Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Donald Trump ကိုမဲပေးမည်ဟု ပြောဆိုခဲ့ခြင်းအတွက် အဆိုတော် Shania Twain ပြန်လည်တောင်းပန်

$
0
0

ကမ္ဘာကျော်အဆိုတော် Shania Twain က မကြာသေးမီကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ အခွင့်အရေးရှိပါက လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို မဲပေးမှာဖြစ်တယ်လို့ ပြောဆို မှတ်ချက် ပေးချက်တဲ့အတွက် တောင်းပန် စကားဆိုလိုက်ပါတယ်။

အသက် ၅၂ နှစ်အရွယ် ကနေဒါနိုင်ငံသူ အဆိုတော် Shania ဟာ မေးခွန်း ကြောင့် အကျပ်ရိုက်ခဲ့ပြီး လက်ရှိသမ္မတနှင့် လူ့ကျင့်ဝတ်သိက္ခာ ယုံကြည်ချက်များ မတူညီကြောင်း Twitter မှာ ပြောဆိုခဲ့ပါတယ်။ သူက “Guardian နဲ့ မကြာသေးမီ ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ အမေရိကန် သမ္မတနဲ့ ပတ်သက်လို့ “ကျမက စိတ်ပျက်မိစေခဲ့တဲ့သူအားလုံးကို ကျမ တောင်းပန်လိုပါတယ်၊ မေးခွန်းကြောင့် အကျပ်ရိုက်ခဲ့ရတာပါ၊ ကနေဒါနိုင်ငံသားတဦးအနေနဲ့ တိတိကျကျ တုန့်ပြန် ပြောဆိုဖို့အခွင့်အရေးမရဘဲ မမျှော်လင့်တဲ့ မေးခွန်းကို ဖြေဆိုခဲ့ရတာ ကျမ နောင်တရမိပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဆက်ပြီး သူက “ဘယ်လိုမျိုး ခွဲခြားဆက်ဆံမှုကိုမဆို ကျမ ဆန့်ကျင်ပါတယ်၊ လက်ရှိသမ္မတနဲ့ ကျမ ကိုယ်ကျင့်သိက္ခာပိုင်း ယုံကြည်ချက် မတူညီတာ၊ ကျမပြုလုပ်လိုက်တဲ့ ရွေးချယ်မှု၊ ကျမနဲ့အတူ ရပ်တည်တဲ့သူတွေဆီကနေ မျှော်လင့်ချက်က ရှင်းလင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။ ဒီနေ့ခေတ် အငြင်းပွားဖွယ်အဖြစ်ဆုံးနိုင်ငံရေး ခေါင်းဆောင်တဦး ဖြစ်တဲ့ သမ္မတ Trump ကို အားပေး အားမြှောက်ပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတဲ့ အဆိုတော် Shania က သူ့ရဲ့ တုန့်ပြန် ပြောဆိုမှုဟာ သူ့ရဲ့ တန်ဖိုးတွေအပေါ် ရောင်ပြန်မဟပ်ဘူးလို့ဆိုပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိမယ်ဆိုရင် သမ္မတထရန့်ကို ထောက်ခံမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ အတွက် ယခုလို ပြန်လည်ဖြေရှင်းခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းက သူက “ကျမသူ့ကို မဲပေးမှာပါ၊ ဘာလို့လဲဆိုတော့ သူက ချက်ကျကျ တိုက်ခိုက်တတ်တယ်၊ ရိုးသားပုံလည်းရတယ်၊ တဲ့တိုးလုပ်ကိုင်တာနဲ့ ယဉ်ကျေးတာ လိုချင်တာလား၊ နှစ်ခုလုံး တော့ တပြိုင်တည်းမရနိုင်ပါဘူး၊ တကယ်လို့ ကျမသာ မဲပေးရမယ်ဆိုရင် အလဟဿ ဖြစ်မသွားချင်ပါဘူး၊ မြင်သာ ထင်သာရှိတဲ့ ခံစားချက်တခုအတွက် ကျမမဲပေးမှာပါ၊ ပြီးတော့ နိုင်ငံရေးဆိုတာ ဒီလိုလုပ်ရင်တော့ နာမည်မကျော်ဘူးလေ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ptinews

The post Donald Trump ကိုမဲပေးမည်ဟု ပြောဆိုခဲ့ခြင်းအတွက် အဆိုတော် Shania Twain ပြန်လည်တောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ