Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကျနော် ရွာသားပါ”လို့ ပြောလိုက်တဲ့ စကားအပေါ် ပြန်ဖြေရှင်းလိုက်တဲ့ အကယ်ဒမီ စင်ရော်မောင်မောင်

$
0
0

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီပွဲမှာ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားနဲ့ “အကောင်းဆုံး ဒါရိုက်တာဆု” ရရှိခဲ့တဲ့ ထပ်ဆင့် အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်က အကယ်ဒမီ စင်မြင့်ထက်မှာ ကျေးဇူးတင်စကား ပြောကြားရာ “ကျနော် ရွာသားပါ”လို့ ပြောလိုက်တဲ့အပေါ် ပရိသတ်အချို့ အထင်လွဲသွားတဲ့အတွက် သူ့ Facebook အကောင့်ကနေ အခုလို ပြန်ဖြေရှင်းလိုက်ပါတယ်။

“ပရိသတ်ကြီး ခင်ဗျား၊ ကျနော် အကယ်ဒမီ စင်မြင့်ပေါ်မှာ ပြောတဲ့စကားက ဟိုးရှေးခေတ်က ဒါရိုက်တာကြီးများက စပြီး ဒီဘက်ခေတ်က ဒါရိုက်ကြီးများမှသည် မြန်မာပြည်မှာနေပြီး ခေတ်တွေ စနစ်တွေအောက်မှာ ကြိုးစားခဲ့ကြတာကို ပြောတာပါ ခင်ဗျား။ ကျနော်လည်း အဲဒီ ဘဝကို ဖြတ်သန်းလာခဲ့သူ တယောက်ပါ။ ၎င်းအပြင် ယနေ့ တတ်လာတဲ့ လူငယ် ဒါရိုက်တာတွေကို ကျနော် ကြိုဆိုခဲပါတယ်။ ထူးပိုင်ဇော်ဦး၊ ဇဏ်ခီတို့ ဇနီးမောင်နှံ၊ အောင်မြတ်၊ ဝင်းလွင်ထက် အစရှိသည်တို့ကို ကျနော် ကြိုဆိုခဲ့ ပါတယ်” လို့ အကယ်ဒမီ စင်ရော်မောင်မောင်က ရေးသားထားပါတယ်။

ဆက်လက်ပြီး “လွန်ခဲ့သော ၁၄ နှစ်၊ ၁၅ နှစ်ခန့်က ဇာတ်ကားများကို မကြည့်ခဲ့ရသော လူငယ်များက Facebook ပေါ်မှာ ဝိုင်းဝန်းဆဲဆို ရေးသားနေသည့်အတွက် အထူး စိတ်မကောင်း ဖြစ်ရပါတယ်။ ကျနော် ပြောချင်တာက ဝါရင့်တဲ့ သူတွေကို ကျနော်တို့ အငယ်လေးတွေ လေးစားခဲ့သလို ကျနော်တို့ ဝါရင့်တဲ့ လူကြီးဘဝမှာ လူငယ်တွေကို လက်ကမ်းပြီး တယောက်နဲ့ တယောက် အဖြူရောင် ဆက်ဆံရေးကို ပြောတာပါ။ ဒါကို နားလည် သဘောပေါက် ခွင့်လွှတ်နိုင်ပါစေ” လို့ အကယ်ဒမီ စင်ရောင်မောင်မောင် ရေးသားထားပါတယ်။

“၁၄ နှစ် ဝေးနေတဲ့ဆု ပြန်ရောက်လာတော့ အရမ်းဝမ်းသာပါတယ်။ အရေးကြီးဆုံး ဂါရဝပြုချင်တာက ဘဘ ဦးလေးသု၊ ဘဘ ဦးတင်မောင်၊ ဘဘ ဘိုကလေးတင့်အောင် အစရှိတဲ့ ဆရာကြီး ဦးတင်ဦး ဒီဖက်ခေတ် ကျနော် အပါအဝင် အနုပညာရှင်တွေ အများကြီးရှိပါတယ်။ ဒီထဲမှာလည်း မြန်မာပြည်မှာပဲနေ၊ မြန်မာပြည်မှာပဲ ပညာ သင်ပြီးတော့ မြန်မာ့ရုပ်ရှင်လောက အတွက် ကြိုးစားနေတဲ့သူတွေ အားလုံးမှာလည်း ဒီဆရာကြီးတွေ ပါဝင်ပါတယ်။ ကျနော်တို့ ဒီတိုင်းပြည်မှာ နေပြီးတော့ ဒီဆရာကြီးတွေဆီက သင်ပြီးတော့ ဒီပညာရပ်တွေနဲ့ ဒီစင်မြင့်ပေါ်ကို ရောက်လာခဲ့တာပါ။ ကျနော်ရွာသားပါ” လို့ ဒါရိုက်တာ စင်ရောင်မောင်မောင်က အကယ်ဒမီ စင်မြင့်ထက်မှာ ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။

အကယ်ဒမီ စင်ရော်မောင်မောင်က ဝါရင့်အနုပညာရှင်များကို ၎င်းတို့က လေးစားခဲ့သလို ဝါရင့်တဲ့သူတွေကလည်း ၎င်းတို့ကို အပြန်အလှန် လေးစားခြင်းအားဖြင့် တယောက်နဲ့ တယောက် အဖြူရောင် သံယောဇဉ်များနဲ့ အရောင် မဆိုးကြပါနဲ့လို့လည်း ပြောပါတယ်။

“ဒီကနေ့ လူငယ် ဒါရိုက်တာတွေ၊ သိပ်တော်တဲ့သူတွေ အများကြီးပေါ်လာတယ်။ သူတို့ ထူးထူးချွန်ချွန် ရိုက်နေကြတာ အရမ်း ချီးကျူးပါတယ်။ ဂုဏ်ယူပါတယ်။ နောင်အနာဂတ်အတွက်လည်း တော်တော်လေး စိတ်အေးပါတယ်။ ကျနော့်လိုပဲ ကျနော့်ဆရာတွေလဲ လေးစားကြပါတယ်။ ဒီလိုအကြီးနဲ့အငယ် အဖြူရောင် ဆက်ဆံရေးကို အရောင် မဆိုးပါနဲ့။ အရောင်ဆိုးတဲ့လူများရှိပါတယ်” လို့ ဆိုပါတယ်။

အကယ်ဒမီ စင်ရော်မောင်မောင်က ယခုအခါမှာ အကယ်ဒမီ ရွှေစင်ရုပ်ထုပေါင်း၊ စုစုပေါင်း ၆ ဆု ပိုင်ဆိုင်သွားခဲ့ပြီလို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ” ပရိသတ် ရင်ခုန်သံနဲ့ ထပ်တူကျခဲ့သလား

The post “ကျနော် ရွာသားပါ”လို့ ပြောလိုက်တဲ့ စကားအပေါ် ပြန်ဖြေရှင်းလိုက်တဲ့ အကယ်ဒမီ စင်ရော်မောင်မောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”