Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်ကို လေးလေးပင်ပင်ခံစားကြည့်ရှုချင်သူတွေ အကြိုက်တွေ့စေမယ့် Thelma (2017)

$
0
0

ဒီတခါမှာတော့ IMDB rating (7.1) နဲ့ Psychological drama အမျိုးအစား နော်ဝေ ရုပ်ရှင်ဇာတ်ကားကောင်း တကား ဖြစ်တဲ့ Thelma ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို နော်ဝေနိုင်ငံသား ဒါရိုက်တာ Joachim Trier ကရိုက်ကူးထားတာဖြစ်ပြီး Eilli Harboe, Kaya Wilkins, Henrik Rafaelsen နဲ့ Ellen Dorrit Petersan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Thelma လို့ အမည်ရတဲ့ ကောင်မလေးဟာ ငယ်စဉ်တည်းကနေ အဖျက်သဘောဆောင်တဲ့ သဘာဝလွန်စွမ်းအင်တမျိုးကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီစွမ်းအင်ကတော့ လူတယောက်နဲ့ ပက်သက်ပြီး ပြင်းပြင်း ပြပြ ခံစားလာရတာမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် အာရုံနောက်လာတာမျိုးပဲဖြစ်ဖြစ် ခံစားလာရတဲ့အခါမျိုးမှာ အဲဒီလူကို ရုတ်တရက် ဆိုသလို အစရှာမရအောင်ကို ပျောက်ကွယ်သွားစေနိုင်တဲ့ အစွမ်းပဲဖြစ်ပါတယ်။ ဒီသဘာဝလွန်စွမ်းအင်ရဲ့ အကျိုးဆက် အဖြစ် သူမဟာ တခါတရံမှာ ဝက်ရူးပြန်ရောဂါနဲ့ဆင်တူတဲ့ ရောဂါတမျိုးကို မကြာခဏ ခံစားရတတ်ပါတယ်။ သူမရဲ့မိဘ တွေကလည်း ဒီသဘာဝလွန်စွမ်းအင်ကြောင့် တခြားသူတွေမထိခိုက်ရအောင်ဆိုပြီး ငယ်စဉ်ကတည်းကနေ တင်းကျပ်တဲ့ ဘာသာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းသိမ်းအုပ်ချုပ်လာခဲ့ကြတာပါ။

သူမဘဝတလျှောက်လုံးကို မိဘတွေ အုပ်ချုပ် လာခဲ့တဲ့ ဘာသာရေးစည်းမျဉ်းတွေနဲ့ ကြီးပြင်းလာခဲ့ရာကနေ အရွယ် ရောက်လာတဲ့ Thelma ဟာ မိဘတွေနဲ့ခွဲပြီး မြို့မှာ တက္ကသိုလ်တက်ရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။ မိဘ အုပ်ထိန်းမှုအောက်ကနေ ကင်းလွတ်နေပြီး လူငယ်သဘာဝ ဘာမဆို စမ်းသပ်ပြုလုပ်လို့ရတဲ့ တက္ကသိုလ်ပတ်ဝန်းကျင်ဟာ Thelma ရဲ့သဘာဝလွန်စွမ်းအင်ကို စတင်စမ်းသပ်နေပြီး ဒီသဘာဝလွန်စွမ်းအင်ကို မထိန်းချုပ်နိုင်သေးတဲ့ Thelma တယောက် ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

ရုပ်ရှင်အတတ်ပညာပိုင်းဆိုင်ရာနဲ့ ပက်သက်ပြီး နိုင်ငံတကာမှာလည်းဆုတွေအမြောက်အမြားရရှိထားတဲ့ ဒီဇာတ်ကားဟာ Psychological drama ရုပ်ရှင်အမျိုးအစားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းနဲ့ တင်ပြပုံတွေက ဆွဲဆောင်မှုရှိလှပါတယ်။ မိမိကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ သဘာဝလွန်စွမ်းအင်ကို ပိုင်ဆိုင်ထားသူတယောက်ရဲ့ ရှုထောင့်ပေါင်းစုံကို တင်ပြထား တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ရပါတယ်။

The post ရုပ်ရှင်ကို လေးလေးပင်ပင်ခံစားကြည့်ရှုချင်သူတွေ အကြိုက်တွေ့စေမယ့် Thelma (2017) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...