Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Fifty Shades ရုပ်ရှင်မှ ဇာတ်ဝင်ခန်းများကြောင့် ရိုက်ကူးရေးအပြီး ကုထုံးကုသမှုခံယူခဲ့ရကြောင်း မင်းသမီး Dakota Johnson ရင်ဖွင့်

$
0
0

ဟောလိဝုဒ်မင်းသမီး Dakota Johnson ဟာ Fifty Shades ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တဲ့နောက် နာမည် ကျော်ကြားလာသူတဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် မင်းသမီးဟာ Elle မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ သူ့ရဲ့ အောင်မြင်မှုနောက်ကွယ်က အခက်အခဲ တချို့ရှိခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။ အသက် ၂၈ နှစ် အရွယ် မင်းသမီးဟာ အဲဒီရုပ်ရှင်တွေမှာ စာပေကျောင်းသူ Anastasia Steele အဖြစ်ပါဝင်ခဲ့ပြီး ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ လိင်အသားပေး ဇာတ်ဝင်ခန်းတချို့ကြောင့် ကုထုံးကုမှုခံ ယူခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောဆိုလိုက်တာပါ။

Fifty Shades ရုပ်ရှင်တွေအပြင် မကြာမီထွက်ရှိလာတော့မယ့် သူ့ရဲ့ ထူးခြားဆန်းကြယ် သည်းထိတ်ရင်ဖို ရုပ်ရှင် “Suspiria” တို့ကြောင့် ကုထုံးကုသမှုခံယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ မကွယ်မဝှက်တမ်း ပြောဆိုခဲ့တာ လည်းဖြစ်ပါ တယ်။ ဒါပေမယ့် မျက်နှာသစ်သရုပ်ဆောင်တွေနဲ့အတူလက်တွဲလုပ်ကိုင်ရတဲ့အတွက် မင်းသမီး Johnson ဟာ သူ့ရဲ့ ထုတ်လုပ်ရေးဘက်ကို အချိန်ပြည့်အာရုံစိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီး Johnson က “တကယ်မရှိတဲ့ ကျမ လုပ်ချင်တဲ့ ရုပ်ရှင်တွေကို ဖန်တီးရတဲ့အခါ ကျမကိုယ်ကျမအတွက် ဖန်တီးမှုတွေ လုပ်ခဲ့ရပါတယ်၊ အဲဒီလိုမျိုးနေရာမှာ လုပ်ကိုင်ခဲ့ရတာကို ကျမတကယ်ပဲ ကျေးဇူးတင်စရာလို့ ခံစားရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားကြီး Don Johnson နဲ့ မင်းသမီး Melanie Griffith တို့ရဲ့ သမီး ဖြစ်တာကြောင့် များပြားတဲ့ရုပ်ရှင်တွေမှာ ဇာတ်ကောင်တွေထဲ စီးမျောခံစားနိုင်စေဖို့ ကြိုးစားပြနိုင်ခဲ့တဲ့ သူလည်း ဖြစ်ပါ တယ်။ နှစ်ပေါင်းများစွာအတွင်းမှာ သူရဲ့အနုပညာလုပ်ငန်းတွေ ကို ကြီးကြီးကျယ်ကျယ် ပြန်လည်စတင်နိုင်ခဲ့ပြီး အတွေ့ အကြုံတွေလည်း အများကြီးရရှိခဲ့တယ်၊ သူချစ်ခင်နှစ်သက်ရတဲ့ အရာတွေကို လည်း လေ့လာနေရတာဖြစ်လို့ တကယ်ကို ပဲ ကောင်းမွန်ပါတယ်လို့ ပြောဆိုထားပါတယ်။

မင်းသမီး Johnson ဟာ လက်ရှိမှာလည်း ရုပ်ရှင်တော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီးတော့ မကြာသေးမီကပဲ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ “Bad Times At The El Royale” ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးပြီးစီးပြီးနောက် လော့စ်အင်ဂျ လိစ်မြို့ ကို ပြန်လည်ရောက်ရှိလာတာပါ။ အဲဒီရုပ်ရှင်ဟာ ၁၉၉၀ပြည့်လွန်နှစ်တွေ မှာ ဇာတ်အိမ်တည်ထားပြီး ကယ်လီဖိုးနီး ယားပြည်နယ် Lake Tahoe ရေကန်အနီးနားက El Royale ဟိုတယ်မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တခုကို ဇာတ်အိမ်တည်ထား ပါတယ်။ အဲဒီရုပ်ရှင်မှာဆိုရင် မင်းသမီး Johnson ဟာ သရုပ်ဆောင်တွေဖြစ်တဲ့ Jeff Bridges ၊ Jon Hamm ၊ Nick Offerman ၊ Russell Crowe နဲ့ Chris Hemsworth တို့နဲ့အတူ ပူးတွဲသရုပ်ဆောင်ထားပါတယ်။ သူဟာ Coldplay တီးဝိုင်း ခေါင်းဆောင် Chris Martin နဲ့ အချစ်ရေးကို လက်ရှိမှာ နှုတ်ဆိတ်နေပေမယ့် Malibu မြို့မှာရှိတဲ့ အဆိုတော် ခရစ်ရဲ့ အိမ်မှာ မင်းသမီးကို တွေ့မြင်ရလေ့ရှိပါတယ်။

Daily Mail

The post Fifty Shades ရုပ်ရှင်မှ ဇာတ်ဝင်ခန်းများကြောင့် ရိုက်ကူးရေးအပြီး ကုထုံးကုသမှုခံယူခဲ့ရကြောင်း မင်းသမီး Dakota Johnson ရင်ဖွင့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...