Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်” ကိုရီးယားမင်းသမီး ချွဲဂျီဝူး (Choi Ji-woo) လက်ထပ်လိုက်ပြီ

$
0
0

မြန်မာပရိသတ်တွေကြားမှာ “ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်” ၊ “အချစ်လှေကားထစ်လေးများ” စတဲ့ ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် မင်းသမီး ချွဲဂျီဝူး (Choi Ji-woo) ဟာ ယနေ့၊ မတ်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းမှာပဲ လက်ထပ်လိုက်ပြီးဖြစ်ကြောင်း သူ့ရဲ့ Fan Page ကနေ ကြေညာလိုက်ပါတယ်။

လက်ရေးနဲ့ ရေးထားတဲ့ အဲဒီ အံ့သြသင့်ဖွယ် ကြေညာချက်တခုထဲမှာ မင်းသမီး Choi က “ပရိသတ်တွေ အတွက် အနည်းငယ် အံ့သြသင့်စရာ တခု ဖြစ်လာကြောင်း၊ သို့သော် ပျော်ရွှင်ဖွယ် သတင်းတချို့ကို ဝေမျှချင်ကြောင်း”အစချီ ရေးသားထားပါတယ်။

သူကဆက်ပြီး “မတ်လ ၂၉ ရက်နေ့ဟာ ကျမရဲ့ ဘဝလက်တွဲဖော်နဲ့ ဘဝသစ်တခု စတင်ဖို့ ကတိပေးထားတဲ့နေ့လည်း ဖြစ်ပါတယ်။ မိသားစုဝင်တွေနဲ့ပဲ သီးသန့် မင်္ဂလာပွဲတခုကို ကျင်းပခဲ့ပါတယ်။ ကျမရဲ့ အချစ်တွေနဲ့ နွေးထွေးတဲ့ မိသားစု တခုအဖြစ် ဖန်တီးပါ့မယ်” လို့ ဆိုထားပါတယ်။

ခင်ပွန်းလောင်းဟာ လူသိများတဲ့ပုဂ္ဂိုလ် မဟုတ်တဲ့အတွက် သူ့နဲ့ သူ့မိသားစုရဲ့ Privacy ကို ကာကွယ်ချင်တာကြောင့် မင်္ဂလာသတင်းကို စောစောအသိပေးနိုင်ခဲ့ခြင်း မရှိခဲ့တာကို ပရိသတ်တွေ အနေနဲ့ နားလည်ပေးကြဖို့ တောင်းဆို လိုက်ပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ YG အင်တာတိန်းမန့်ကတော့ သူတို့မင်္ဂလာမောင်နှံ နှစ်ဦးဟာ တနှစ်လောက် တွဲခဲ့ကြပြီး မင်္ဂလာပွဲအခမ်းအနားကို ဆိုးလ်မြို့မှာရှိတဲ့ နာမည်ဖော်ပြ မထားတဲ့ နေရာတခုမှာ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

မင်းသမီး Choi ဟာ ၁၉၉၄ ခုနှစ်မှာ MBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ ဒရာမာ တခုမှာ ပါဝင်ရင်း အနုပညာ လောကထဲ ရောက်ရှိလာခဲ့သူပါ။ အဲဒီနောက် မင်းသား ဘေယောင်ဂျွန်း (Bae Yong-joon) နဲ့အတူ ၂၀၀၂ ခုနှစ်မှာ KBS2TV ရုပ်သံလိုင်းရဲ့ “Winter Sonata” (ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်) ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီးနောက် နာမည် ကျော်ကြားလာခဲ့ပါတယ်။ မကြာသေးခင်ကပဲ သူဟာ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “The Most Beautiful Goodbye” အမည်ရှိတဲ့ စီးရီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ref ; Yonhap

The post “ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်” ကိုရီးယားမင်းသမီး ချွဲဂျီဝူး (Choi Ji-woo) လက်ထပ်လိုက်ပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...