Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာအသံက စန္ဒရားတင်ဝင်းလှိုင်ကို သတ္တိရှိရှိ ပြန်လည် တောင်းပန်ရန်ပြော

$
0
0

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ စင်မြင့်ထက်မှာ စန္ဒရားတင်ဝင်းလှိုင် ပြောကြားခဲ့တဲ့  အကြောင်းအရာများနဲ့ ပတ်သက်ပြီး သတ္တိရှိရှိ ပြောဆိုခဲ့သလို သတ္တိရှိရှိ ပြန်လည် တောင်းပန်ရန် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ယနေ့၊ မတ်လ ၂၈ ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“စန္ဒရားတင်ဝင်းလှိုင် အနေနဲ့ သူမှန်တယ် ထင်လို့ သတ္တိရှိရှိ ပြောသွားသလိုပဲ ကျနော်တို့ဌာနကို စွပ်စွဲသွားတာတွေက မမှန်တဲ့ဟာတွေပါ။ အဲဒီအတွက်လည်း သူက သတ္တိရှိရှိ တောင်းပန်ရဲရမယ်လို့ ယူဆပါတယ်။ လူဆိုတာ ကိုယ်ပြောပြီးတဲ့ ဟာကို မှန်ရင်လည်း ဆက်သွားရမယ်။ မှားရင်လည်း မှားတဲ့အကြောင်းကို ကျနော်ကတော့ ဝန်ခံမှာပဲ။ ဆရာ့အနေနဲ့ တောင်းပန်ရဲတဲ့ သတ္တိရှိလိမ့်မယ်လို့ ထင်ပါတယ်” မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

အဆိုပါ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲနေ့က စန္ဒရားတင်ဝင်းလှိုင်အနေနဲ့ အကယ်ဒမီ စင်မြင့်ထက်မှာ ကျေးဇူးတင်စကား ပြောခဲ့ရာ MRTV နှင့်ပတ်သက်ပြီး စွပ်စွဲပြောကြားချက် အချက် ၄ ချက်ရှိပြီး အဆိုပါ အချက်များမှာ မှန်ကန်မှု မရှိဘဲ စွပ်စွဲမှုများအတွက် သတ္တိရှိရှိ  ပြန်လည်တောင်းပန်ရန် ဦးမြင့်ထွေးက ဆိုပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲ (ဓာတ်ပုံ – ထက်ဝေ/ ဧရာဝတီ)

ရှင်းလင်းပွဲမှာ “ကျနော်တို့ MRTV နဲ့ပတ်သက်ပြီးတော့ စွပ်စွဲပြောကြားသွားတဲ့အချက်က ၄ ချက်ရှိပါတယ်။ နံပါတ်၁ ကတော့ မြန်မာအသံတွေ မြေကြီးထဲ မြှပ်ပါတော့မယ်ဆိုတဲ့ အချက်၊ နံပါတ်၂ကတော့ RCA လို့ခေါ်တဲ့ ဓာတ်ပြား အကြီးကြီးတွေ ဖွင့်တာ မရှိတာ  အဲ့ဒါတွေပေါ်မှာရေအိုးတွေပဲ တင်ထားတာ ဆယ်စုနှစ် တခု ကျော်ပါပြီ ဆိုတဲ့  အချက်၊ နံပါတ် ၃ ကတော့ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်ကို မလွှင့်တာ တနှစ်ရှိပြီလို့ပြောသွားတဲ့ အချက် ဖြစ်ပါတယ်။ နောက်ဆုံးနံပါတ်၄ကတော့ သူ့ရဲ့သီချင်းတွေကို ပြန်လည်ကူးတဲ့အခါမှာလည်း  ပိုက်ဆံတွေ အရမ်းပေးရတယ်။ ရေအရမ်းလျှံရတယ် ဆိုပြီးတော့ ပြောသွားတဲ့ထဲမှာ ပါပါတယ်” လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ရှင်းလင်းခဲ့ပါတယ်။

မတ်လ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် နောက်ခံ တေးဂီတဆု ရရှိခဲ့တဲ့ စန္ဒရားတင်ဝင်းလှိုင်ဟာ အကယ်ဒမီဆု လက်ခံ ရရှိခဲ့ပြီးနောက် အကယ်ဒမီစင်မြင့်ထက်မှာ ကျေးဇူးတင်စကား  ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ယနေ့မှာ သတင်း စာရှင်းလင်းပွဲ တရပ်  ပြုလုပ်ပြီး ပြန်လည်ဖြေရှင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စန္ဒရားတင်ဝင်းလှိုင်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး မတ်လ၂၆ ရက်နေ့မှာ  ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ အသိပေး ကြေညာချက် တစောင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အဖွဲ့သားများက အိတ်ဖွင့်ပေးစာ တစောင်ကို ထုတ်ပြန်ကြေညာပြီး စန္ဒရားတင်ဝင်းလှိုင်ဘက်မှ တုန့်ပြန်မှုပေါ် မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရှင်းလင်းပွဲမှာ ပြောပါတယ်။

The post မြန်မာအသံက စန္ဒရားတင်ဝင်းလှိုင်ကို သတ္တိရှိရှိ ပြန်လည် တောင်းပန်ရန်ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...