Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကျန်းမာရေး အခြေအနေကြောင့် မွေးနေ့ကို အကျဉ်းချုံးသာ ကျင်းပမယ့် အဆိုတော် Celine Dion

$
0
0

ကမ္ဘာကျော် အဆိုတော် Celine Dion ဟာ နားရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူဖို့ ရက်သတ္တပတ် ၃ ပတ်အတွင်း ကျင်းပမယ့် ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းလိုက်ရပြီးနောက် သူ့ရဲ့ အသက် ၅၀ ပြည့် မွေးနေ့ပွဲကို အကျဉ်းချုံးသာ လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

လာမယ့် မတ်လ ၃ဝ ရက်မှာ အသက် ၅ဝ နှစ် တင်းတင်းပြည့်တော့မယ့် အဆိုတော် Celine ဟာ Las Vegas မှာရှိတဲ့ Caesars Palace ရဲ့ The Colosseum မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲ တစိတ်တပိုင်းကို အထူးဂုဏ်ပြုပွဲ တခုအနေနဲ့ မူလက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကျန်မာရေး ပြဿနာတွေကြောင့် အဲဒီအစီအစဉ်တွေကို ပြောင်းလဲခဲ့ရပါတယ်။

Celine ဟာ ပုံမှန် နားမကြားရခြင်းနဲ့ သီချင်းဆိုဖို့ ခက်ခဲစေခဲ့တဲ့ Patulous Eustachian ပြွန်လို့ခေါ်တဲ့ အခြေအနေကို ကုသဖို့ ခွဲစိတ်ရမှာ ဖြစ်တဲ့အတွက် မတ်လ ၂၇ ရက်နေ့ကနေ ဧပြီလ ၁၈ ရက်နေ့အထိ ပြုလုပ်မယ့် သီတင်း ၃ ပတ်စာ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

အခုတော့ သူဟာ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် René-Charles Angelil နဲ့ အသက် ၇ နှစ်အရွယ် အမြွှာကလေး နှစ်ဦး ဖြစ်ကြတဲ့ Nelson နဲ့ Eddy တို့အပါအဝင် မိသားစုနဲ့ အိမ်မှာပဲ မွေးနေ့ပွဲကို ကျင်းပမယ်လို့ ဆိုပါတယ်။ သတင်းရင်းမြစ် တခုက “သူဟာ သူ့ရဲ့ မွေးနေ့မှာ ချစ်တဲ့သူတွေ၊ ကလေးတွေနဲ့ အချိန်ကုန်ဆုံးဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားထားပါတယ်။

Celine ဟာ တနှစ်ကျော်ကြာ အဲဒီ နားရောဂါကို ခံစားနေခဲ့ရပြီး ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေဖို့ ဆေးကုသမှုတွေ လုပ်ခဲ့ပေမယ့် နားထဲ အစက်ချ ကုသမှုဟာ အာနိသင် မပြတော့ကြောင်း သတင်းတွေမှာ ဆိုပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၁၂ လကနေ ၁၈ လအတွင်းမှာ အဲဒီအခြေအနေကို ခံစားခဲ့ရပေမယ့် အမျိုးမျိုးသာ နားအစက်ချ ကုသမှုတွေနဲ့ အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်းမှာ အဲဒီကုသမှုတွေဟာ ရောဂါ အခြေအနေကို ကုသနိုင်ဖို့အတွက် အကျိုးသက်ရောက်မှု မရှိတော့တာကြောင့် အဲဒီရောဂါကို ကုသဖို့ အတွင်းပိုင်း အသေးစား ခွဲစိတ်ကုသမှုကို လုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

Celine ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ သူ့ရဲ့ ဖျော်ဖြေပွဲ တချို့ကို ဖျက်သိမ်းလိုက်ပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ အဖွဲ့က ရေးသားထားတဲ့ စာကို တင်ပြီး အဲဒီသတင်းကို ကြေညာခဲ့ပါတယ်။ အဲဒီနောက် ကြေညာချက်တခုမှာတော့ Celine က သူ့ဖျော်ဖြေပွဲတွေကို လာရောက်ကြည့်ရှုဖို့ Las Vegas ကို လာဖို့ ပြင်ဆင်နေတဲ့လူတိုင်းကို တောင်းပန်ပါကြောင်းနဲ့ စိတ်မကောင်းဖြစ်မိပါကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းလင့်ခ် – နားခွဲစိတ်ကုသမှုကြောင့် Las Vegas ဖျော်ဖြေပွဲ ၁၄ ခုကို ဖျက်သိမ်းလိုက်ရတဲ့ အဆိုတော် Celine Dion

Ref ; contactmusic

The post ကျန်းမာရေး အခြေအနေကြောင့် မွေးနေ့ကို အကျဉ်းချုံးသာ ကျင်းပမယ့် အဆိုတော် Celine Dion appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ