Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင်လုပ်ဖို့အတွက် အခက်အခဲတွေ အများကြီးရှိနေတဲ့ လှယဉ်ကျေး

$
0
0

“မုဒြာရဲ့ခေါ်သံ”  ရုပ်ရှင်ဇာတ်ကားကြီးမှာ  “နှင်းသူဇာ”  ဇာတ်ကောင်နဲ့  မြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့ ရိုးရိုးယဉ်ယဉ် အဝတ်အစားများနဲ့  တိုးဂိုက်အမျိုးသမီးတယောက် နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ လှယဉ်ကျေးကတော့ အသစ်တယောက်အနေနဲ့ သရုပ်ဆောင်လုပ်ဖို့အတွက်ကို အခက်အခဲတွေအများကြီးရှိနေတယ်လို့ ဧရာဝတီကို  ပြောပါတယ်။

“ဝါသနာပါတာကတော့ သရုပ်ဆောင်ပေါ့ ဒါပေမယ့် သရုပ်ဆောင်လုပ်ဖို့အတွက်က အခက်အခဲ တွေ အများကြီးရှိ နေတယ်။ အသစ်တွေအတွက် Audition များများမရှိတာရယ် ရုပ်ရှင်ထုတ်လုပ်တဲ့အခါ အသစ်တွေကို Audition ခေါ်ပြီး ကမ်းလှမ်းတာမရှိတာကြောင့် ရပ်တည်ဖို့အတွက် ခက်ခဲနေတယ်” လို့လှယဉ်ကျေးက ပြောပါတယ်။

လှယဉ်ကျေး ကတော့ “မောင့်အိမ်သူ”  ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သူများအိမ်ထောင်ရေးကို ဖျက်ဆီးတဲ့ အမျိုးသမီး တယောက် ဇာတ်ရုပ်နဲ့  သရုပ်ဆောင်ခဲ့တုန်းက ပရိသတ်က ကာရိုက်တာကို သဘောမကျခဲ့ဘဲ “မုဒြာရဲ့ခေါ်သံ” မှာတော့ သူမရဲ့ ကာရိုက်တာကိုရော သရုပ်ဆောင်မှုကိုပါ ပရိသတ်ရဲ့ အားပေးခြင်းခံခဲ့ရပါတယ်။

လှယဉ်ကျေးကတော့ သရုပ်ဆောင်အလုပ်အပြင် ဇာတ်ညွှန်းရေးသားခြင်းကိုလည်း တဖက်တလမ်းမှ တွဲဖက်လုပ်ကိုင် နေတယ်လို့ သိရပါတယ်။

“Laurel Art”  ကရိုက်မယ့် ရုပ်ရှင်ကားကြီးအတွက် ပြောထားတာတော့  တနှစ်ကျော်နေပြီ  အဲဒီဟာအတွက် ဇာတ်ညွှန်း ရေးနေပြီ အစတုန်းကတော့ ဒါရိုက်တာ Comfirm မလုပ်သေးလို့ မရေးရသေးဘူး။ ဒီဇင်ဘာလောက်မှာ စရေးတော့ဆိုလို့  ရေးတယ်။ နောက်ပြီးတော့  “မုဒြာရဲ့ခေါ်သံ”  ပေါ်လာတော့ ဆက်ပြီးတော့ မရေးဖြစ်ဘဲနဲ့ ရပ်ထား တယ်။ အကြွေးတင်နေတယ်။ အခု အမြန်ရေးနေပါတယ်။ အခွင့်အရေး  မရှိတဲ့အခါမျိုးမှာ ဇာတ်ညွှန်းနဲ့ ရပ်တည်ဖို့ အတွက်က တဖက်တလမ်းကလည်း ဝင်ငွေရတယ်။ ရွေးချယ်ရမယ်ဆိုရင်တော့  သရုပ်ဆောင်ကို  ရွေးချယ်ချင်ပါ တယ်”  လို့ လှယဉ်ကျေးက ပြောပါတယ်။

လတ်တလောမှာတော့ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီး ထုတ်လုပ်ရေးများ ၊ မာကက်တင်း  အေဂျင်စီများကို သူမပြုလုပ်ခဲ့ဖူးတဲ့ အနုပညာနဲ့ပတ်သက်သော အကြောင်းအရာများကို ပို့ထားကာ ကမ်းလှမ်ထားပေမယ့်လည်း ယခုအချိန်ထိ ဆက်သွယ်လာခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

“တခြား  ထုတ်လုပ်ရေးတွေ ဘာတွေနဲ့က ပြောထားတာလည်း မရှိပါဘူး။ ဆက်သွယ်ထားတာလည်း  မရှိပါဘူး။ ကိုယ်တိုင်ကလည်း ပါဝင်ခွင့်ရဖို့အတွက် ထုတ်လုပ်ရေးတော်တော်များများ အသစ်တွေရော  အဟောင်းတွေရောပါ ပါ တယ်။ နောက်ပြီး မာကက်တင်း အေဂျင်စီတွေကိုရော ကိုယ်လုပ်ထားတဲ့ ပရိုဖိုင်တွေ ပို့ထားတယ်။ အခုထိတော့ အဆက်အသွယ်မရသေးဘူး။ လိုအပ်ရင်ခေါ်မယ်လို့ ပြောထားပါတယ်။ တီဗီချန်နယ်တွေမှာလည်း ကြုံရင်မိတ်ဆက် တယ်။ ပါဝင်ခွင့်ရချင်တဲ့အတွက် လိုအပ်ရင်ခေါ်ပါလို့ပြောထားတယ်။ အခုထိတော့  အဆက်အသွယ်မရသေးပါဘူး။” လို့ လှယဉ်ကျေးက ပြောပါတယ်။

လှယဉ်ကျေးကတော့ သရုပ်ဆောင် ၊ ဇာတ်ညွှန်းရေးတဲ့အပြင် ၂၀၁၄ခုနစ်က မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်  များနဲ့ ပတ်သက်ပြီး အကောင်းဆုံးပြောပြနိုင်ခဲ့တဲ့အတွက် Miss Heritage International ဆုကိုလည်း ရရှိထားသူ တယောက် ဖြစ်ပါတယ်။

The post သရုပ်ဆောင်လုပ်ဖို့အတွက် အခက်အခဲတွေ အများကြီးရှိနေတဲ့ လှယဉ်ကျေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်