မြန်မာနိုင်ငံက ပရိသတ်တွေ “အွန်စော” လို့ ချစ်စနိုးခေါ်ကြတဲ့ ကိုရီးယား မင်းသမီးချောလေး ဆောင်ဟေဂိုကို အလှကုန် ပစ္စည်း အမှတ်တံဆိပ် တခုဖြစ်တဲ့ Sulhwasoo ကြော်ငြာအသစ်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။ ဆောင်ဟေဂို အနေနဲ့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ လက်ထက်ပြီးကတည်းက ပထမဆုံး ပြန်ရိုက်တဲ့ ကြော်ငြာလည်း ဖြစ်ပါတယ်။
ကြော်ငြာထဲမှာတော့ သဘာဝအတိုင်း လှနေတဲ့ မိတ်ကပ်အပြင်အဆင် လိမ်းခြယ်ထားပြီး ဆံပင် အဖျားတွေ ကောက်ထားတဲ့ ဆံပင်အတို ဒီဇိုင်းလေးနဲ့ မြင်တွေ့ရမှာပါ။ Sulhwasoo အမှတ်တံဆိပ်ရဲ့ Bloomstay Vitalizing Cream ထုတ်ကုန်အသစ် ကြော်ငြာမှာ မင်းသမီး ဆောင်ဟေဂိုရဲ့ အလှကို ပရိသတ်ကြီး မြင်တွေ့ခွင့်ရတော့မှာပါ။
မတ်လ ၂၅ ရက်နေ့ကလည်း ဘူဆန်မြို့မှာ တောင်ကိုရီးယားနိုင်ငံရဲ့ အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့ Amorepacific က တာဝန်ယူကျင်းပခဲ့တဲ့ ရင်သားကင်ဆာ အန္တရာယ် လှုံ့ဆော်ရေး မာရသွန်ပြိုင်ပွဲကို Sulhwasoo အမှတ်တံဆိပ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ မင်းသမီးဆောင်းဟေဂို တက်ရောက်ခဲ့ ပါသေးတယ်။ Sulhwasoo တံဆိပ်ဟာ Amorepacific က ထုတ်လုပ်နေတဲ့ တံဆိပ်တွေထဲက တခုလည်း ဖြစ်ပါတယ်။
“Pink Run” လို့ နာမည်ပေးထားတဲ့ မာရသွန်ပွဲကို ပြိုင်ပွဲဝင်ပေါင်း ၅ ထောင်ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအတွက် လက်မှတ် ရောင်းချရာက ရလာတဲ့ အလှူငွေတွေ အားလုံးကို ကိုရီးယား ရင်သားကင်ဆာ ဖောင်ဒေးရှင်း (Korea Breast Cancer Foundation) အဖွဲ့အစည်းကိုလှူဒါန်းခဲ့ပါတယ်။
မာရသွန်ပြိုင်ပွဲကို ဘူဆန်မြို့အပါအဝင် မြို့ကြီး ၅ မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။ ၂၀၀၁ ခုနှစ် တည်းက စတင် ကျင်းပ လာခဲ့တဲ့ Pink Run မာရသွန်ပြေးပွဲကို ပြိုင်ပွဲဝင်ပေါင်း ၃ သိန်း ၂ သောင်းကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အလှူငွေ ဝမ်သန်းပေါင်း ၃ ထောင်ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မင်းသမီး ဆောင်ဟေဂိုဟာ Pink Run မာရသွန်ပွဲကို တက်ရောက်ခဲ့ပြီး သူ့ခင်ပွန်းဖြစ်သူ မင်းသား ဆောင်ဂျွန်ကီနဲ့အတူ ဘူဆန်မြို့ထဲ လည်ပတ်နေတဲ့ပုံတွေ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြခဲ့ကြလို့ Song-Song Couple ပရိသတ်တွေ သဘောကျ နှစ်ခြိုက်ခဲ့ကြပါတယ်။
Ref: Kpopline / The Korea Herald
The post လက်ထပ်ပြီးနောက် ပထမဆုံး ကြော်ငြာအသစ်မှာ မြင်တွေ့ရတော့မယ့် မင်းသမီး ဆောင်ဟေဂို appeared first on ဧရာဝတီ.