Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Jennifer Aniston ရဲ့ ညစာစားဖို့ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်တဲ့ အင်ဂျလီနာဂျိုလီ

$
0
0

ကမ္ဘာကျော် မင်းသမီးတွေ ဖြစ်ကြတဲ့ အင်ဂျလီနာဂျိုလီ (Angelina Jolie) နဲ့ ဂျနီဖာ အန်နစ္စတန် (Jennifer Aniston) တို့ဟာ သူတို့နှစ်ဦးကြားမှာ ရှိတဲ့ ခါးသီးတဲ့ အမုန်းတရားကို မဖယ်ရှားနိုင်သေးတဲ့ ပုံရပါတယ်။ မင်းသမီး ဂျနီဖာဟာ နှစ်ဦးသား ပြေလည်ရေး လမ်းကြောင်းကို ဖောက်ခဲ့ပေမယ့် ဂျိုလီကတော့ သူ့ ခင်ပွန်းဟောင်းရဲ့ ဇနီးဟောင်းနဲ့ ပြေလည်ရေးကို စိတ်မဝင်စားသေးတဲ့ပုံပါပဲ။

InTouch မီဒီယာရဲ့အဆိုအရ ဂျနီဖာဟာ ဂျိုလီနဲ့အတူ ချစ်ကြည်ရေး ညစာသုံးဆောင်ဖို့ ဖိတ်ကြားချက် တခုကို ပို့ပေးခဲ့ပါတယ်။ သတင်းရင်းမြစ်တခုက “Jennifer ဟာ အတိတ်က ကိစ္စတွေကို ဖြေရှင်းဖို့ အချိန်ရောက်လာခဲ့ပြီလို့ ထင်ထားခဲ့တာပါ” လို့ ပြောပါတယ်။ ဒါ့အပြင် ‘Friend’ ဇာတ်လမ်းတွဲ သရုပ်ဆောင် Jennifer ဟာ Justin Theroux နဲ့ လမ်းခွဲပြီးတဲ့နောက် အရာအားလုံး အသစ်ကနေ ပြန်စချင်နေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ဂျိုလီကတော့ အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ တောင်းပန်မှုကို လက်ခံ ချင်တာကြောင့်လို့ ဆိုပါတယ်။ သတင်းရင်းမြစ် တခုက “နှစ်ဦးသား အတူ ညစာစားဖို့ အစီအစဉ်က မုန်တိုင်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

webloid မီဒီယာရဲ့ အဆိုအရကတော့ နှစ်ဦးကြားက အာဃာတကို အဆုံးသတ်ဖို့ Jennifer ရဲ့ ကြိုးပမ်းမှုကို ငြင်းပယ် လိုက်တာဟာ အခုနောက်ပိုင်းမှာ Brad နဲ့ မရှင်းမရှင်း ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် မနာလို ဖြစ်နေခဲ့တာလို့ ဆိုပါတယ်။ အထက်ဖော်ပြပါ သတင်းရင်းမြစ်က “Brad နဲ့ Jennifer ဟာ အတူတူ ပြန်နေမှာက သူ့အတွက် စိုးထိတ်စရာ ဖြစ်ပါတယ်၊ အဲဒါကို စိုးရိမ်နေတာပါ” လို့ ပြောကြားထားပါတယ်။

Jennifer နဲ့ Brad တို့ ပြန်ပေါင်းထုပ်သွားပြီဆိုတဲ့ ကောလာဟလတွေဟာ လက်ရှိမှာတော့ အများ ပြောစရာ ဖြစ်နေပြီး ကြားက အောင်သွယ်တော်က မင်းသား George Clooney ဖြစ်တယ်လို့ ဆိုပါတယ်။ Justin နဲ့လမ်းခွဲခဲ့တဲ့ Jennifer ဆီ ချဉ်းကပ်ပြီးတော့ တွန်းအားပေးခဲ့တာလို့ဆိုပါတယ်။

သတင်းရင်းမြစ်တခုက ” သူတို့ နှစ်ယောက် (Brad နဲ့ Jennifer တို့ဟာ George ကြောင့် ညနှောင်းပိုင်းတွေမှာ အတူတူ လျှို့ဝှက်တွေ့ဆုံခဲ့ကြပါတယ်” လို့ ပြောပါတယ်။ Jennifer နဲ့ Justin တို့လမ်းခွဲပြီးတဲ့နောက် George က Brad ဆီသွားပြီး သူတို့ နှစ်ယောက်ရဲ့ အချစ်ရေးအတွက် အခွင့်အရေးတခုကို ပေးခဲ့ပါတယ်” လို့လည်း ဆိုပါတယ်။

မင်းသမီး Jennifer ဟာ မင်းသား George နဲ့ ၁၉၉၀ ပြည့်လွန် နှစ်တွေကစလို့ ၂၀၀၅ ခုနှစ်အထိ အတူတူ ရှှိခဲ့ဖူးတာ ကြောင့် ရင်းနှီးတယ်လို့ ဆိုနိုင်ပါတယ်။ Jolie နဲ့ လက်ထပ်ထားချိန်မှာ Brad ရဲ့ ဘဝထဲကနေ ခေတ္တ လက်ရှောင် နေခဲ့ ပေမယ့် Jolie နဲ့ Brad တို့လမ်းခွဲပြီးနောက်ပိုင်း Jennifer နဲ့ပြန်အဆင်ပြေဖို့ George က ကြားဝင် ကြိုးစားပေးနေတာ လည်း ဖြစ်ပါတယ်။

မင်းသမီး အင်ဂျလီနာဂျိုလီကတော့ မကြာခင်မှာ ဗြိတိသျှ သန်းကြွယ်သူဌေးကြီး တဦးနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိနေပါတယ်။

ဆက်စပ် သတင်းလင့်ခ် – မင်းသမီး အင်ဂျလီနာဂျိုလီ ဗြိတိသျှ သန်းကြွယ် သူဌေးတဦးနှင့် လက်ထပ်တော့မည်

Ref ; aceshowbiz

The post Jennifer Aniston ရဲ့ ညစာစားဖို့ ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်တဲ့ အင်ဂျလီနာဂျိုလီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343