Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်များကြား ရေပန်းစားနေတဲ့ Facebook ပေါ်က “မြန်မာပေါကားနှင့် ပေါကောင်များအား ရှုတ်ချသူများ အဖွဲ့”

$
0
0

လတ်တလော Faecbook လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ အဖွဲ့ကတော့ “မြန်မာပေါကားနှင့် ပေါကောင်များအား ရှုတ်ချသူများ” လို့နာမည်ပေးထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အဓိကကတော့ မြန်မာဇာတ်ကားများ အကြောင်းနဲ့ အနုပညာရှင်များ အကြောင်းကို ပရိသတ်များ အချင်းချင်း အပြန်အလှန် မျှဝေပေးရင်း စိတ်ဝင်စားမှု များလာတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒီအဖွဲ့ထဲမှာ အဓိက အနုပညာရှင်များကို Troll ပြုလုပ်ထားတဲ့ ပုံများ စာများကိုလည်း အများဆုံး တင်ကြတာကို တွေ့ရပါတယ်။ ဒီထဲမှာ အများဆုံး Troll ခံရတဲ့ အနုပညာရှင်တွေကတော့ လတ်တလောမှာ နာမည်ကြီးနေတဲ့ Group Chat ထဲမှာ ပါဝင်ကြတဲ့ နာမည်ကြီး သရုပ်ဆောင်များပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်ခေတ်ရဲ့ ရုပ်ရှင် အပိုင်းအစလေးများ၊ နိုင်ငံခြားကနေ ကော်ပီယူတယ်ဆိုတဲ့ ဇာတ်ကား အပိုင်းအစများကို ပရိသတ်များက အချင်းချင်း မျှဝေ တင်ထားကြတာ တွေ့ရပါတယ်။

ဒီအဖွဲ့ရဲ့ Admin တဦးကလည်း ဒီအဖွဲ့ထဲကို “မကြာခင် ရုံတင်တော့မယ့် ဇာတ်ကားရဲ့ ဒါရိုက်တာတဦး ဖြစ်သူက လာရောက် ချိတ်ဆက်ထားပြီး ၎င်းတို့ အဖွဲ့အနေနဲ့ ပြည်သူ့အသံကို ရုပ်ရှင် အသိုင်းအဝိုင်းကသူများ ပိုကြားနိုင်အောင် လက်ခံထားကြောင်း” ကြေညာထားပါတယ်။

အဆိုပါ “မြန်မာပေါကားနဲ့ ပေါကောင်များအား ရှုတ်ချသူများ” Group မတိုင်ခင်ကလည်း Facebook သုံးသူများကြားမှာ “မြန်မာပေါကားများ ရပ်” ဆိုတဲ့ Facebook Group ကလည်း ရေပန်းစားပြီး အောင်မြင်ခဲ့ပါသေးတယ်။

ဆက်စပ် သတင်းလင့်ခ် – လတ်တလော ဝေဖန်မှုများနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ကိုယ်တိုင် ဝန်ခံဖြေရှင်း

The post ပရိသတ်များကြား ရေပန်းစားနေတဲ့ Facebook ပေါ်က “မြန်မာပေါကားနှင့် ပေါကောင်များအား ရှုတ်ချသူများ အဖွဲ့” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...