Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အော်စကာဆု ၄ ဆုထိသိမ်းပိုက်နိုင်ခဲ့တဲ့ The King’s Speech (2010)

$
0
0

ဒီတခါမှာတော့ IMDB rating (8.0) ရရှိထားပြီး ဒါရိုက်တာ Toom Hoper ရိုက်ကူးထားတဲ့ Biography Drama အမျိုး အစား ဇာတ်ကားကောင်း “The King’s Speech” ဆိုတဲ့ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် ဂျော့ဘုရင်အဖြစ် မင်းသားကြီး Colin Firth ကပါဝင်သရုပ်ဆောင်ထားပြီး ဝါရင့်သရုပ်ဆောင်ကြီးတွေ ဖြစ်ကြ တဲ့ Geoffrey Rush နဲ့ Helenad Bonham Carter တို့ကလည်းပါဝင်အားဖြည့်ထားပါတယ်။

ဒီဇာတ်ကားဟာ အင်္ဂလန်ထီးနန်းကို လက်ရှိအချိန်မှာ ဆက်ခံထားတဲ့ ဘုရင်မကြီးအဲလစ်ဇဘက်ရဲ့ ဖခင် ရော့ခ်မြို့စား ဂျော့ဘုရင်ရဲ့ သမိုင်းဖြစ်ရပ်ကို တသွေမတိမ်းမဟုတ်ဘဲ ပြန်လည်ဆန်းသစ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်တည်းကနေ အနိုင်ကျင့်ခံ စိတ်ဒဏ်ရာတွေနဲ့ သူ့ ကိုယ်သူ ဘယ်တော့မှ ထီးနန်း ဆက်ခံရမယ်လို့ မစဉ်းစားထားတဲ့ ဂျော့ဘုရင်ဟာ လူအများစုမှာမှ ဖြစ်တောင့်ဖြစ်ခဲဖြစ်တဲ့ စကားထစ်တဲ့ ဝေဒနာကို ခံစားနေရသူပါ။ အခြေအနေအကြောင်းကြောင့်တွေကြောင့် အစ်ကိုဖြစ်သူဝေလမင်းသားက ထီးနန်းကိုစွန့်လွှတ်ခဲ့တဲ့အခါ ထီးနန်းကို ဆက်ခံရမယ့်သူဟာ ဂျော့ ဖြစ်လာပါတော့တယ်။

နိုင်ငံအတွက်အရေးကြီးမိန့်ခွန်းတွေဖတ်ကြားတဲ့အခါ သူ့ရဲ့စကားထစ်မှုကြောင့် ပြည်သူတွေရဲ့ အားကိုးယုံကြည်မှုကို ရသင့် သလောက်မရဖြစ်ခဲ့ရပါတယ်။ ဒီလိုမျိုးစကားထစ်တဲ့ဝေဒနာအတွက် စကားကုဆရာဝန်ပေါင်းများစွာနဲ့ ကုသ ခဲ့ပေမယ့် အရာမရောက်ခဲ့ပါဘူး။ ဒီလိုနဲ့ စကားထစ်တာတွေအတွက် ကုသတဲ့စကားကုဆရာဝန် Lionel Logue နဲ့ကုသ တဲ့အခါမှာတော့ သူ့ရဲ့စကားထစ်တဲ့ဝေဒနာဟာ အတန်အသင့်သက်သာရာရခဲ့ပါတယ်။ ဒါပေမယ့် ပြသနာက စကားကု ဆရာဝန်နဲ့ လေ့ကျင့်တဲ့အခါမှာ အဆင်ချောနေပေမယ့် တကယ့် တကယ်မိန့်ခွန်းပြောရမယ့်အခါမျိုးတွေမှာ ဂျော့ဟာ သူ့ကိုယ်သူ ယုံကြည်မှု ပျောက်ဆုံးနေပါတယ်။

စိတ်တိုဒေါသထွက်လွယ်ပြီး ငယ်ငယ်ကတည်းက အနိုင်ကျင့်ခံစိတ်ဒဏ်ရာတွေအပါအဝင် စကားထစ်တဲ့ ဝေဒနာကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်ဆုံးနေတဲ့ ဂျော့ တယောက် သူ့ရဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်မှာလားဆိုတာကိုတော့ ဒီဇာတ်ကားကိုပဲ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

ဒီဇာတ်ကားမှာ ဂျော့ဘုရင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Colin Firth ရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ တော်တော်လေးစားဖို့ကောင်းစရာပါ။ တကယ့်ဂျော့ဘုရင် မိန့်ခွန်းပြောတဲ့အခါဖြစ်တတ်တဲ့ ထစ်နေတဲ့ စကားလုံးတွေနဲ့ လေယူ လေသိမ်းတွေကို ပီပြင်အောင်ကို သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ဆောင်ဆုအပါအဝင် ဒါရိုက်တာဆု ၊ ဇာတ်ညွှန်းဆုနဲ့ ထုတ်လုပ်ရေးဆုတွေကိုပါ သိမ်းကြုံး ရယူ နိုင်သွားခဲ့တဲ့ ဇာတ်ကားကောင်းတကား ဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ရပါတယ်

The post အော်စကာဆု ၄ ဆုထိသိမ်းပိုက်နိုင်ခဲ့တဲ့ The King’s Speech (2010) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ