Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိသားစုအတွက် ရုန်းကန် ကျွေးမွေးသူ “The Breadwinner (2017)”

$
0
0

ဒီတပတ်မှာတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ ကာတွန်းဇာတ်လမ်း ကားကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက စာရေးဆရာ Deborah Ellis ရဲ့အရောင်းရဆုံး ဝတ္ထုကို အခြေခံရိုက်ကူး ထားပြီး IMDB Rating (7.6) ရရှိထားပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ တာလီဘန်တွေ အုပ်စိုးနေတဲ့ ကဘူးလ်မြို့မှာ အသက် ၁၁ နှစ်အရွယ် ပါဗာနာဆိုတဲ့ ကောင်မလေးဟာ ခြေတဖက် ပြတ်နေတဲ့ ဖခင်နဲ့ မိခင်အိုကြီးတို့ကို လုပ်ကျွေးနေရသူလေးပါ။ တနေ့မှာတော့ အစွန်းရောက် လူတချို့ဟာ ပါဗာနာရဲ့ဖခင်ကြီးကို မှားယွင်းစွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

မိခင်အိုကြီးနဲ့ ပါဗာနာဟာ သူ့ဖခင်ကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ထောင်ကို လိုက်လံစုံစမ်းပြီး တွေ့ဖို့ကြိုးစားခဲ့ပေမယ့် အစွန်းရောက်တွေရဲ့ တားဆီးရိုက်နှက်ခြင်းကိုသာ ခံခဲ့ရပါတယ်။ မိန်းမသားတွေဟာ ယောကျာ်းလေး အုပ်ထိန်းသူ ပါမှ အပြင်ထွက်ခွင့်ရှိတဲ့ အစွန်းရောက်တွေ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်အရ ဖခင်ကြီးကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ နောက်မှာ အပြင်ထွက်ခွင့် မရှိတာကြောင့် ပါဗာနာတို့ မိသားစုဟာ စားရေးသောက်ရေးကအစ ခက်ခဲလာခဲ့ပါတယ်။

ဒီလို အကြပ်အတည်းတွေကြားမှာ မိသားစုအခက်အခဲကို ပါဗာနာတယောက် ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုရင်းနဲ့မှ သိလာမှာပါ။

“မင်းပြောတဲ့ အသံထက် မင်းရေးတဲ့ စာတွေက လူတွေအပေါ် အကျိုးသက်ရောက်မှု ပိုရှိပါတယ်။ ပန်းလေးတွေကို ပွင့်အောင် လုပ်ပေးတာ မိုးရေပါ၊ မိုးခြိမ်းသံတွေ မဟုတ်ပါဘူး”တဲ့။ ဒါကတော့ ဒီဇာတ်ကားထဲမှာ ပါတဲ့ ဒိုင်ယာလော့ တွေပါ။

ဒီဇာတ်ကားရဲ့ထုတ်လုပ်ရေးမှာ မင်းသမီး အင်ဂျလီနာဂျိုလီ ကိုယ်တိုင်ပါဝင်ထားပြီး အကြိမ် ၉၀ မြောက် အကယ်ဒမီ ဆန်ကာတင် ဇာတ်ကားလည်း ဖြစ်တာမို့ အချိန်ပေးပြီး ကြည့်ရှုကြည့်ဖို့ ညွှန်းဆိုလိုက်ပါတယ်။

The post မိသားစုအတွက် ရုန်းကန် ကျွေးမွေးသူ “The Breadwinner (2017)” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...