Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ထောင်ဒဏ် ၅ နှစ် ချထားခံရတဲ့ ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်း အာမခံနဲ့ ပြန်လွှတ်

$
0
0

ဘောလိဝုဒ် မင်းသား Salman Khan (ဆယ်လ်မန်ခန်း) ဟာ ရှားပါး တောဆိတ် (Blackbuck) တွေကို သတ်ဖြတ်ခဲ့တဲ့ အတွက် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခံခဲ့ရပြီးတဲ့နောက် အမှုကို ခုခံပြောဆိုနိုင်ဖို့ အာမခံရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ  အကျဉ်းထောင်ကနေ ထွက်ခွာလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ မှာ အမိန့်ချမှတ်ခံခဲ့ရပြီးနောက် နှစ်ညတာ အချိန်ကုန် ဆုံးခဲ့ရတဲ့  Jodhpur ဗဟိုအကျဉ်းထောင် ဂိတ်တံခါးဝကနေ အက်ရှင်မင်းသား ဆယ်လ်မန်ခန်းရဲ့  ယာဉ်ထွက်ခွာချိန်အထိ စိတ်လှုပ်ရှား နေကြတဲ့ ရာနှင့်ချီတဲ့ ပရိသတ်ကြီးကလည်း စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ပရိသတ်တချို့ကတော့ သူ့ရဲ့ SUV ကားဘေးဘက်ကို တွယ်တက်ခဲ့ကြပြီး Jodhpur လေဆိပ်မှာ စောင့်ဆိုင်းနေတဲ့ စင်းလုံးငှား ဂျက်လေယာဉ်ဆီကို အမြန်နှုန်းနဲ့ မောင်းသွားခဲ့ချိန်မှာတော့  မော်တော်ဆိုင်ကယ် ပေါင်းများစွာဟာ မင်းသား ပါလာတဲ့ ကားအနောက်ကို လိုက်ခဲ့ကြပါတယ်။

အဲဒီနောက် သူဟာ မွမ်ဘိုင်းမြို့ကို လေယာဉ်နဲ့ ရောက်ရှိ လာခဲ့ပါတယ်။ သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ ဆံပင်ပုံစံနဲ့ အကျီ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ အမျိုးသားတွေ အပါအဝင်  လူအုပ်ကြီးဟာ   သူ့ဇိမ်ခံတိုက်ခန်း  အပြင်ဘက်မှာ စုရုံးခဲ့ကြပြီး သူပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေထဲက သီချင်းတွေကို က ပြခဲ့ကြ တယ်။

ဧပြီလ ၈ ရက်နေ့မှာတော့ မင်းသား ခန်းဟာ သူ့မိသားစုနဲ့အတူ သူ့တိုက်ခန်းဝရံတာမှာ ထွက်ပေါ်လာခဲ့ပြီး သူ့ပရိသတ်တွေကို  လက်ပြ ဝှေ့ယမ်းနှုတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးမင်းသား တလက်ဖြစ်တဲ့ ခန်းကို ရူပီးငွေ ၁ သိန်းနဲ့  တရားသူကြီးတဦးက အာမခံ လွှတ်ပေးလိုက်တာ လည်း ဖြစ်ပါတယ်။

သူဟာ တရားရုံးရဲ့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကနေ  ထွက်ခွာခွင့် မရှိပါဘူး။ မင်းသား ခန်းဟာ အာမခံကြားနားပွဲကို တက်ရောက်ခဲ့တာ မရှိပေမယ့် သူဟာ မေလ ၇ ရက်နေ့မှာ  ထပ်မံ ပြုလုပ်မယ့်  တရားရုံးကို မဖြစ်မနေ လာရောက်ရမှာ ဖြစ်ကြောင်း အစိုးရရှေ့နေ Mahipal Bishnoi က ဆိုပါတယ်။

မင်းသားခန်းရဲ့ ပရိသတ်နဲ့ ဘောလိဝုဒ် အနုပညာအသိုင်းအဝိုင်းကတော့ နှစ် ၂၀ လောက် ကြာမြင့်ခဲ့ပြီဖြစ်တဲ့  အမှုစီရင်ချက် ကို အံ့အားသင့်ခဲ့ကြပါတယ်။ သူကတော့ ၁၉၉၈ ခုနှစ်မှာ ရုပ်ရှင်တခု ရိုက်ကူးနေစဉ်  အဲဒီရှားပါး  တောဆိတ်နှစ်ကောင်ကို  အသေ သတ်ဖြတ်ခဲ့တာ မရှိကြောင်း ငြင်းဆိုထားပါတယ်။ အခြား မင်းသား ၄ ဦးကိုတော့ အမှုကနေ  ကွင်းလုံးကျွတ် လွှတ်  ပေးလိုက်ပေမယ့် တရားရုံးက သူ့ကို အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – တောဆိတ် ၂ ကောင်ကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဘောလိဝုဒ် မင်းသား ဆယ်လ်မန်ခန်း ထောင် ၅ နှစ်ကျ

Ref ; afp

The post ထောင်ဒဏ် ၅ နှစ် ချထားခံရတဲ့ ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်း အာမခံနဲ့ ပြန်လွှတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...