Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Avengers 4” ရုပ်ရှင်မှာ Captain America အဖြစ် နောက်ဆုံး မြင်တွေ့ရမယ့် မင်းသား Chris Evans

$
0
0

မင်းသား Chris Evans ကို Captain America အနေနဲ့ မြင်တွေ့ရဖို့ ရက်တွေကို ရေတွက်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက သူရဲကောင်း တယောက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ “Captain America: The First Avenger” ရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်၊ မင်းသား Chris ဟာ “Avengers 4” ရုပ်ရှင်ပြီးရင်တော့ သူ့ရဲ့ Captain America ဒိုင်းကို လက်လွတ်ဖို့ စီစဉ်ထားပါတယ်လို့ ပြောကြားလိုက်ပါတယ်။

နောက်ထပ်လုပ်မယ့် အနုပညာအလုပ်တွေ အကြောင်း New York Times သတင်းစာနဲ့ ပြောဆိုခဲ့ရာမှာ “Snowpiercer” ရုပ်ရှင်စတား မင်းသား Chris က “Avengers: Infinity War” နဲ့ “Avengers 4” ရုပ်ရှင် ပြီးရင်တော့ အဲဒီနောက်ပိုင်း နောက်ဆက်တွဲ ရုပ်ရှင်တွေမှာ ပြန်လည်ပါဝင်လာဖို့ အစီအစဉ် မရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ သူက “သူတို့ ကန်မထုတ်ခင်မှာ ရထားပေါ်ကနေ ဆင်းရမှာပဲလေ” လို့ ပြောပါတယ်။

“Infinity War” နဲ့ “Avengers 4” ရုပ်ရှင်တို့မှာ တချို့စူပါဟီးရိုး ဇာတ်ကောင်တွေအတွက် နောက်ဆုံးပါဝင်ခြင်း ဆိုတဲ့ ကောလာဟလသတင်းတွေ ရှိခဲ့ပေမယ့် Marvel ကတော့ ဘယ်ဇာတ်ကောင်ဖြစ်တယ် ဆိုတာကို တရားဝင် ထုတ်မပြောသေးပါဘူး။ မင်းသား Chris နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ မင်းသား Robert Downey Jr. ကတော့ မဟာ ဗီလိန်ကြီး Thanos နဲ့ ထိပ်တိုက်တွေ့မယ့် ရုပ်ရှင်မှာ Avenger အဖွဲ့ဝင်တွေ အားလုံး အသက်ရှင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မင်းသား Chris ရဲ့ ကြေညာချက်ကတော့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကနေ နုတ်ထွက်မယ့် သူ့အစီအစဉ်နဲ့ သူ့ရဲ့ ထင်မြင်ချက်ကို အတည်ပြုခဲ့ပုံ ရပါတယ်။ Comic စာအုပ်တွေထဲမှာတော့ သူသရုပ်ဆောင်ထားတဲ့ Steve Rogers ဇာတ်ရုပ်ဟာ Captain America တယောက် ဖြစ်ပြီး Winter Soldier နဲ့ Falcon တို့ဟာ သူ့ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်မယ့်သူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Captain America: The Winter Soldier” ရုပ်ရှင်မှာတော့ နှစ်ပေါင်းများစွာကြာ သေဆုံးခဲ့ပြီးနောက် ပြန်လည် ရှင်သန်လာတဲ့ Steve Rogers ဟာ ထပ်မံသေဆုံးခဲ့ပြီး သူ့နေရာမှာ Barnes ကို အစားထိုးမှာ ပရိသတ်တွေကတော့ စိုးရိမ်ခဲ့ကြပါတယ်။

မင်းသား Chris ရဲ့ ဇာတ်ရုပ်အတွက် အနာဂတ်က ဘယ်လိုပဲ ဖြစ်ဖြစ် ပရိသတ်တွေကတော့ လာမယ့် ဧပြီလ ၂၇ ရက်မှာ ကမ္ဘာတဝန်း ရုံတင်ပြသမယ့် “Avengers: Infinity War” ရုပ်ရှင်မှာ စူပါဟီးရိုးတယောက်အဖြစ် သူ့ရဲ့ နောက်ဆုံး သရုပ်ဆောင်ချက်တွေကို ကြည့်ရှုနိုင်ကြဦးမှာပါ။ နာမည် မပေးရသေးတဲ့ စတုတ္ထမြောက် Avenger ရုပ်ရှင်ကိုတော့ အမေရိကန် နိုင်ငံအတွင်း ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref ; aceshowbiz

The post “Avengers 4” ရုပ်ရှင်မှာ Captain America အဖြစ် နောက်ဆုံး မြင်တွေ့ရမယ့် မင်းသား Chris Evans appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...