Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နိုင်ငံရေးနဲ့ နှီးနွယ်ပြီး ရိုက်ကူးပြသထားတဲ့ အိန္ဒိယ ဇာတ်ကားကောင်း “Aramm (2017)”

$
0
0

ဒီတခါမှာတော့ IMDB rating (8.2) အထိရရှိထားပြီး ဒါရိုက်တာ Minjur Gopi ရိုက်ကူးထားတဲ့ Aramm ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်အဖြစ် မင်းသမီး Nayanthara ကပါဝင်ထားပြီး တခြားသောသရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အိန္ဒိယနိုင်ငံရဲ့ ရွာငယ်လေးတွေမှာ ရေရှားပါးမှုကြောင့် ရောဂါမျိုးစုံ ခံစားနေရပြီး အတိဒုက္ခ ရောက်နေကြရပါတယ်။ ဒီအချိန်မှာပဲ အိန္ဒိယနိုင်ငံရဲ့ အာကာသ သုတေသနစခန်းကနေ နိုင်ငံရဲ့ တိုးတက်မှု သင်္ကေတ အဖြစ် ဒုံးပျံလွှတ်တင်ဖို့ လုပ်ဆောင်နေကြတာကို တွေ့မြင်ရမှာပါ။

အာဏာရ ပါတီအဖွဲ့အစည်းက ပါတီခေါင်းဆောင် အချို့ဟာ မိုုးခေါင်ရေရှား ကျေးရွာတွေမှာ ရေတွင်းတွေ တူးဖော်ခဲ့ပြီး ရေမထွက်တဲ့ တွင်းဟောင်းတွေကိုတော့ သတိကင်းမဲ့စွာနဲ့ပဲ ဒီအတိုင်းပစ်ထားလိုက်ကြပါတယ်။

ဒီလိုမျိုး တွင်းဟောင်းတွေကို ပြန်မပိတ်ဘဲ ထားလိုက်တဲ့အတွက်ကြောင့် ရွာထဲက ၅ နှစ်အရွယ် Dhansika ဆိုတဲ့ ကလေးမလေးဟာ ရေတွင်းဟောင်းထဲကို ပြုတ်ကျသွားပြီး ကယ်ဆယ်ရေးတွေကလည်း အချိန်မီ မရောက် ၊ ရောက်လာပြန်တဲ့ အခါမှာလည်း ကယ်ဆယ်ရေး ကိရိယာတွေ မစုံလင်တာကြောင့် အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ ရပါတော့တယ်။

တဖက်မှာတော့ နိုင်ငံရဲ့တိုးတက်မှုသင်္ကေတအဖြစ် ဒုံးပျံလွှတ်တင်ဖို့ ပြင်ဆင်နေပေမယ့် ရေတွင်းဟောင်းထဲကို ကျသွားတဲ့ ကလေးမလေးကိုတော့ ကယ်ဆယ်ဖို့ အခက်အခဲတွေကြောင့် ရွာသူရွာသားတွေနဲ့ ကယ်ဆယ်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ခရိုင်မှူးဖြစ်သူနဲ့ ပြဿနာတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဒီရေတွင်းဟောင်းတွေကို ပြန်မပိတ်ခဲ့တဲ့ တာဝန်အရှိဆုံး အာဏာရပါတီရဲ့ အကြီးအကဲတွေဟာ ခေါင်းရှောင်နေကြပြီး ခရိုင်ရေးမှူး ဦးဆောင်ပြီး ပြုလုပ်နေတဲ့ ဒီမပြည့်မစုံ ကယ်ဆယ်ရေးကရော ကလေးမလေးရဲ့ အသက်ကို ကယ်တင် နိုင်မှာလား ဆိုတာကို ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုရမှာပါ။

နိုင်ငံရေးနဲ့ နှီးနွယ်ပြီး ရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားဟာ အာဏာရ လူတန်းစားတချို့ရဲ့ လူ့အသက် တချောင်းအပေါ် ခေါင်းရှောင်မှုတွေနဲ့ အာဏာတည်မြဲရေး အတွက်ကိုပဲ ရှေးရှုနေတဲ့ ယုတ်ညံ့တဲ့ လူ့သဘော မနောတွေကို စိတ်လှုပ်ရှားစရာ အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုလိုက်ပါတယ်။

The post နိုင်ငံရေးနဲ့ နှီးနွယ်ပြီး ရိုက်ကူးပြသထားတဲ့ အိန္ဒိယ ဇာတ်ကားကောင်း “Aramm (2017)” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)