ဂီတလောကနေ အချိန်အတန်ကြာ ပျောက်ကွယ်နေတဲ့ ကမ္ဘာကျော် အဆိုတော် ရီဟားနား (Rihann) ဟာ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ပေါ့ပ်အယ်လ်ဘမ် “Loud” ထဲမှာ ပါဝင်တဲ့ သီချင်းတွေ ပုံစံအတိုင်း သီချင်းအသစ်တွေကို ဖန်တီးနေပြီလို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်မှာ R&B အသားပေး “Anti” သီချင်းပုံစံကို မသုံးဘဲ “Loud” အယ်လ်ဘမ်အတွင်း ပါရှိခဲ့တဲ့ “Love the Way You Lie” “Cheers (Drink to That)” နဲ့ “Only Girl (In the World)” တို့လိုမျိုး ပုံစံသီချင်းတွေကို အသံသွင်းပြီး ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဲဒီ အယ်လ်ဘမ်ထဲမှာ ဆိုရင် အသက် ၃၀ အရွယ်၊ အဆိုတော် Rihanna ဟာ Drake၊ Nicki Minaj နဲ့ Eminem တို့လိုမျိုး Rap အဆိုတော်တွေနဲ့လည်း တွဲဖက်သီဆိုခဲ့ပါတယ်။
အတွင်းသတင်းတခု Rihanna ဟာ “Anti သီချင်းကို သဘောကျပါတယ်၊ ဒါပေမယ့် သူ့ရဲ့ အရင် Album တွေလောက် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ သိထားပါတယ်။ သူဟာ စီမံခန့်ခွဲရေးအဖွဲ့နဲ့ အစည်းအဝေးထိုင်ပြီး လူတွေချစ်ကြတဲ့ ပုံစံမျိုးကိုပဲ သွားဖို့လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” ဆိုပြီး The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။
Rihanna ဟာ UK နိုင်ငံဂီတဇယားမှာ နံပါတ် ၇ သာ ဝင်ခဲ့ပေမယ့် Billboard ရဲ့ Dance Club Song သီချင်းဇယား သမိုင်းမှာတော့ အယ်လ်ဘမ် တချပ်တည်းကနေ နံပါတ် ၈ နေရာကို ရရှိခဲ့တဲ့ ပထမဆုံးအနုပညာရှင် ဖြစ်လာခဲ့ပါတယ်။ “Anti” အယ်လ်ဘမ်ကို ၂၀၁၆ ခုနှစ်မှာ ဖြန့ိချိခဲ့ပေမယ့် ဂီတလုပ်ငန်းမှာ ဂယက်ထစေခဲ့ပြီး “Consideration” သီချင်းဟာ သမိုင်းတွင်စေဖို့ ဇယားတွေမှာ ထိပ်ပိုင်း ကိုရောက်ရှိခဲ့ပါတယ်။
“Anti” အယ်လ်ဘမ်ရဲ့ စံချိန်ချိုးမှုတွေဟာ၂၀၁၆ ခုနှစ်ဧပြီ ၂၃ ရက်မှာ စတင်ခဲ့ပြီး Work Album ကတော့ အထွဋ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ ဂန္တဝင်ဂီတပညာရှင်ကြီး ဖြစ်တဲ့ Nile Rogers ဟာ Rihanna နဲ့ ပူးတွဲပြီး သီချင်းတွေ ထုတ်လုပ်ရေး တောင်းဆိုဖို့ ရှက်တဲ့အကြောင်း ဝန်ခံပြောကြားခဲ့ပြီးနောက် Rihanna ရဲ့ အောင်မြင်မှုနဲ့ အရည်အသွေး တွေဟာ တခြား အနုပညာတွေကို တုပ မှီငြမ်းထားတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။
ကွယ်လွန်သူ အဆိုတော်ကြီး “Prince” နဲ့ “David Bowie” က စလို့ Duran Duran နဲ့ Pharrell Williams တို့ အထိ ဂီတလုပ်ငန်းထဲက နာမည်ကျော် စတားတွေနဲ့ အလုပ်လုပ်ခဲ့ပေမယ့် ဂီတပညာရှင်ကြီး Nile Rogers ဟာ သူ့စတူဒီယိုထဲ Rihanna ကို ခေါ်ဖို့ သတ္တိမရှိဘူးလို့ ဆိုထားပါတယ်။
“Le Freak” အဆိုတော်ကြီး Nile က “ကျနော် Rihanna ကိုချစ်ပါတယ်၊ ကျနော်ကသူ့ရဲ့ အမျိုးသား ပရိသတ်တယောက် ဖြစ်ပါတယ်။ ဒါပေမယ့်သူ ကျနော့်ဘေးမှာ ရှိတဲ့အခါ ကျနော်လှုပ်တောင် မလှုပ်နိုင်ပါဘူး။ သူက ထိုင်နေရင် ကျနော်က ထွက်ပြေးချင်နေတာ၊ အနည်းဆုံးတော့ အခန်းထဲ သူ့ဘေးမှာ ၄ ခါလောက် ရှိခဲ့ပေမယ့် သူ့ဘက်ကို မလှည့်ရဲခဲ့ပါဘူး” လို့ ပြောပါတယ်။
Ref ; contactmusic
The post ဂီတလောကနေ အချိန်အတန်ကြာ ပျောက်ကွယ်နေတဲ့ အဆိုတော် Rihanna သီချင်းအသစ်တွေ ဖန်တီးနေပြီ appeared first on ဧရာဝတီ.