Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောဆိတ် ၂ ကောင်ကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဘောလိဝုဒ် မင်းသား ဆယ်လ်မန်ခန်း ထောင် ၅ နှစ်ကျ

$
0
0

ဘောလိဝုဒ် စူပါစတား Salman Khan (ဆယ်လ်မန်ခန်း) ဟာ ကာကွယ်စောင့်ရှောက်ထားတဲ့ အိန္ဒိယတောစိတ် မျိုးနွယ်စု တခုကို အမဲလိုက် သတ်ဖြတ်ခဲ့ခြင်းအတွက် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

၁၉၉၈ ခုနှစ်မှာ Jodhpur မြို့မှာ ရုပ်ရှင်ရိုက်နေစဉ်မှာ သူ့ရဲ့ ကားပြတင်းပေါက်ကနေ တောဆိတ် နှစ်ကောင်ကို တရားမဝင် အမဲလိုက် သတ်ဖြတ်ခဲ့တဲ့အတွက် ကမ္ဘာ့အနုပညာကြေး အများဆုံး မင်းသား Khan မှာ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့ ဧပြီ ၅ ရက်မှာ Rajasthan ပြည်နယ်က တရားရုံးတခုက အမိန့်ချမှတ်ခဲ့တာပါ။

အသက် ၅၂ နှစ်အရွယ်၊ မင်းသား Khan နဲ့အတူ သူ့ကားထဲမှာပါလာခဲ့တဲ့ အခြားမင်းသား ၄ ဦးတို့ဟာ သူ့တို့ကို လူတွေ တွေ့သွားတဲ့အချိန်မှာ အဲဒီတိရိစ္ဆာန် အသေကောင်တွေကို ပစ်ထားပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။Saif Ali Khan နဲ့ Sonali Bendre တို့အပါအဝင် အခြားမင်းသား ၄ ဦးတို့ကိုတော့ သက်သေ အထောက်အထား မရှိတဲ့ အတွက် တရားရုံးမှာ အမှုကနေ တရားသေ လွှတ်ပေးခဲ့ပါတယ်။

အိန္ဒိယတောရိုင်း တိရိစ္ဆာန်ကာကွယ်ရေး အက်ဥပဒေ အရ အထူးခွင့်ပြုချက် မရှိဘဲ တောရိုင်း တိရိစ္ဆာန်မျိုးစိတ် အနည်းငယ်က လွဲလို့ တိရိစ္ဆာန်အားလုံးကို အမဲလိုက်ခွင့် တားမြစ်ထားပါတယ်။

ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရတဲ့အပြင် မင်းသား Khan ဟာ ရူပီးငွေ တသောင်း ဒဏ်တပ် ခံခဲ့ရပါတယ်။ မင်းသားရဲ့ ရှေ့နေတွေကတော့ တရားရုံး ဆုံးဖြတ်ချက်ကို အယူခံ ဝင်သွားမယ်လို့ ဆိုပါတယ်။ ပြီးတော့ အရေးပေါ် အာမခံအတွက် ကြားနာမှုကိုလည်း ဧပြီလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီခွဲမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

မင်းသား Khan ဟာ ဆေးစစ်ဆေးမှုအတွက် ဒေသဆေးရုံတခုကို သွားရောက်ခဲ့ပြီးတဲ့နောက် Jodhpur ဗဟို အကျဉ်းထောင်ကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ လူဆိုးပုံစံ ပုံရိပ်နဲ့ ယောကျာ်းဆန်တဲ့ အသွင်အပြင်တွေကြောင့် နာမည်ကြီးတဲ့ မင်းသားရဲ့ ပရိသတ်တွေထံကနေ ကာကွယ်ပေးဖို့ Jodhpur မြို့မှာရှိတဲ့ တရားရုံး ပြင်ပမှာ ရာနဲ့ချီနဲ့ ရဲတပ်ဖွဲ့က ဝန်းရံပေးခဲ့ရပါတယ်။

သစ်တောအရာရှိတွေက သူ့ကို လူသိရှင်ကြားဖြစ်အောင် လုပ်ဆောင်နေကြောင်းနဲ့ အဲဒီတောဆိတ်တွေဟာ အစား အလွန်အကြူး စားသောက်ပြီးနောက် ဓမ္မတာအတိုင်း သေဆုံးခဲ့တာဖြစ်တယ်လို့် မင်းသား Khan က ကာလရှည် ပြောဆို လာခဲ့တာပါ။

မင်းသား Khan ဟာ ဥပဒေကို ချိုးဖောက်ခဲ့တယ်လု့ိ ဆိုတဲ့ နောက်ခံသမိုင်းဟောင်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်က အိမ်ခြေမဲ့အမျိုးသား တဦးကို ကားနဲ့တိုက်ပြီး ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်မှာ ခံရသူအမျိုးသား သေဆုံးခဲ့တဲ့အတွက် အထူး တရားရုံးမှာလည်း ဆုံးဖြတ်ချက်ကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

မင်းသား Khan ရဲ့ ရည်းစားဟောင်း၊ လုပ်ဖော်ကိုင်ဖက် ဘောလိဝုဒ်စတား Aishwarya Rai က ၂၀၀၂ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ မင်းသားရဲ့ နှုတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ စွပ်စွဲခဲ့ပြီး အဲဒီစွပ်စွဲချက်တွေကို မင်းသားက ပြန်လည် ငြင်းဆိုထားပါတယ်။ အခုလိုမျိုး တောဆိတ်နှစ်ကောင်ကို အမဲလိုက်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ၁၉၉၈ ခုနှစ် အောက်တိုဘာလမှာ တရားမဝင် အမဲလိုက်မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

Ref : theguardian

The post တောဆိတ် ၂ ကောင်ကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဘောလိဝုဒ် မင်းသား ဆယ်လ်မန်ခန်း ထောင် ၅ နှစ်ကျ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles