Quantcast
Viewing all articles
Browse latest Browse all 7343

Wonder Woman ဇာတ်ကောင် ဖန်တီးခဲ့သူ Professor Martson ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း

ဒီတပတ်မှာတော့ စူပါဟီးရိုး တယောက်ဖြစ်တဲ့ Wonder Woman ဖြစ်ပေါ်လာပုံ အကြောင်းကို ဒါရိုက်တာ Angela Robinson ရိုက်ကူးထားတဲ့ “Professor Martson and The Wonder Women” ဖြစ်ရပ်မှန် ဇာတ်ကား တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားဟာ Batman နဲ့ Superman တို့လို စူပါဟီးရိုးတွေနဲ့ အပြိုင် ရင်ဘောင်တန်းနိုင်တဲ့ Wonder Woman ဇာတ်ကောင်ကို ဖန်တီးခဲ့တဲ့ စိတ်ပညာရှင် Professor Martson အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်း အစမှာ Wonder Woman Comic စာအုပ်တွေကို ကလေးတွေက မီးပုံရှို့နေတာ ရိုက်ပြထားပါတယ်။ စိတ်ပညာရှင် တယောက်ဖြစ်တဲ့ Professor Martson ဟာ Wonder Woman ဇာတ်ကောင်ကို သူ့ဘဝမှာ အချစ်ရဆုံး အမျိုးသမီး နှစ်ယောက်ပေါ်မှာ အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် ကာလတွေမှာတော့ သူတို့ ၃ ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ လူတွေအတွက်တော့ ရှုံ့ချဝေဖန်စရာ ဖြစ်နေပြီး Wonder Woman Comic စာအုပ်တွေဟာလည်း အစိုးရပိုင်းကပါ စွက်ဖက်လာတဲ့ အနေအထားတခုထိ ရောက်လာခဲ့ ပါတယ်။

Comic စာအုပ်မှာ ပါဝင်တဲ့ တချို့သော ဇာတ်ဝင်ခန်းတွေဟာ ကလေးတွေ ဖတ်ရှုဖို့ မသင့်တော်ဘူးလို့ အစိုးရပိုင်းက ယူဆတဲ့အပြင် Wonder Woman ဟာလည်း Bisexual (လိင်တူလိင်ကွဲ နှစ်မျိုးလုံး ကြိုက်သူ) တယောက် ဖြစ်တာကြောင့် အဲ့ဒီခေတ်က လူအများစုဟာ Wonder Woman ဇာတ်ကောင်ကို အပြင်းအထန် ရှုံ့ချခဲ့ကြပါတယ်။ ဒါတွေကို Professor Martson တယောက် ဘယ်လို ရင်ဆိုင်ခဲ့ရလဲ ဆိုတာ ဇာတ်လမ်းမှာ ဆက်လက် ကြည့်ရှုရမှာပါ။

IMDB Rating (7.1) ရရှိထားတဲ့ ဒီဇာတ်ကားဟာ စူပါဟီးရိုး ဇာတ်ကောင်တွေထဲမှာ Wonder Woman ရဲ့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ အနေအထားတခုကို ရိုက်ကူးတင်ပြထားတာကြောင့် Wonder Woman ပရိသတ်တွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကား ကောင်းတကားအဖြစ် ညွှန်းဆိုလိုက်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ – “Wonder Woman 2” ရုပ်ရှင်မှာ မင်းသမီး Emma Stone ဗီလိန်အဖြစ် ပါဝင်လာမလား

Wonder Woman သရုပ်ဆောင် မင်းသမီးရဲ့ ဘဝ တစိတ်တဒေသ

The post Wonder Woman ဇာတ်ကောင် ဖန်တီးခဲ့သူ Professor Martson ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ