Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Catwoman”ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ရတာ နောင်တမရဘူးလို့ မင်းသမီး Halle Berry ရင်ဖွင့်

$
0
0

Catwoman ရုပ်ရှင်မှာပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်မခံဖို့ ပရိသတ်တွေက တောင်းဆိုခဲ့ပေမယ့် အဲဒီရုပ်ရှင်မှာ ပါဝင်ခဲ့ရတာကို နောင်တမရဘူးလို့ ဟောလိုဝုဒ်မင်းသမီး Halle Berry က ပြောဆိုလိုက်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ဖြန့်ချိပြသခဲ့တဲ့ အဲဒီစူပါဟီးရိုးရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး စီးပွားရေး အရလည်း မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် မင်းသမီး Halle ဟာ Razzie Award ဆုပေးပွဲမှာ အဆိုးရွားဆုံး မင်းသမီး ဆုကို ရရှိခဲ့တဲ့အထိ ဖြစ်စေခဲ့ပါတယ်။ အခုလိုမျိုး လူပြောစရာဖြစ်ခဲ့ပေမယ့် အသက် ၅၁ နှစ်အရွယ် မင်းသမီး Halle က Catwoman ရုပ်ရှင်ဟာ အလုံးစုံအကောင်းဘက်မြင်တဲ့ အတွေ့အကြုံတခု ဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

မင်းသမီးက “ကျမဘေးနားမှာရှိတဲ့လူတိုင်းက ကျမကို ဒီကားကို မရိုက်ပါနဲ့၊ ကျမရဲ့အဆုံးသတ်ဖြစ်သွားလိမ့်မယ်၊ ကျမရဲ့ အနုပညာ လုပ်ငန်းအဆုံးသတ်သွားလိမ့်မယ်လို့ ပြောခဲ့ကြတယ်၊ ဒါပေမယ့် ကျမလုပ်ခဲ့တာ ပြန်စဉ်းစား ကြည့်လိုက်စမ်းပါ၊ ကျမရဲ့ သိမြင်မှုနောက်ကို လိုက်ခဲ့တယ်၊ ‘Catwoman’ လို့ခေါ်တဲ့ ရုပ်ရှင်ကို ရိုက်ခဲ့တယ်၊ စိတ်ဆင်းရဲစရာ ဖြစ်ခဲ့ရတယ်” လို့ ဧပြီ ၂၃ ရက် နယူးယောက် Women in Communications အဖွဲ့ကပေးအပ်တဲ့ 2018 Matrix Award ဆုကို လက်ခံရ ယူစဉ်မှာ ပြန်ပြောင်းပြောကြားခဲ့ပါတယ်။ သူကဆက်ပြီး “လူတော်တော်များများအတွက် အဆင်မပြေ ဖြစ်ခဲ့ပေမယ့် ကျမ အတွက်ကတော့ ကျရှုံးမှုမဟုတ်ခဲ့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ တခြားတခါမှမဆုံခဲ့ဖူးတဲ့ စိတ်ဝင်စားဖွယ် လူတော်တော် များများ နဲ့လည်း တွေ့ခဲ့တယ်၊ သိုင်းပညာနှစ်မျိုးကိုလည်း လေ့လာခွင့်ရခဲ့တယ်၊ ဘာကို မလုပ်ရဘူးဆိုတာကိုလည်း လေ့လာခွင့် ရခဲ့ တယ်” လို့ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဘဝကိုပြောင်းလဲစေခဲ့တဲ့ ပိုက်ဆံ တော်တော်များများကို လည်း ရှာဖွေနိုင်ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက် ပါတယ်။ ၂၀၀၅ ခုနှစ်မှာ Halle ဟာ Razzie ဆုကို တက်ရောက်ယူခဲ့တဲ့ ဒုတိယမြောက် မင်းသမီး ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ ၂၀၀၂ ခုနှစ် အော်စကာဆုပေးပွဲမှာ “Monster’s Ball” ရုပ်ရှင်နဲ့ အကောင်းဆုံးမင်းသမီးဆုကို ရရှိထားချိန်လည်း ဖြစ်ပါတယ်။

နယူးယောက်မြို့မှာ ပြောဆိုရာမှာတော့ ဟောလိဝုဒ်မင်းသမီး Halle က သရုပ်ဆောင်ဖို့ လိုအပ်တဲ့ လိင်အသားပေး အခန်း တွေကြောင့် အော်စကာ ဆုရဇာတ်ရုပ်ကို လက်ခံဖို့ ကနဦးမှာ စိတ်ရှုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူက ကျမဟာ ငယ်ရွယ် တဲ့ အနုပညာရှင်တယောက်အနေနဲ့ အဲဒီဇာတ်ညွှန်းကို ဖတ်လိုက်ရတဲ့ အချိန်မှာ သေလုမတတ် ကြောက်သွားခဲ့ပါတယ်၊ ဒါပေမယ့် ဒါဟာ ကျမဘဝကို ပြောင်းလဲသွားနိုင်တဲ့၊ ကျမ ငယ်ရွယ်စဉ်အချိန်ကတည်းက ကြာရှည်မက်ခဲ့ရတဲ့ အိပ်မက်ကို ရောက်အောင်ကူညီပေးနိုင်မယ့် ဇာတ်ရုပ်ဆိုတာကို သိခဲ့ရပါတယ်” လို့ တက်ရောက်လာတဲ့ ပရိသတ်ကိုပြောဆိုခဲ့ပါတယ်။

aceshowbiz

The post “Catwoman” ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ရတာ နောင်တမရဘူးလို့ မင်းသမီး Halle Berry ရင်ဖွင့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343