Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်

$
0
0

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ပေးပွဲကြီးမှာ “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” ရရှိခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က ၁၃ နှစ် အကြာမှာ ထပ်ဆင့်အကယ်ဒမီ ရရှိခဲ့ပြီလို့ ပြောပါတယ်။

“အခု ဒုတိယဆုကို ၁၃ နှစ် အကြာမှာ ရခဲ့ပါပြီ။ အကယ်ဒမီဆုကို ချီးမြှင့်ပေးတဲ့ အကယ်ဒမီ ဘုတ်အဖွဲ့မှ လူကြီးမင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒီ “ရင်ဘတ်ထဲကဓား” ဇာတ်ကားနဲ့ ရခဲ့လို့ ပိုပြီးတော့ ဝမ်းသာပါတယ်။ တီဗီက ကြည့်နေတဲ့ မေမေ့ကိုလည်း ဦးခိုက်ပါတယ်” လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

“ရင်ဘတ်ထဲကဓား” ရုပ်ရှင် ဇာတ်ကားကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “အမှောင်ထဲမှာ” ဆိုတဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက ပြန်လည် ပုံဖော်ရိုက်ပြီး အဆိုပါဇာတ်ကားနဲ့ပဲ ဒါရိုက်တာဝိုင်းက ဒီနှစ်မှာ ဇာတ်ညွှန်းဆု အကယ်ဒမီ ရရှိခဲ့ပါတယ်။

ဆက်လက်ပြီး အိန္ဒြာကျော်ဇင်က “ရင်ဘတ်ထဲကဓား”ဇာတ်ကားကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “အမှောင်ထဲမှာ” ဆိုတဲ့ ဝတ္ထု မရှိခဲ့ရင် ဒီလိုမျိုး ရိုက်ခွင့် မရပါဘူး။
ဆရာမကြောင့် ဒီဆုကို ရခဲ့တာပါ။ ဆရာမကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒါရိုက်တာ ကိုဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကားမှာ အူဝဲနဲ့အတူ သရုပ်ဆောင်တဲ့ အူဝဲရဲ့ ဦးစီး ဦးတီကို ကျေးဇူးတင်ပါတယ်” လို့ ဝမ်းသာအားရ ပြောပါတယ်။

အကယ်ဒမီ အိန္ဒြာကျော်ဇင်ဟာ လွန်ခဲ့ ၁၃ နှစ်၊ ၂၀၀၄ ခုနှစ်မှာ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးတဲ့ “မျက်နှာများတဲ့ မိုးကောင်းကင်” ဇာတ်ကားနဲ့ သူမရဲ့ ပထမဆုံး “အမျိုးသမီး ဇာတ်ဆောင်ဆု”ကို ရရှိခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “ဒီနှစ် အကယ်ဒမီ အူဝဲကို ရစေချင်တယ်” ဆိုတဲ့ အကယ်ဒမီ မယ်လိုဒီ

The post ၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles