ကမ္ဘာကျော် Rap အဆိုတော် Eminem ဟာ “၂၀၁၈ ခုနှစ် iHeartRadio ဂီတဆုပေးပွဲ” မှာ လက်နက်ထိန်းချုပ်ရေး အကြောင်းနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပြီး အမျိုးသားရိုင်ဖယ်အသင်း (NRA – National Rifle Association) ကိုလည်း ဖျော်ဖြေနေစဉ်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
သူဟာ မတ် ၁၁ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ The Forum မှာ ကျင်းပခဲ့တဲ့ အဆိုပါ “iHeartRadio ဂီတဆုပေးပွဲ” မှာ “Nowhere Fast” သီချင်းကို သီဆို ဖျော်ဖြေခဲ့တာဖြစ်ပြီး သီချင်းရဲ့ Rap စာသား အစမှာပဲ ရိုင်ဖယ်အသင်းကို ဝေဖန်တဲ့စာသားတွေနဲ့ စတင်ထားပါတယ်။
သူက “ဒီတနိုင်ငံလုံးဟာ ဂယက်ထနေပါပြီ။ ပြီးတော့ NRA က ကိုယ့်လမ်းကိုယ် လျှောက်နေပါတယ်။ သူတို့တွေက ကြိုးတွေကို ကိုင်ထားတယ်။ ရုပ်သေးရုပ်တွေကို ထိန်းချုပ်ထားတယ်” လို့ သီဆိုခဲ့တာပါ။
ဒါ့အပြင် “အစိုးရက ဘာမှမလုပ်နိုင်တာကို သူတို့က သိတဲ့အတွက် မလှူတော့ဘူးလို့ ခြိမ်းခြောက်ထားပါတယ်။ ဘယ်သူကမှလည်း မလှုပ်ရှားရဲပါဘူး။ သေနတ်ပိုင်ရှင်တွေက ကျည်ဆံ အပြည့်ထည့်ထားတဲ့ လက်နက်တွေနဲ့ ရမ်းကားနေပါတယ်။ သူတို့ရဲ့ ကလေးတွေထက် သေနတ်ကို ပိုချစ်တယ်လေ” လို့ သီချင်းထဲမှာ သီဆိုခဲ့တာ ဖြစ်ပါတယ်။
သူနဲ့အတူ သီဆိုခဲ့သူက Kehlani ဖြစ်ပြီး သီချင်းရဲ့ Chorus အပိုဒ်ကို သီဆိုခဲ့တာပါ။ တီးဝိုင်းတခုနဲ့အတူ ပေါင်းစပ် ဖျော်ဖြေခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ ပွေ့ဖက် နှုတ်ဆက်ခဲ့ကြပါတယ်။
အဲဒီပွဲမှာတော့ Bon Jovi က သူ့ရဲ့ နာမည်ကျော်တေးသီချင်းတွေ ဖြစ်တဲ့ “It’s My Life” နဲ့ “You Give Love a Bad Name” သီချင်းတို့ကို ဖျော်ဖြေပြီး ပရိသတ်တွေကို အတိတ်ကာလများဆီ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ ကောက်ကွေးတဲ့ ဆံပင်ပုံစံနဲ့ ပြင်ဆင်လာခဲ့တဲ့ အဆိုတော် Charlie Puth ကတော့ အဲဒီညရဲ့ စင်မြင်ပေါ်မှာ ပရိသတ်အားပေးမှုအရဆုံး ဖြစ်ခဲ့ပါတယ်။
ရော့ခ်ဂီတ တီးဝိုင်းတခုဖြစ်တဲ့ N.E.R.D ကတော့ DJ Khaled နဲ့ Hailey Baldwin တို့ရဲ့ အစီအစဉ်တင်ဆက်မှုနဲ့အတူ အစီအစဉ်ကို ပိတ်သိမ်းပေးခဲ့ပါတယ်။
“iHeartRadio Music Awards 2018” ဆုရရှိသူများ စာရင်း
• Song of the Year: “Shape of You” – Ed Sheeran
• Male Artist of the Year: Ed Sheeran
• Female Artist of the Year: Taylor Swift
• Best Duo/Group of the Year: Maroon 5
• Best New Artist: Cardi B
• Song of the Year: “Something Just Like This” – The Chainsmokers feat. Coldplay
• Best New Pop Artist: Liam Payne
• Alternative Rock Artist of the Year: Imagine Dragons
• Best New Rock/Alternative Rock Artist: Judah & The Lion
• Rock Song of the Year: “Run” – Foo Fighters
• Rock Artist of the Year: Metallica
• Country Song of the Year: “Body Like a Back Road” – Sam Hunt
• Country Artist of the Year: Thomas Rhett
• Best New Country Artist: Luke Combs
• Dance Song of the Year: “Stay” – Zedd feat. Alessia Cara
• Dance Artist of the Year: The Chainsmokers
• Hip-Hop Song of the Year: “Wild Thoughts” – DJ Khaled feat. Rihanna and Bryson Tiller
• Hip-Hop Artist of the Year: Kendrick Lamar
• Best New Hip-Hop Artist: Cardi B
• R&B Song of the Year: “That’s What I Like” – Bruno Mars
• R&B Artist of the Year: Bruno Mars
• Best New R&B Artist: Khalid
• Latin Song of the Year: “Despacito” – Luis Fonsi and Daddy Yankee
• Latin Artist of the Year: Luis Fonsi
• Best New Latin Artist: Abraham Mateo
• Regional Mexican Song of the Year: “Las Ultras” – Calibre 50
• Regional Mexican Artist of the Year: Calibre 50
• Best Lyrics: “Slow Hands” – Niall Horan
• Best Cover Song: “The Chain” – Harry Styles
• Best Fan Army presented by Taco Bell: Bangtan Boys a.k.a. BTS
• Best Music Video: “Sign of the Times” – Harry Styles
• Social Star Award: Anitta
• Cutest Musician’s Pet: Toulouse – Ariana Grande
• Best Boyband: Bangtan Boys a.k.a. BTS
• Best Solo Breakout: Liam Payne
• Best Remix: “Reggaeton Lento” – CNCO and Little Mix
Ref ; aceshowbiz
The post အမျိုးသား ရိုင်ဖယ်အသင်းကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ အဆိုတော် Eminem appeared first on ဧရာဝတီ.