Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Avengers Infinity War ရုပ်ရှင်မှာ ဘယ်စူပါဟီးရိုး ကျဆုံးမှာလဲ

$
0
0

Avengers: Infinity War ရုပ်ရှင်ရဲ့ အဆုံးသတ်ဟာ တချို့သော စူပါဟီးရိုးတွေ Iron Man ဒါမှမဟုတ် Captain America တို့အတွက် ဇာတ်သိမ်းခန်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Avengers အဖွဲ့ထဲကို ပထမဆုံး ဝင်ရောက်လာခဲ့တဲ့ ကမ္ဘာ့အစောင့်အရှောက် ဟီးရိုး တော်တော်များများလည်း ဖြစ်နိုင်ပါတယ်။

အခု ရုပ်ရှင်နဲ့ ပတ်သက်လို့ ဈေးကွက်မြှင့်တင်ဖို့ လူပြောများနေတဲ့ စကားလုံးတွေက “အဆုံးသတ်ပဲ”၊ “အရာအားလုံးရဲ့ အထွတ်အထိပ်ပဲ” ၊ “ဒီမှာအားလုံးအဆုံးသတ်ပြီ”၊ “နောက်ဆုံးတိုက်ပွဲပဲ” စသဖြင့် သုံးနှုန်း ကြပါတယ်။ ဒါပေမယ့် လူတိုင်း သိထားတာက ဒါတကယ်အဆုံးသတ်မဟုတ်သေးပါဘူး။

နောက်ဆက်တွဲ ဇာတ်လမ်းတွေနဲ့ရိုက်ကူးတဲ့ Marvel Cinematic Universe ရဲ့ စူပါဟီးရိုးရုပ်ရှင်တွေက အခုဆိုရင် ဝင်ငွေ ဒေါ်လာ ၁၅ ဘီလီယံတောင် ရရှိထားတာကို ကြည့်မယ်ဆိုရင် Disney ရော၊ Marvel Studios ရော နှစ်ခုလုံးက မကြာခင် အဆုံးသတ်သွားမယ့် ပုံမှာမရှိပါဘူး။ ပြီးတော့ နာမည်မပေးရသေးတဲ့ Avengers 4 ရုပ်ရှင်တခု ကျန်နေသေးတယ် ဆိုတာကိုလည်း ကျနော်တို့ သိကြပါတယ်။ တကယ်လို့များ Infinity War ဟာ အဆုံးသတ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ။

အခုရုပ်ရှင်ထဲမှာ ပါဝင်မယ့်ဗီလိန် Thanos က Infinity Stone တခုမှမရှိဘဲနဲ့တောင် MCU မှာ ရှိတဲ့ အခြား ဇာတ်ကောင် တွေထက်ကို အင်အားကြီးပါတယ်။ ဒါကြောင့် မလွဲမသေစူပါဟီးရိုးတယောက်ကတော့ ကျဆုံး ရမှာပါ။ Thanos ရဲ့ လက်ထဲမှာ ဒါမှမဟုတ် သူ့ရဲ့ Black Order အဖွဲ့လက်ချက်ကြောင့် ပါဝင်တဲ့ စူပါဟီးရိုးတွေအပေါ် သက်ရောက်မှုတော့ ရှိနိုင်မှာပါ။
ကဲ အဲဒီတော့ အခုရုပ်ရှင်ထဲမှာ ကမ္ဘာကြီးကို ကာကွယ်ရင်း ကျဆုံးရတဲ့ စူပါဟီးရိုးက ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်း ကြည့်ရအောင်။

Vision

Infinity War ထဲမှာ ပါလာမယ့် Vision ကတော့ သေဖို့ ဖြစ်နိုင်ချေ အများဆုံးပါ။ သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဗီလိန်ကြီး Thanos လိုချင်နေတဲ့ Mind Stone ရှိနေတာမို့လို့ပါ။ ဖြစ်နိုင်တာက တခုလည်းရှိပါတယ်။ Vision အသတ်ခံရပြီး Thanos ဟာ Infinity Stone ကိုသူ့ရဲ့ လက်အိတ်မှာတပ်ပြီး စကြာဝဠာတဝက်ကို ချေမွှမှာ ဖြစ်ပါတယ်။

Loki

ကမ္ဘာမြေနဲ့ အလှမ်းဝေးတဲ့ ဂလက်စီထဲက အတ်စ်ဂတ်ပြည်မှ လူလိမ် နတ်ဘုရားတပါးဖြစ်တဲ့ Loki ဟာ MCU မှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ဖြတ်သန်းခဲ့ရသူလည်းဖြစ်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်ရှင်းလင်းဖို့ လုပ်ရပ်တွေ ကအစ သူ့မှာတာဝန်ရှိပြီး Avenager တွေရဲ့ ဗီလိန်တယောက်လည်း ဖြစ်ပါတယ်။ အခုဒီရုပ်ရှင်ထဲမှာတော့ Loki သေဆုံးဖို့အချိန် ကျရောက်လာပြီလို့ ထင်ပါတယ်။ သူဟာ အကြိမ် တော်တော်များများ သေဆုံးခဲ့ပေမယ့် ပြန်ပေါ်လာခဲ့ပါတယ်၊ ဒါပေမယ့် Infinity War မှာ သူသေလိမ့်မယ်လို့ မျှော်လင့်ရပြီး Thor နဲ့ အတ်စ်ဂတ်ပြည်သူတွေကို ကယ်တင်ဖို့ သူ့ကိုယ်သူ စတေးခံမယ့် ပုံလည်းရှိပါတယ်။

Captain America

ငယ်ငယ်ကတည်းက အနိုင်ကျင့်စော်ကားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့ ကပ္ပတိန်ရော်ဂျာကတော့ Infinity War မှာ ကျဆုံးနိုင်တဲ့သူတဦး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အကြီးမားဆုံး အကြောင်းပြချက်ကတော့ သူ့မှာ Thanos နဲ့ ရင်ဆိုင်နိုင်တဲ့ အလွန်မာကျော ကျစ်လစ်တဲ့ ကြွက်သားတွေ ပိုင်ဆိုင်ထားတဲ့ စူပါစစ်သား တယောက် ဖြစ်ပေမယ့် Infinity Stone မရှိဘဲ ကမ္ဘာပေါ်ကို ရောက်လာမယ့် Mad Titan လို့ခေါ်တဲ့ Thanos ကို ရင်ဆိုင်နိုင်ဖို့ရာ အခွင့်အရေး နည်းပါးပါတယ်။

Nebula:

ဒါကတော့ စာရေးသူရဲ့ ခံစားချက်ဖြစ်ပါတယ်။ သူသေဆုံးတာကို မမြင်ချင်ပေမယ့် Nebula နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Karen Gillan က သူဟာ အမျိုးသမီး MCU ရုပ်ရှင်တွေအားလုံးမှာ ပါဝင်လာနိုင်တယ်လို့ ခိုင်ခိုင်မာမာ အရိပ်အမြွှက် ပြောကြားထားပါတယ်။ ဒါပေမယ့် ဒါဟာ Infinity War ရဲ့ ဇာတ်လမ်းအကြောင်းအရာဖြစ်ပြီး ကာတွန်းစာအုပ်ကို အခြေခံတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ သေဆုံးသူတွေ ပြန်ရှင်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မှော်ပညာရှင် Doctor Strange က အချိန်ကို နောက်ကြောင်း ပြန်လှည့်နိုင်လို့ပဲ ဖြစ်ပါတယ်။

Hawkeye

Hawkeye နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Jeremy Renner ကို ဒီရုပ်ရှင်ရဲ့ ပရိုမိုးရှင်းအပိုင်းမှာရော မာကတ်တင်း အပိုင်းမှာရော မတွေ့ရပါဘူး။ အကြောင်းပြချက် တခုကကတော့ သူဟာ ဒီရုပ်ရှင်မှာ မပါဝင်လို့ ဖြစ်နိုင်ပါတယ်။ နောက်ထပ် အကြောင်းပြချက် တခုကတော့ တခြားသူတွေကို ကယ်တင်ဖို့ အသက်ကို စတေးလိုက်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကျဆုံးနိုင်တဲ့ သူတွေအကြောင်း ပြောပြီးပြီဆိုရင် အသက်ရှင် ကျန်ရစ်မယ့် စူပါဟီးရိုးတွေအကြောင်း ပြောရအောင်။

ရုပ်ရှင် အမြည်းဗီဒီယိုတွေကို ကြည့်မယ်ဆိုရင် Infinity War မှာ Iron Man သေနိုင်ပေမယ့် ဒါဟာ ပရိသတ်ကို ခြောက်လှန့်လိုက်တာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ သိသာထင်ရှားတာ တခုတော့ Thanos ရဲ့ လက်သီးချက်တွေကို ခံနေရတယ်ဆိုတာ မြင်တွေ့ရပါတယ်။ Black Panther, Doctor Strange, Spider-man တို့ကတော့ ကျိန်းသေပေါက် အသက်ရှင်မှာပါ။ သူတို့ရဲ့ နောက်ဆက်တွဲဆက်လမ်းတွေကိုလည်း ဆက်ရိုက်နေပြီး သက်ဆိုင်ရာရုပ်ရှင်တွေမှာ သူတို့ပါဝင်ကြဦးမှာဖြစ်ပါတယ်။

Avenger အဖွဲ့ထဲက စူပါဟီးရိုးတယောက်ကတော့ ကျဆုံးတာ ဒါမှမဟုတ် အနားပေးတာမျိုး ဖြစ်လာမယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Avengers: Infinity War ရုပ်ရှင်ကို ဧပြီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Ref : indianexpress

The post Avengers Infinity War ရုပ်ရှင်မှာ ဘယ်စူပါဟီးရိုး ကျဆုံးမှာလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ