Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Facebook အကောင့်တုဖြင့် မဲဖောက်ပေးမယ်ဆိုတဲ့သူများကို လင်းလင်းသတိပေး

$
0
0

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မိသားစုပုံကို အသုံးပြုပြီး Facebook တွင် Page အတုဖွင့်ကာ ကံစမ်းမဲ များ ဖောက်ပေးမယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး လင်းလင်းက အခုလိုပဲပြန်လည် တုန့်ပြန့်ထား ပါတယ်။

“ကျနော့်ရဲ့ page က ကံစမ်းမဲမပါဘူး။ မဲလည်းမဖောက်ဘူး။ ဘာလို့လည်းဆိုတော့ အခုဒီအကောင့်အစစ်မို့လို့ပါ။ လိုရင်းကိုပြောရရင် ဒီPage ကအတုကြီးပါ။ Follower တွေများလာရင် နာမည်ပြောင်းပြီး စီးပွားရေးလုပ်ရင်လုပ် ဒါမှမဟုတ်ကျုပ်တို့ကို မဟုတ်တာလုပ်ပြီး သိက္ခာချမှာပေါ့။ ဒီတော့အဆင်ပြေမယ်ဆိုရင် Report လေးထုပေးပေါ့။ Share တဲ့လူကလည်း ၂သောင်းတောင်ကျော်တယ်။ ဖီလင်အားအားယားယား လက်ဖြန့်တောင်းတဲ့ အကျင့်တွေကို တွန်းလှန်ကြပါစို့။ ကျနော်တို့ လင်မယား၂ယောက်က အခုဒီအကောင့် ၂ခုဘဲရှိပါတယ်။” လို့ လင်းလင်းက သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

အဆိုတော်လင်းလင်းကတော့ သူတို့လှူဒါန်းသမျှအလှူများကို Facebook ပေါ်မှာ တင်တဲ့အခါ အလှူရှင် တကယ် လိုအပ်တဲ့နေရာများကို တင်လေ့ရှိပြီး တနိုင်တပိုင်လှူဒါန်းမှုများအတွက် Facebook ပေါ်တွင် တင်လေ့တင်ထ မရှိဘူး လို့လည်း ပြောထားပါတယ်။

လင်းလင်းတို့ ဇနီးမောင်နှံအနေနဲ့ နေပြည်တော်နားမှာရှိတဲ့ တရားရင်ဆိုင်နေရတဲ့ အဘွားတယောက်ကို အလှူ သွားလုပ် ခြင်းနှင့် မန္တလေးမှာ စွန့်ပစ်ခံဘိုးဘွားရိပ်သာတခုမှာ သိန်း၂၈၀ တန်အဆောက်အဦးတခုလှူခဲ့ခြင်းများ ကိုသာ တခြား သူများပါ မြင်တွေ့သွားပါက သွားရောက်လှူဒါန်းနိုင်ရန်အတွက် ရည်ရွယ်ပြီး Facebook ပေါ်မှာ တင်ထားဖူးခဲ့ကြောင်း ရေးသားထားပါတယ်။

“ကျနော့်မိန်းမချစ်သုဝေ စာတော်ပြီးငွေကြေးမပြည့်စုံတဲ့ ကလေးတွေကို ကျောင်းစရိတ်ထုတ်ပေးတယ်။ တချို့ဆေးကျောင်းတောင်တက်နေပြီ။ ဒါပေမယ့် Facebook မတင်ဘူး။ ဘာလို့လဲဆိုရင် မလိုအပ်လို့ ကျနော်တို့ လုပ်နေတဲ့ တပိုင်တနိုင်တခြား အလှူတွေအများကြီးရှိတယ်။ Facebook မတင်ဘူး။ ဘာလို့လဲဆိုတော့ မလိုအပ်ဘူး ထင်လို့” လို့ လင်းလင်းကပြောပါတယ်။

သူတို့၂ဦးရဲ့ သမီးလေးတွေနာမည်နှင့်လည်း ငါးနှစ်အောက်ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိုဂရမ်အကြီးကြီးတခု စီးပွားရေးလုံးဝမပါတဲ့ အလှူတခုကို လုပ်ဖို့ရှိပြီး အဆိုပါလှူဒါန်းမှုနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တိုင်ပင်ထားကာ ပညာရှင်များ ရုပ်သံတခုတခုနဲ့လည်း ဆွေးနွေးပြင်ဆင်နေတယ်လို့ သိရပါတယ်။

The post Facebook အကောင့်တုဖြင့် မဲဖောက်ပေးမယ်ဆိုတဲ့သူများကို လင်းလင်းသတိပေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...