Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အာရှက စွဲမက်ဖွယ်ကောင်းတဲ့ အမျိုးသားစာရင်းမှာ ပါဝင်တဲ့ ပိုင်တံခွန်

$
0
0

Buzzfeed က ရွေးချယ်ထားတဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အာရှ အမျိုးသားစာရင်းမှာ မြန်မာပြည်က နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် မော်ဒယ် ပိုင်တံခွန်လည်း ပါဝင်နေပါတယ်။ ပိုင်တံခွန်အပြင် အခြားဘယ်သူတွေကကော ဘယ်လောက်ဆွဲဆောင်မှု ရှိနေသလဲဆိုတာ ကြည့် ကြည့်ရအောင်။

(၁) Hrithik Roshan

လက်ပွားမင်းသားလို့ သိကြတဲ့ Hrithik Roshan က အနောက်တိုင်း ဝတ်စုံနဲ့ပဲဖြစ်ဖြစ် အပေါ်ဗလာကျင်းနဲ့ပဲဖြစ်ဖြစ် ချောမောနေတာပါ။

(၂) Vidyut Jamwal

ဘောလိဝုဒ် အက်ရှင် သရုပ်ဆောင် မင်းသား ဖြစ်တဲ့ သူကလည်း အမိုက်စား ကိုယ်လုံးနဲ့ပါပဲ။

(၃) Paing Takhon

မြန်မာပြည်က မော်ဒယ်မင်းသားလေး ပိုင်တံခွန်လည်း ဒီဆွဲဆောင်မှုရှိတဲ့ အမျိုးသား စာရင်းထဲမှာ ပါနေပါတယ်။ တကယ်ပဲ ဆွဲဆောင်မှုရှိသလားဆိုတာတော့ ပရိသတ်ကြီးလည်း သိမယ်ထင်ပါတယ်။

(၄) Dipak Singh Chhikara

မော်ဒယ်သရုပ်ဆောင် တယောက်ဖြစ်တဲ့ Deepak Singh ကတော့ ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။

(၅) Asif Azim

Asif Azim က ဘင်္ဂလားဒေ့ရှ်က နာမည်ကြီး မော်ဒယ်တယောက်ဖြစ်ပြီး သူ့ရဲ့ မေးရိုးတွေက သူများထက် ထင်ရှားပါတယ်။

(၆) Ranveer Singh

တလောကမှ Padmaavati ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ သူလည်း ဆွဲဆောင်မှု အတော်လေး ရှိတာ ငြင်းမရပါဘူး။

(၇) Karan Wahi

Karen wahi က အရင်က ခရစ်ကတ်ကစားသူဖြစ်ပြီး နောက်ပိုင်းမှ မော်ဒယ်နဲ့ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူ ဖြစ်ပါတယ်။

(၈) John Abraham

အိန္ဒိယသရုပ်ဆောင်ဖြစ်သလို ပရိုဂျူဆာ မော်ဒယ်တယောက်လဲဖြစ်ပါတယ်။

(၉) Sahil Jakar

သူကတော့ ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်ပါ။

(၁၀) Vishal Ra

သူလည်းပဲ မော်ဒယ်သရုပ်ဆောင် တယောက်ဖြစ်ပြီး ယောကျာ်းပီသတဲ့ ကိုယ်လုံးပိုင်ဆိုင်ထားသူပါ။

ဒီစာရင်းထဲမှာ ပါဝင်တဲ့ အမျိုးသားအများစုက အိန္ဒိယလူမျိုးတွေဖြစ်ကြပြီး ထူးထူးခြားခြား မြန်မာပြည်က မော်ဒယ်ပိုင်တံခွန်ကိုလည်း စာရင်းထဲမှာ တွေ့မြင်ရတာပါ။ ဒါကြောင့် မော်ဒယ်ပိုင်တံခွန်ကို အားပေးနေတဲ့ ပရိသတ်တွေ ဂုဏ်ယူနေကြမယ် ထင်ပါတယ်။

The post အာရှက စွဲမက်ဖွယ်ကောင်းတဲ့ အမျိုးသားစာရင်းမှာ ပါဝင်တဲ့ ပိုင်တံခွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link