Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုရီဆာကီဝင်း (အဝင်း) ပါဝင် သရုပ်ဆောင်ထားတဲ့ “Ready Player One” ရုပ်ရှင်

$
0
0

“Ready Player One” ရုပ်ရှင်ဟာ စာရေးဆရာ Ernest Cline ရဲ့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်တူ ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကြီး Steven Spielberg ရိုက်ကူးထားတဲ့ အမေရိကန် သိပ္ပံစိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်တခု ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ ကမ္ဘာကျော် ဟောလိဝုဒ် သရုပ်ဆောင်များ ဖြစ်ကြတဲ့ Tye Sheridan, Olivia Cooke, Ben Mendelsohn, T.J. Miller, Simon Pegg နဲ့  Mark Rylance တို့နဲ့အတူ မြန်မာပရိသတ်တွေက ချစ်စနိုးနဲ့ အဝင်းလို့ခေါ်ကြတဲ့ မြန်မာပြည်ဖွား ဂျပန်အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်း (Morisaki Win) တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

မိုရီဆာကီဝင်းက ဒီရုပ်ရှင်မှာ High Five အဖွဲ့ဝင် Daito အနေနဲ့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ လာမယ့် ၂၀၄၅ ခုနှစ် အနာဂတ် ကာလတခုကို ဇာတ်အိမ်တည်ထားပြီး တကယ့်လက်တွေ့ကမ္ဘာကြီး ပျက်သုန်းမှုကနေ လွတ်မြောက်နိုင်ဖို့ VR ဆော့ဖ်ဝဲလ်တခုဖြစ်တဲ့ OASIS ထဲမှာ အလုပ်လုပ်ရင်း ဝင်ရောက်ဆော့ကစား ကြတဲ့ လူသားတွေအကြောင်း မြင်တွေ့ ကြရမှာ ဖြစ်ပါတယ်။

မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “Ready Player One” ရုပ်ရှင်

အဲဒီအထဲက Wade Watts ဆိုတဲ့ လူသားတယောက်က “အနိုင်ရရှိသူဟာ OASIS ဆော့ဖ်ဝဲလ်ကို ပိုင်ဆိုင်ရမှာ ဖြစ်တယ်” လို့ ကတိပေးထားတဲ့ ပရိုဂရမ်အတွင်းမှာ ဖုံးကွယ်နေတဲ့ ဂိမ်းတခုရဲ့ သဲလွန်စကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူဟာ မဟာမိတ် တော်တော်များများနဲ့ ပူးပေါင်းပြီး အဲဒီဂိမ်းကို ပြီးစီးအောင် ဆော့ကစားနိုင်ဖို့ ကြိုးပမ်းပုံကို ရိုက်ကူးထားပါတယ်။

ဒီရုပ်ရှင်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်လဘာလမှာ ရုံတင်ဖို့ လုပ်ခဲ့ပေမယ့် “Star Wars: The Last Jedi” ရုပ်ရှင်နဲ့ တိုက်နေတဲ့ အတွက် မတ်လ ၃၀ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ဖြစ်သွားတာဖြစ်ပါတယ်။ အင်တာဗျူး တခုမှာတော့ ဒီရုပ်ရှင်ဟာ သူ့အတွက် Jaws နဲ့ Saving Private Ryan ရုပ်ရှင်တွေနောက်ပိုင်း တတိယမြောက် အခက်ခဲဆုံး ရုပ်ရှင်ဖြစ်တယ်လို့ ဒါရိုက်တာကြီး Steven Spielberg က ပြောဆိုထားပါတယ်။

ဒီရုပ်ရှင်ကို ဝေဖန်ရေး ဆရာတွေက အကောင်းမြင်ဘက်ကနေ ဝေဖန်သုံးသပ် ထားပြီးတော့ အထူးပြုလုပ်ချက်၊ တင်ဆက်မှု တို့ကိုလည်း ချီးကျူးပြောဆို ထားပါတယ်။ ဒါပေမယ့် ဇာတ်ကောင်အကြောင်း သရုပ်ဖော်တဲ့ နေရာမှာ အားနည်း လွန်းတာရယ် Pop ယဉ်ကျေးမှုကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်သာ ဦးစားပေးထုတ်လုပ်ထားတာ ဖြစ်တယ်လို့တော့ ဝေဖန်ထားပါတယ်။

ဇာတ်လမ်း အကြောင်းအရာ ကတော့ သက္ကရာဇ် ၂၀၄၅ ခုနှစ်မှာ တကယ့်လက်တွေ့ကမ္ဘာကြီးဟာ စွန့်ပစ်အမှိုက်ပုံကြီးလို ဖြစ်နေတာပါ။ အဲဒီအချိန်ကာလမှာ Wade Watts ဆိုသူဟာ လူသားအများစု အချိန်ကုန်ဆုံးနေကြတဲ့ ပုံရိပ်ယောင် စကြာဝဠာ တခုဖြစ်တဲ့ OASIS ထဲကနေ လွတ်မြောက်မှု ရရှိနိုင်တယ်လို့ ယုံကြည်ထားပါတယ်။

မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “Ready Player One” ရုပ်ရှင်

OASIS ထဲမှာဆိုရင် နေရာအစုံကို သွားနိုင်၊ အရာခပ်သိမ်းကို ဆောင်ရွက်နိုင်ပြီး စိတ်ကူးအကြံအစည်အတိုင်း ပြုမူ နေထိုင်နိုင်တာ ဖြစ်ပါတယ်။ အဲဒီ ပုံရိပ်ယောင်နေရာကို James Halliday ဆိုသူက ပိုင်ဆိုင်တာဖြစ်ပြီး ထိုက်တန်တဲ့ ဆက်ခံသူကို ရှာဖွေဖို့အတွက် အပိုင်း ၃ ပိုင်းပါဝင်တဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိသူထံ OASIS ကို ပေးအပ်မယ်လို့လည်း ကြေညာထားပါတယ်။

အဲဒီအချိန်မှာပဲ Wade ဟာ တကယ့်လက်တွေ့ရတနာ(Easter Eggs) ကို ရှာဖွေရမယ့် ပထမဆုံးစိန်ခေါ်မှုမှာ အနိုင် ရရှိခဲ့ပြီးတဲ့နောက် သူနဲ့ High Five လို့ခေါ်တဲ့သူ့ သူငယ်ချင်းအဖွဲ့တခုဟာ စိတ်ကူးယဉ်ဆန်တဲ့ စကြဝဠာတခုကို ရှာဖွေ တွေ့ရှိမှုနဲ့အတူ OASIS ကို ကာကွယ်ဖို့ ရင်ဆိုင်ကြပုံကို စိတ်ဝင်စားဖွယ် မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။

The post မိုရီဆာကီဝင်း (အဝင်း) ပါဝင် သရုပ်ဆောင်ထားတဲ့ “Ready Player One” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...