ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင်ပြီး မင်းသား ဒါရိုက်တာ Bradley Cooper ရိုက်ကူး ထားတဲ့ အချစ်ဒရာမာ ရုပ်ရှင် “A Star Is Born” ကို မကြာမီရုံတင်ပြသတော့မယ်လို့ သိရပါတယ်။
“Silver Linings Playbook” ရုပ်ရှင်မင်းသား Bradley ဟာ ၁၉၃၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “A Star Is Born” ရုပ်ရှင်ကို ပြန်လည် အသက်သွင်းရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ Tribeca ရုပ်ရှင်ပွဲတော်မှာရောက်ရှိနေစဉ်မှာပဲ မင်းသား Bradley က ရိုက်ကူးရေး မစတင်မီမှာပဲ သူနဲ့ လေဒီဂါဂါ သဘောတူညီမှု တခုကို ရရှိထားပြီး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
မင်းသား Bradley က “သူဟာ သဘောတူညီချက်တခုရဖို့ အစောပိုင်းကတည်းက ရပ်တည်ခဲ့ပါတယ်၊ သူက အရင်တုန်းက ရုပ်ရှင် မရိုက်ဖူးတဲ့အတွက် ကျနော့်ကို ဂုဏ်ယူစွာနဲ့ ဖျော်ဖြေတင်ဆက်မှုတခုမှာ ပါဝင်ဖို့ ကျနော့်ကို အားကိုးမယ်လို့ ပြောထားပါတယ်။ ကျနော်ကလည်း သူ့(လေဒီဂါဂါ) ကို ဂီတပညာရှင်တဦးအနေနဲ့ အသွင်ပြောင်းပေးဖို့ သေချာနေပါပြီ၊ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ဟာ သီချင်းတွေကို အတူတူသီဆိုသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ဒါရိုက်တာကြီး Robert De Niro ဟာ လာမယ့် အောက်တိုဘာ ၅ ရက်မှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ကို ကြည့်ရှုထားပြီး ဖြစ်ပြီး မင်းသား Bradley ရဲ့ ပထမဆုံး ဒါရိုက်တာအဖြစ် ကြိုးပမ်းမှုဖြစ်တယ်လို့ ပရိသတ်ကို ပြောကြားထားပါတယ်။
ဒါရိုက်တာကြီး De Niro က “တော်တော်လေးကို မိုက်တယ်လို့ ပြောချင်ပါတယ်၊ ကျနော်ခံစားရသလိုပဲ စိတ်ဝင်စားမှုတွေ ရပါစေလို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အသက် ၄၃ နှစ်အရွယ် မင်းသား Bradley ဟာ “Silver Linings Playbook” ရုပ်ရှင်မှာအတူလက်တွဲ လုပ်ကိုင်ခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဒါရိုက်တာကြီး De Niro နဲ့ နီးစပ်တဲ့ ဆက်ဆံရေး အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
မင်းသား Bradley က “‘Silver Linings Playbook’ ရုပ်ရှင်မှာရတဲ့ အတွေ့အကြုံကြောင့် ကျနော် သူနဲ့ ရင်းနှီးလာခဲ့ပြီး သူငယ်ချင်းတယောက်လိုလည်း ချစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော့်အဖေကွယ်လွန်ပြီး နောက်ပိုင်း သူ့ကို တချိန်လုံး ကျနော်က “အဖေ” လို့ ခေါ်စရာရှာနေခဲ့ပြီး သူ့ကို အဲဒီလို ခေါ်ချင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Ref: etcanada
The post အဆိုတော် လေဒီဂါဂါ ပါဝင်သရုပ်ဆောင်ထားတဲ့ “A Star Is Born” ရုပ်ရှင် မကြာခင် ရုံတင်ပြသမည် appeared first on ဧရာဝတီ.