Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေ အတွက် ဂုဏ်ယူနေတဲ့ အဆိုတော် Justin Bieber

$
0
0

အဆိုတော် ဂျက်စတင်ဘီဘာဟာ သူ့ရဲ့ တက်တူး တခုချင်းစီအတွက် ဂုဏ်ယူနေတယ်လို့ ဝန်ခံ ပြောကြားခဲ့ပြီး အဲဒီတက်တူး တခုချင်းစီ အတွက်လည်း နောင်တမရဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်၊ အဆိုတော် Justin Bieber ရဲ့ ခန္ဓာကိုယ် နေရာတော်တော် များများကို အမျိုးမျိုးသော ပုံရိပ်တွေကို ရေးထိုးထားတဲ့ တက်တူးတွေနဲ့ ဖုံးလွှမ်းထားပေမယ့် သူ့ရဲ့ ပရိသတ် တချို့ကတော့ အဲဒီလိုမျိုး တက်တူးအပြည့်နဲ့ ခန္ဓာကိုယ်ကို သဘော မတွေ့ကြပါဘူး။

ဒါပေမယ့် Biber ကတော့ အဲဒီတက်တူး တခုချင်းစီအတွက် နောင်တ မရဘူးလို့ ဆိုလိုက်ပါတယ်။ သူ့ရဲ့ Instagram အကောင့်မှာ သူ့ အဝတ်မဲ့ ခန္ဓာကိုယ် ဓာတ်ပုံ အသစ်တခုကို တင်ခဲ့ရာမှာ တက်တူးတွေနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထားကို ပုံစာအဖြစ် ရေးသားခဲ့တာကို တွေ့ရပါတယ်။

အဆိုတော် Bieber က “တကယ်လို့များ တက်တူးတွေက မနာကျင်ဘူးဆိုရင် လူတိုင်းမှာတော့ တက်တူး ရှိသင့်ပါတယ်၊ တခုတည်းလည်း ဖြစ်နိုင်ပါတယ်၊ ကျနော့် ခန္ဓာကိုယ်ပေါ်မှ နာရီပေါင်း တရာကျော်လောက် ရေးထိုးထားတဲ့ အရာတွေလည်း ဖြစ်ပါတယ်၊ တခုမှကို ပြန်ဖျက်မှာ မဟုတ်ပါဘူး၊ ဒီအနုပညာ လက်ရာကို ကျနော် တကယ်သဘောကျပြီး ကျနော့်ခန္ဓာ ကိုယ်ဟာ ပုံဆွဲပိတ်ကားတချပ်လို ဖြစ်စေခဲ့ပါတယ် အရမ်းပျော်ဖို့ ကောင်းပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အခုလိုမျိုး တက်တူတွေ ထိုးထားတာကို နောင်တရမှာမဟုတ်ဘူးလို့ ပြောထားပေမယ့် Sorry သီချင်းအဆိုတော် Bieber က သူ့ရဲ့လက်မောင်းမှာ ချစ်သူ Selena Gomez ရဲ့တက်တူးကိုတော့ အချစ်ရေး တခန်း ရပ်ခဲ့ပြီးတဲ့နောက်မှာ ဖုံးပစ်ခဲ့ပါတယ်။ သူက “ဒါဟာ ကျနော့်ရဲ့ ရည်းစားဟောင်းတက်တူး ဖြစ်ပါတယ်၊ တချို့အကွက်တွေနဲ့ သူ့ရဲ့ မျက်နှာကို ကျနော် ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် လူတွေက သိနေဆဲပါ” လို့ ၂၀၁၆ ခုနှစ်မှာ ပြောကြားခဲ့ဖူးပါတယ်။

Bieber နဲ့ Selena တို့ဟာ ၇ လကြာ အချစ်ရေးကို ပြန်ဆက်ခဲ့ပေမယ့် မကြာသေးခင်ကပဲ အချစ်ရေးက တခန်းရပ် နေခဲ့ ပြန်ပါတယ်။ ဒါပေမယ့် ကနေဒါအဆိုတော် Bieber က ချစ်သူ Selena အကြောင်း မတွေးဘဲ မနေနိုင်တဲ့ အကြောင်း ပြောဆိုထား ပြန်ပါတယ်။ သတင်းရင်းမြစ်တခုက “သူအခု ချစ်သူမရနေပါဘူး၊ တချိန်လုံး Selena အကြောင်းတွေးနေ၊ ပြောနေပါတယ်၊ သူ(Selena) နဲ့ အခန်းကဏ္ဍက မပြီးပြတ်သေးပါဘူး” လို့ ပြောဆိုထားပါတယ်။

Bieber ဟာ Selena နဲ့ ပြန်တွဲခဲ့ပေမယ့် မိန်းကလေးဖြစ်သူရဲ့ သူငယ်ချင်းတွေကတော့ Bieber က မကောင်းတဲ့ လွှမ်းမိုးမှု တခုဖြစ်တယ်လို့ သဘောထားနေကြပါတယ်။ မကြာသေးခင်ကပဲ သတင်းရင်းမြစ်တခုက “Selena ရဲ့ အသိုင်းအဝန်းထဲမှာ Bieber ကို မကြိုက်နှစ်သက်တဲ့ လူတချို့တော့ ရှိနေပါသေးတယ်၊ Selena နဲ့ အတူရှိနေတာမျိုး အထူးသဖြင့် သူတို့က မကြိုက်ကြပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ရွက်လှေပေါ်မှာ အခြား မိန်းကလေးတဦးနဲ့ အတူတွဲ တွေ့နေရပြန်တဲ့ Justin Bieber

Ref ; contactmusic

The post ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေ အတွက် ဂုဏ်ယူနေတဲ့ အဆိုတော် Justin Bieber appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...