ပါတယ်” လို့ Katy Perry က ပြောပါတယ်။

အရင် ကာလမှာတော့ တချို့ ရုပ်သံအဆိုပြိုင်ပွဲ တချို့မှာ ပြိုင်ပွဲဝင် တချို့ကြောင့် ဟားတိုက် ရယ်မောစရာ ဖြစ်ခဲ့ရတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် “Roar” သီချင်းအဆိုတော် Katy Perry ဟာ နောက်လာမယ့် အဆိုပြိုင်ပွဲတွေမှာ မတူညီတဲ့ ပုံစံမျိုး ဖြစ်လာမယ်လို့ ဝန်ခံပြောကြား လိုက်ပါတယ်။

“ကျမတို့ ပြိုင်ပွဲဝင်တွေကို အားပေးရပါမယ်။ ညံ့လိုက်တာလို့ ပြောပြီး ထုတ်ပယ်၊ မောင်းထုတ်တာမျိုး မရှိပါဘူး။ ဒါဟာ ကျမတို့ လုပ်နေကျ အရာလည်း မဟုတ်ပါဘူး၊ အရင်တုန်းက တချို့ကိစ္စတွေ ရှိခဲ့ပေမယ့် တချို့တွေရဲ့ ဟာသဉာဏ် အစွမ်းကို အားသားချက်အနေနဲ့ ယူနိုင်တယ်လို့ ကျမထင်ပါတယ်။ ကျမ ထပ်ပြီးတော့ ဟားတိုက်ရယ်မောမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကျမတို့ ရယ်သင့်သလောက်တော့ ရယ်ပါမယ်” လို့ Katy Perry က People မဂ္ဂဇင်းကို ပြောပါတယ်။

အဆိုတော် Katy Perry က ဒီလိုမျိုး ပြိုင်ပွဲတွေဟာ အမေရိကန်က သီချင်းဆို ဝါသနာရှင်တွေအတွက် သူတို့ရဲ့ အိပ်မက်တွေ ရှင်သန်ရပ်တည်နိုင်ဖို့ အခွင့်အရေးတရပ်အနေနဲ့ ကိုယ်စားပြုတယ်လို့ ယခင်က ပြောဖူးပါတယ်။

“ပြိုင်ပွဲဝင်တွေမှာ ရှာဖွေ ဖော်ထုတ်ဖို့ လိုအပ်နေဆဲဖြစ်တဲ့ အရည်အချင်းတွေ ရှိနေတုန်းပါ၊ ဒီ လှိုင်းလှေ ကြမ်းတမ်းမှု တွေထဲမှာ ကြယ်ပွင့်တွေ၊ စိန်တွေ ရှိနေဆဲပါ၊ တကယ်လို့များ သူတို့တွေမှာသာ အရည်အချင်းရှိတယ်၊ တကယ်အလုပ် ကြိုးစားတယ်ဆိုရင် ကြီးမြတ်တဲ့ American Dream အမှန်တကယ်ဖြစ်လာဖို့ တောက်ပလာစေဖို့ သူတို့အတွက် လမ်းကြောင်း နည်းနည်း ကျမတို့ ဖောက်ပေးမှာပါ” လို့ Katy Perry က ပြောပါတယ်။

Ref ; contactmusic

The post “American Idol” အစီအစဉ်မှာ ဖြောင့်မတ်မှန်ကန်စွာ ဝေဖန်အကြံပြုမယ်လို့ ဆိုတဲ့ Katy Perry appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...