Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိမ်အပြန်လမ်းကို ရှာဖွေခဲ့တဲ့ Sheru (သို့မဟုတ်) “Lion”

$
0
0

ဒီတပတ်မှာတော့ ဘောလိဝုဒ် ပရိသတ်တွေအတွက် IMDB Rating (8.1) ရရှိထားပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ “Lion” ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Garth Davis ရိုက်ကူးထားပြီး မင်းသား Dev Patel ၊ မင်းသမီးကြီး Nicole Kidman နဲ့ Rooney Mara တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားက Biography Drama ဇာတ်လမ်း အမျိုးအစား ဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅ နှစ်အရွယ် Saroo ဆိုတဲ့ကောင်လေးဟာ အိန္ဒိယနိုင်ငံရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးတခုမှာ သူ့အမေရယ် သူ့အစ်ကိုတို့နဲ့ အတူ နေထိုင်ပါတယ်။

သူ့အမေက ကျောက်ခဲသယ်တဲ့ အလုပ်ကိုလုပ်ပြီး သူတို့ ညီအစ်ကို နှစ်ယောက်ကတော့ ကျောက်မီးသွေး ရထားပေါ်က ကျောက်မီးသွေးတွေကိုခိုးပြီး ပြန်ရောင်းစားတဲ့ အလုပ် လုပ်ပါတယ်။ တရက်မှာတော့ Saroon တယောက် သူ့အစ်ကိုရဲ့ ညပိုင်းအလုပ်ကို လိုက်သွားရာကနေ ရထားတွဲ တတွဲပေါ်မှာ အိပ်ပျော်သွားခဲ့ပါတယ်။

သူနိုးလာတဲ့အချိန်မှာတော့ သူ့ရဲ့ဇာတိမြေကနေ ကီလိုမီတာ ၁၆၀၀ ဝေးကွာတဲ့ မြို့တမြို့ကို ရောက်နေပြီး မြို့ထဲ လျှောက်သွားရာကနေ ကလေးဖမ်းတဲ့ လူတစု လက်ထဲကို ရောက်မလို ဖြစ်သွားပြီး အရွယ်နဲ့မမျှအောင် ထွက်ပြေး တိမ်းရှောင်ခဲ့ရပါသေးတယ်။ ဒီလိုလျှောက်သွားနေရင်းက ရဲစခန်းရဲ့ အကူအညီနဲ့ မိဘမဲ့ဂေဟာကို Saroon တယောက် ရောက်သွားခဲ့ပါတယ်။

မိဘမဲ့ဂေဟာမှာ Saroon ကို မွေးစားချင်တဲ့ သြစတြေးလျနိုင်ငံက လင်မယားနဲ့အတူ သြစတြေးလျနိုင်ငံကို ပါသွားခဲ့ပြီး  နှစ်ပေါင်း ၂၀ လောက်အကြာမှာ သူငယ်ချင်းတယောက်ရဲ့ပါတီမှာ သူ့ရဲ့ငယ်ဘဝအကြောင်း ပြန်ပြောင်း ပြောပြရာက စလို့ မိသားစုတွေကို ပြန်ရှာတွေ့ချင်တဲ့ အိမ်လွမ်း ဝေဒနာ စွဲကပ်လာခဲ့ ပါတော့တယ်။

ကမ္ဘာ့နေရာအနှံ့မှာ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ် လူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့ အိမ်ကို ပြန်ကြရစမြဲ ဖြစ်ပါတယ်။ လက်ရှိဘဝဟာ ဘယ်လိုပဲ သာယာပါတယ် ပြောပြော မိသားစုနဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို လွမ်းဆွတ် နေရတဲ့ Saroo တယောက် သူ့အိမ်ကို ပြန်လည် ရှာဖွေတွေ့နိုင်မလားဆိုတာ ဒီဇာတ်ကားကို ဆက်လက် ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားမှာ အသက် ၅ နှစ်အရွယ်ကောင်လေး Saroo အဖြစ် သရုပ်ဆောင်ထားတဲ့ Sunny Pawar ဆိုတဲ့ ကလေး သရုပ်ဆောင် ကောင်လေးရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုပြီးသူတိုင်းက မချီးကျူးဘဲ မနေနိုင်ကြပါဘူး။ Saroo ရဲ့ အသံထွက် အမှန်ဟာ Sheru ဖြစ်ပြီး “Lion” (ခင်္သြေ့) လို့ အဓိပ္ပါယ်ရပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ အော်စကာ Nominee ၆ ဆု စာရင်းဝင်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တကား ဖြစ်တာမို့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ဒီတပတ် ပိတ်ရက်မှာ ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။

The post အိမ်အပြန်လမ်းကို ရှာဖွေခဲ့တဲ့ Sheru (သို့မဟုတ်) “Lion” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...