Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုရီးယားမင်းသား Jang Dong-gun (ဒါရိုက်တာရင်) ပါဝင်တဲ့ ဇာတ်လမ်းတွဲ “Suits”ကို မကြာမီ ပြသမည်

$
0
0

အမေရိကန် မှုခင်းဇာတ်လမ်းတွဲအား ကိုရီးယားစကားပြော ဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ “Suits” ဇာတ်လမ်းတွဲကို လာမယ့် ဧပြီလ ၂၅ ရက်မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။

တနေ့တည်းမှာပဲ အဲဒီမူရင်း နာမည်ကျော်ဇာတ်လမ်းတွဲကို အမေရိကန်နိုင်ငံမှာ Season 7 စတင်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ ကေဘယ်လ် ရုပ်သံလိုင်းတခုဖြစ်တဲ့ USA ကနေ ၂၀၁၁ ခုနှစ်၊ ဇွန်လကစလို့ ထုတ်လွှင့်ပြသခဲ့တဲ့ အဲဒီ ဇာတ်လမ်းတွဲကို ကမ္ဘာတဝန်းမှာဆိုရင် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အခုတော့ အာရဗီစကားပြောနဲ့ ထပ်မံရိုက်ကူးဦးမယ်လို့ ဆိုပါတယ်။

အခုဇာတ်လမ်းတွဲမှာဆိုရင် မင်းသား Jang Dong-gun က နိုင်ငံရဲ့ ထိပ်တန်းဥပဒေကုမ္ပဏီတခုမှာ အလုပ်လုပ်နေတဲ့ တိကျပြတ်သားတဲ့ ရှေ့နေ Choi Kang-seok အဖြစ် ပါဝင်ထားပါတယ်။ လူငယ်မင်းသား Park Hyung-sik ကတော့ ရှေ့နေ Choi ရဲ့ မိတ်ဆွေ Koh Yeon-woo အဖြစ်ပါဝင်ထားပြီး အမှုလိုက်ဖို့ လိုင်စင်မရှိပေမယ့် မှတ်သားနိုင်စွမ်းအား မြင့်မားမှုရယ် ဉာဏ်ရည်ထက်မြက်မှုကို ပိုင်ဆိုင်ထားတဲ့ သူတယောက် ဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ် မင်းသားကြီး Jang ဟာ ၂၀၁၂ ခုနှစ်မှာ SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “A Gentleman’s Dignity” ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး ဇာတ်လမ်းတွဲတခုမှာ ထပ်မံပါဝင်လာတာလည်း ဖြစ်ပါတယ်။ “Seven Years of Night” နဲ့ “V.I.P.” လိုမျိုး သည်းထိတ်ရင်ဖို မှုခင်း ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီးတဲ့နောက် မင်းသား Jang က ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဒရမ်မာ၊ ဒါမှမဟုတ် ရုပ်ရှင်တခုမှာ ပါဝင်ချင်တယ်လို့ ပြောဆိုထားဖူးပါတယ်။

ZE:A အမည်ရှိတဲ့ အမျိုးသားအဆိုတော်အဖွဲ့မှ အဆိုတော်၊ သရုပ်ဆောင် Park ကတော့ စီနီယာမင်းသား Jang နဲ့အတူ အလုပ်အတူ တွဲလုပ်ဖို့ စိတ်အားထက်သန်ပြီး အမှုတွေကို အတူရင်ဆိုင်ဖြေရှင်းကြရင်း ညီအစ်ကိုရင်းပမာ ချစ်ကြည်မှုကို သရုပ်ဆောင်ဖို့ အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဇာတ်ကောင်တွေရဲ့ စန်းနဲ့ စွမ်းပကားတွေက အခုဇာတ်လမ်းတွဲကို အောင်မြင်အောင် ဖန်တီးတဲ့နေရာမှာ အရမ်း အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်မှာဖြစ်တယ်လို့ ထုတ်လုပ်သူ Kim Jin-woo ကဆိုပါတယ်။ အရမ်းကို အောင်မြင်ခဲ့တဲ့ အမေရိကန် ဇာတ်လမ်းတွဲကို ပြန်လည်ဆန်းသစ်ရိုက်ကူးရတဲ့ ဖိအားကို သိရှိနားလည်ပြီး ကိုရီးယားဗားရှင်းဟာလည်း ထူးခြားမှုတွေ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အပိုင်း ၁၆ ပိုင်း ပါဝင်မယ့် အဲဒီဇာတ်လမ်းတွဲကို KBS 2TV ရုပ်သံလိုင်းကနေ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်းရဲ့ ည ၁၀ နာရီအချိန်မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Ref : yonhap

The post ကိုရီးယားမင်းသား Jang Dong-gun (ဒါရိုက်တာရင်) ပါဝင်တဲ့ ဇာတ်လမ်းတွဲ “Suits” ကို မကြာမီ ပြသမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်