Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Reflection ရုပ်ရှင်ဇာတ်ကားကြီးအတွက် လက်မှတ်ထိုးပွဲပြုလုပ်မည်

$
0
0

Reflection ရုပ်ရှင်ဇာတ်ကားကြီးမှာ  ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်များနဲ့  ပရိသတ်များတွေ့ဆုံမယ့် အစီအစဉ်ကို ဧပြီ ၂၂ရက်နေ့တွင် ရန်ကုန်မြို့ Junction City ရှိ JCGV ရုပ်ရှင်ရုံတွင် ပြုလုပ်သွားမယ်လို့  သိရပါတယ်။

အဆိုပါတွေ့ဆုံမှုမှာတော့ Reflection မင်းသမီးတွေဖြစ်ကြတဲ့အိန္ဒြာကျော်ဇင် နှင့်ပက်ထရစ်ရှာတို့နှင့် အတူ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ မင်းသားပြေတီဦးတို့က ပရိသတ်တွေနဲ့တွေ့ဆုံကာ လက်မှတ်  ရေးထိုး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ချစ်သော Fan များနဲ့ Reflection အမှတ်တရ လက်မှတ်ထိုးပွဲလေးမှာ ဆုံချင်လို့ပါ။ လာမယ့် ၂၂ရက်နေ့ ညနေ ၅နာရီခွဲ Junction City (JCGV) မှာ အူဝဲနဲ့အတူ ရှာရှာ(ပက်ထရစ်ရှာ) နဲ့ ဦးစီးလည်းရှိနေပါမယ်။ “လို့ အိန္ဒြာကျော်ဇင် က သူမရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှ တဆင့်ဖိတ်ခေါ်ထားပါတယ်။

Reflection နဲပတ်သက်ပြီး ကံစမ်းမဲအစီအစဉ်လေးတခုလည်း ပြုလုပ်ထားပြီး ထိုနေ့တွင် ကံစမ်းမဲဖောက်ပေးမယ့် အစီအစဉ်လည်း ပါရှိတယ်လို့ သိရပါတယ်။

အဲဒီ ကံစမ်းမဲအစီအစဉ်ကတော့ Reflection ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ပြသတဲ့နေ့မှစတင်ကာ သတ်မှတ်ပေး ထားတဲ့ ရုပ်ရှင်ရုံ ၄ရုံတွင် ဓာတ်ပုံရိုက်နိုင်မယ့် Photobooth များထားရှိပေးထားပါတယ်။ အဲဒီ Photobooth  ရှေ့မှာ ရုပ်ရှင်လက်မှတ်ကိုင်ကာ ဓာတ်ပုံရိုက်ရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ပို့စ်အောက်တွင် ကံစမ်းသူရဲ့ ဖုန်းနံပါတ်နဲ့တကွ ကံစမ်းရမှာ  ဖြစ်တယ်လို့ သိရပါတယ်။

ကံထူးရှင်များကိုတော့ ဧပြီ ၂၂ရက်နေ့မနက်တွင် Reflection Facebook Page တွင် ဖော်ပြပေးသွားမှာဖြစ်ပြီး ဆုကြေးအနေဖြင့် ပထမဆု ၇သိန်း၊ ဒုတိယဆု ၅သိန်း နှင့်တတိယဆုအနေဖြင့် ၃သိန်းကျပ်ချီးမြင့်  ပေးသွားမှာ  ဖြစ်တယ်လို့ သိရပါတယ်။

The post Reflection ရုပ်ရှင်ဇာတ်ကားကြီးအတွက် လက်မှတ်ထိုးပွဲပြုလုပ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...