Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိပ်မရတဲ့ ညတွေကနေ တဖြည်းဖြည်း ဆိုးရွားလာတဲ့ “The Machinist (2004)”

$
0
0

ဒီတခါမှာတော့ Batman မင်းသားလို့သိကြတဲ့ မင်းသားကြီး Christian Bale ပါဝင်တဲ့ The Machinist ဆိုတဲ့ ဇာတ်ကား ကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Brad Anderson ရိုက်ကူးထားပြီး IMDB Rating (7.7) ရရှိထားတဲ့ ဒီဇာတ်ကားဟာ Psycho Drama အမျိုးအစားဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ Insomnia ရောဂါ ခံစားနေရတဲ့ စက်ရုံလုပ်သား Trevor အဖြစ် Christian Bale က သရုပ်ဆောင်ထား ပါတယ်။ Insomnia ရောဂါဆိုတာဟာ ညဘက် အိပ်မပျော်တဲ့ ရောဂါဖြစ်ပြီး ဒီရောဂါရဲ့ ဆိုးကျိုးကတော့ အင်အားချိနဲ့ပြီး ပိန်လှီလာတာပဲ ဖြစ်ပါတယ်။

ဒီရောဂါ ခံစားနေရတဲ့ Trevor ဟာ သူ့လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက် တယောက်ကို မတော်တဆမှု တခုဖြစ်အောင် လုပ်မိသလို ဖြစ်သွားပြီး အဲဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ သတိတရားက တဖြည်းဖြည်း ဆိုးရွား လာပါတော့တယ်။ လူတယောက်ရဲ့ အိပ်မရတဲ့ ညတွေက အစပြုလို့ သူ့ရဲ့ အာရုံမှောက်မှားမှုတွေဟာ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ဖြစ်လာစေသလဲ ဆိုတာကို ဒီဇာတ်လမ်းကို ဆက်လက် ကြည့်ရှုရင်းနဲ့ သိလာမှာပါ။

ဒီဇာတ်ကားမှာ Insomnia ရောဂါ ခံစားနေရတဲ့ သူတယောက်ရဲ့ ခန္ဓာကိုယ်မျိုး ဖြစ်အောင် Christian Bale ဟာ သူ့ရဲ့ ခန္ဓာကိုယ် မူလအလေးချိန် ၁၇၄ ပေါင်ကို ပေါင် ၆၀ အထိ ချပစ်ပြီး တကယ့်ရောဂါသည်နဲ့ တူအောင် ပြုလုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားအတွက် သူ့ရဲ့ပြင်ဆင်မှုဟာ အံ့သြစရာကောင်းလှပြီး Body Transformation အကြီးမားဆုံး လုပ်ခဲ့တဲ့ ထိပ်တန်းမင်းသား ၁၀ ဦး စာရင်းမှာ Christian Bale ဟာ တဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ဆု ၇ ဆု ရရှိထားပြီး ရုပ်ရှင်ဝေဖန်ရေးသမား အများစုကပါ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားလို့ အကြံပြုကြတာမလို့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ဒီတပတ် ပိတ်ရက်မှာ ကြည့်ရှုနိုင်အောင် ညွှန်းဆိုပေးလိုက်ပါတယ်။

The post အိပ်မရတဲ့ ညတွေကနေ တဖြည်းဖြည်း ဆိုးရွားလာတဲ့ “The Machinist (2004)” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles