Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒုတိယ ကမ္ဘာစစ်အတွင်းက မိခင်တဦးအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Scarlett Johansson

$
0
0

မင်းသမီး Scarlett Johansson ဟာ ဒုတိယကမ္ဘာစစ် နောက်ခံ ရုပ်ရှင်ဖြစ်တဲ့ “Jojo Rabbit” မှာ ပါဝင်ဖို့ ဆွေးနွေးနေတာ နောက်ဆုံး အဆင့်ရောက်ပြီလို့ ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ် မင်းသမီး Scarlett ဟာ ဂျာမနီနိုင်ငံကို ဟစ်တလာ အုပ်ချုပ်နေစဉ် ကာလအတွင်း အိမ်မှာ ဂျူးမိန်းကလေးတဦးကို ဖွက်ထားပေးရတဲ့ မိခင်တဦး အဖြစ် သရုပ်ဆောင်မှာ ဖြစ်တယ်လို့ Variety မီဒီယာကဆိုပါတယ်။

ဒီဇာတ်ကားကို “Thor: Ragnarok” ဒါရိုက်တာ Taika Waitit က ဇာတ်ညွှန်းကို ရေးသားထားပြီး Carthew Neal နဲ့ Chelsea Winstanley တို့နဲ့အတူ ရိုက်ကူးထုတ်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ရိုက်ကူးရေးကိုတော့ ဒီနှစ် နွေဦးရာသီမှာပဲ စတင်တော့မှာ ဖြစ်ပါတယ်။

အခုသတင်းထွက်လာတဲ့အချိန်မှာတော့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘဲ ဒါရိုက်တာ Waititi ကတော့ တတိယမြောက် “Thor” ရုပ်ရှင်ရဲ့ အောင်မြင်မှုကြော့င် ရုပ်ရှင်တွေ ရိုက်ကူးဖို့ ကမ်းလှမ်းချက် တော်တော်များများကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိမှာ “What We Do in the Shadows” ရုပ်ရှင်ကို ရိုက်ကူးနေတဲ့ နယူးဇီလန် ဒါရိုက်တာ Waititi ဟာ “Jojo Rabbit” ကို သေချာပေါက် ရိုက်ကူးမှာ ဖြစ်တဲ့ အကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။

မင်းသမီး Scarlett ဟာ လာမည့် ဧပြီလမှ ရုံတင်တော့မယ့် ပရိသတ်စိတ်ဝင်စားနေတဲ့ “Avengers: Infinity War” ရုပ်ရှင်မှာလည်း Black Widow အဖြစ် ပြန်လည်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးဟာ အဲဒီဇာတ်ရုပ်ကို ၇ ကြိမ် တိုင်တိုင် သရုပ်ဆောင်ထားပြီ ဖြစ်ပေမယ့် ရုရှားသူလျှို အခြေခံ ရုပ်ရှင်တခုမှာ ထပ်မံပါဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

မင်းသမီးရဲ့ စာချုပ်ဟာ ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသမယ့် “Avengers 4” ရုပ်ရှင်ပြီးတဲ့နောက် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူလျှိဟောင်းတယောက်အနေနဲ့ ဆက်လက် သရုပ်ဆောင်ဖို့ သက်တမ်းတိုး လက်မှတ် ထိုးနိုင်ခြေ ရှိတယ်လို့လည်း ဆိုပါတယ်။

Ref ; contactmusic

The post ဒုတိယ ကမ္ဘာစစ်အတွင်းက မိခင်တဦးအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Scarlett Johansson appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...