Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် ဆုပေးပွဲတက်ရောက်မည့်ခရီးစဉ်ကို မင်းသမီး Natalie Portman ဖျက်သိမ်း

$
0
0

ဟောလိဝုဒ်မင်းသမီး Natalie Portman ဟာ မကြာသေးခင်က ဂါဇာလုံခြုံရေးနယ်စပ်မှာ ပါလက်စတိုင်း အရပ်သားတွေနဲ့ အစ္စရေးစစ်သားတွေကြား ဖြစ်ပွားခဲ့တဲ့ တင်းမာတဲ့ အခြေအနေကြောင့် ဆုလက်ခံရယူဖို့ အစ္စရေးနိုင်ငံကို လာရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျေရုစလင်မြို့မှာ မွေးဖွားခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် မင်းသမီးဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ Genesis Prize Foundation ကနေချီးမြှင့်တဲ့ ဒီနှစ်အတွက် ဂုဏ်ထူးဆောင်ဆုကို လက်ခံရယူမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပြီး သူ့ရဲ့ မိခင်နိုင်ငံကို ပြန်ပြီး ဆုလက်ခံရယူဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာတော့ မင်းသမီး Portman က အဲဒီဆုပေးပွဲအခမ်းအနားကို တက်ရောက်တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပြီး မကြာသေးမီက အစ္စရေးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် စိတ်မသက်မသာဖြစ်ရပြီး အဲဒီမှာပြုလုပ်မယ့် ပွဲတွေကို တက်ရောက်ဖို့ရာ စိတ်သက်သောင့်သက်သာ ခံစားရမှာမဟုတ်တဲ့အတွက် ဆုပေးပွဲကို လည်း စိတ်ကြည်ကြည်လင်လင်နဲ့ တက်ရောက်နိုင်မှာမဟုတ်တဲ့ အကြောင်း ဖောင်ဒေးရှင်းရဲ့ ကိုယ်စားလှယ်တဦးက ပြောကြားခဲ့ပါတယ်။

The Hollywood Reporter ရဲ့ အဆိုအရ သက်ဆိုင်ရာ နယ်ပယ်တွေမှာ ထူးချွန်ပြောင်မြောက်တဲ့ ဂျူးလူမျိုးတွေကို အသိအမှတ်ပြုတဲ့ “ဂျူးနိုဘယ်ဆု” လို့ တင်စားကြတဲ့ Genesis Prize Foundation ဟာ မင်းသမီး တက်ရောက်မှာ မဟုတ်ဘူးလို့ သတင်းထွက်ပေါ်လာချိန်မှာပဲ ဒီနှစ်အတွက် ဆုပေးပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့် သိရပါတယ်။ အဲဒီဖောင်ဒေးရှင်းရဲ့ ကြေညာချက်တခုထဲမှာတော့ “မစ္စ Portman ဟာ အလွန်အောင်မြင်တဲ့မင်းသမီး ၊ လူမှုရေးလှုပ်ရှား သူ၊ သိပ်ထူးခြားတဲ့လူသားတဦးဖြစ်ပါတယ် ၊ ဖောင်ဒေးရှင်းရဲ့ ဝန်ထမ်းတွေကပြီးခဲ့တဲ့ ခြောက်လကျော်လောက်မှာ သူ့ အကြောင်း သိရတာပျော်ရွှင်ခဲ့ကြပြီး၊ သူရဲ့ လူသားဖြစ်တည်မှုကို လေးစားပြီး၊ အစ္စရေးအစိုးရရဲ့ မူဝါဒတွေနဲ့သဘောထား မတူညီဘူးဆိုတာ လူသိရှင်ကြား သူ့ရဲ့ ထုတ်ပြခွင့်ကို လေးစားကြပါတယ်” လို့ ဖော်ပြထားပါတယ်။

ထပ်ပြီး ကြေညာချက်ထဲမှာ “ဒါပေမယ့် သူဟာ နိုင်ငံရေး အကြောင်းပြချက်တွေကြောင့် ဂျေရုစလင်မြို့မှာ လုပ်မယ့် Genesis Prize Ceremony ကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကျနော်တို့ စိတ်မကောင်း ဖြစ်ရပါတယ်၊ မစ္စ Portman ရဲ့ ဆုံးဖြတ်ချက်ကြောင့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ကျနော်တို့ကြိုးကြိုးစားစား ရှောင်လွှဲခဲ့ရတဲ့ ကျနော်တို့ရဲ့ ပရဟိတ အစီအစဉ်တွေမှာ နိုင်ငံရေးသဘော ပါဝင်လာစေပါတယ်” လို့ ဖော်ပြထားပါတယ်။ မင်းသမီး Portman ရဲ့ ကိုယ်စားလှယ်ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

Ref: etcanada

The post အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် ဆုပေးပွဲတက်ရောက်မည့်ခရီးစဉ်ကို မင်းသမီး Natalie Portman ဖျက်သိမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...