Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Avatar” ရုပ်ရှင်ကို နောက်ဆက်တွဲ လေးကားအထိ ရိုက်ကူးဖို့ စီစဉ်နေ

$
0
0

“Avatar” ရုပ်ရှင်ဒါရိုက်တာကြီး James Cameron က ၂၀၀၉ ခုနှစ်မှာ အလွန်အောင်မြင်ခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကို နောက်ဆက်တွဲ ရုပ်ရှင်လေးကား အဖြစ် ဆက်လက်ရိုက်ကူးဖို့ မျှော်လင့်ထားဆဲဖြစ်ပြီး 21st Century Fox ရဲ့ ရုပ်ရှင်စတူ ဒီယို ကို Walt Disney Co ထံရောင်းချဖို့ ပြင်ဆင်နေစဉ်မှာပဲ ထုတ်လုပ်ရေးအဖွဲ့နဲ့အတူ ရှေ့ဆက်လုပ်ဆောင်နေပြီလို့ ဆို ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ ဒါရိုက်တာကြီး Cameron က “Avatar” ဒုတိယနဲ့ တတိယရုပ်ရှင်တွေကို Fox နဲ့ သဘောတူညီ ချက်အောက်မှာ ရိုက်ကူးဖို့ အချိန် ရက်တရာပဲ လိုတော့ကြောင်း၊ တကယ်လို့ အဲဒီရုပ်ရှင်တွေ အောင်မြင်ခဲ့မယ်ဆိုရင် တော့ သူရေးသားထားပြီးဖြစ်တဲ့ စတုတ္ထနဲ့ ပဉ္စမမြောက်ရုပ်ရှင်တွေကို ဆက်လက်ရိုက်ကူးသွားဖို့ စီစဉ်ထားတဲ့ အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ Manhattan Beach မှာရှိတဲ့ နောက်ဆက်တွဲရုပ်ရှင်တွေကို ဖန်တီးတဲ့ စတူဒီယိုမှာ သူက “အဲဒီရုပ်ရှင်တွေ အားလုံးကို ကျနော်ကိုယ်တိုင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်” လို့ပြောဆိုခဲ့ပါတယ် ။ ရိုက်ကူးဖို့ စီစဉ်ထား တဲ့ နောက်ထပ်ရုပ်ရှင်လေးကားလုံးမှ ပါဝင်မယ့် သတ္တဝါဆန်းတွေနဲ့ ဇာတ်ကောင်တွေ အတွက် ဒီဇိုင်းတွေကို စတူဒီယို အတွင်းမှာရှိတဲ့ နံရံပေါ်တွေမှာ တင်ထားတယ်လို့ ဒါရိုက်တာကြီး Cameron ကပြောပေယ့် သတင်းထောက် တွေကို တော့ ပြသခဲ့ခြင်း မရှိပါဘူး။ သူက “ခင်ဗျားတို့က Rupert Murdoch (Fox ကုမ္ပဏီ ဥက္ကဌ) ဖြစ်မယ်ဆိုရင်တော့ အဲဒါ တွေကို ကြည့်ရှုနိုင်မှာပါ၊ ဒါမှမဟုတ် Bob Iger (Disney အမှုဆောင်အ ရာရှိချုပ်) ဖြစ်မယ်ဆိုရင်ပေါ့” လို့ အရွှန်း ဖောက်ခဲ့ပါတယ်။

Murdoch ပိုင်ဆိုင်တဲ့ Fox ကုမ္ပဏီဟာ လာမယ့် နောက်ဆက်တွဲဇာတ်လမ်းကို ဖြန့်ဖြူးပေးမှာဖြစ်တယ်လို့ ပြောဆိုထား ပေမယ့် ရုပ်ရှင်စတူဒီယိုကို Disney ထံ ဒေါ်လာ ၅၂ သန်းသဘောတူစာချုပ် တစိတ်တပိုင်းအနေနဲ့ ရောင်းချဖို့ ပြင်ဆင် နေတာလည်း ဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ကို စည်းမျဉ်းစည်းကမ်း ပြန်လည်သုံးသပ်နေချိန်မှာပဲ အဖွဲ့နှစ်ခုပူးပေါင်း မှုအပေါ် တားမြစ် ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် Disney အမှုဆောင်အရာရှိချုပ် Iger က နောက်ဆက်တွဲ ဇာတ်လမ်းတွေအတွက် ဒီဇိုင်းတွေကို မမြင်တွေ့ရသေးဘူးလို့ Cameron က ဆိုပါတယ်။

AMC ရုပ်သံလိုင်းကနေ အပိုင်း ၆ ပိုင်းနဲ့ ထုတ်လွှင့်မယ့် “AMC Visionaries: James Cameron’s Story of Science Fiction” လို့ခေါ်တဲ့ ဇာတ်လမ်းတွဲ ပရိုမိုးရှင်းပွဲတခုမှာ အခုလိုမျိုး သိပ္ပံစိတ်ကူး ယဉ်ရုပ်ရှင်နဲ့ ပတ်သက်လို့ ပြောပြပေး ခဲ့တာလည်း ဖြစ်ပါတယ်။ ပန်ဒိုရာလို့ခေါ်တဲ့ သာယာလှပတဲ့ လကမ္ဘာပေါ်မှာ လူသားနဲ့ နယ်မြေခံ ဂြိုဟ်သားတို့အကြားမှာ အားပြိုင်ပွဲကို ပုံဖော်ထားတဲ့ “Avatar” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ရုံဝင်ငွေ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ရရှိထားလို့ သမိုင်းမှာ ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ်မှတ်တမ်းဝင်ထားတာပါ။ ဒုတိယမြောက် “Avatar” ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

reuters

The post “Avatar” ရုပ်ရှင်ကို နောက်ဆက်တွဲ လေးကားအထိ ရိုက်ကူးဖို့ စီစဉ်နေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...